ပိဋကတ် အစွယ်ချိုး တေးထပ်     

(မုံရွာမြို့အနီး ဆားထုံးရွာနေ တပည့် မောင်ရောင်နီကို ဆုံးမသော တေးထပ်)     
တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့၊ ခက်ပါလှ သဘောဉာဏ်၊     
ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွား၊    
 စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့ လူစား။     
ဘုရားဟော မြတ်ဓမ္မခန်ကို၊ တတ်လေဟန် ယောင်ဝါး၊     
ပရမတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြ သူ့ထက်ငါ၊     
အသိဉာဏ် တစ်ထွာလောက်ကယ်နဲ့၊ ညှာမထောက် ဟောတတ်လှပါ။     
ပရိတ်သတ် ထောမနာအောင်၊ စောဒနာ ဉာဏ်အကောက်တွေနဲ့၊     
ကန်အကြောက် အတင်းမရှောင်၊ ငြင်းကြ လူ့ဘောင်၊    
 ပိဋကတ် အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။  
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ