အချစ်တွေကြီးနေရင်...
ချစ်မိတဲ့ ကိုယ်ကပဲခံစားရတယ်
အမုန်းတွေကြီးနေရင်....
မုန်းမိတဲ့ ကိုယ်ကပဲခံစားရတယ်
ချည်နှောင်မှုဆိုတာ ချစ်နေမှ မဟုတ်ပဲ
မုန်းနေရင်လည်းချည်နှောင်တော့တာပါပဲ
ချစ်လို့လည်းမစွဲနဲ့ မုန်းလို့လည်း မစွဲစေနဲ့ပေါ့
အစွဲကြီးလို့ သရဲကြီးဖြစ်သွားရင်
တကယ်တကယ်ကြီး မောင်းထုတ်ကြမှာပဲမဟုတ်လား
ချစ်လွန်းတော့လည်း ဘက်လိုက်တယ်
မုန်းပြန်တော့လည်း မမျှတမှုတွေ လုပ်တတ်တယ်
ချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ်
သတိနဲ့ချစ် သတိနဲ့မုန်းပေါ့
ခဏလေးတွေဆိုတော့
ချစ်တာလည်းအမြဲမဟုတ်သလို
မုန်းနေလည်း မကြာပါဘူး
တစ်နေ့နေ့မှာတော့ ချစ်ခြင်းမုန်းခြင်းတွေက
ထားခဲ့ရချန်ခဲ့ရမှာပဲလေ
---
ဝေလင်းထိုက်


----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ