ရော်ဝါ ရွက်တွေ
မြေမှာ ကြွေတော့
နွေ ဆိုတာ ကို သိခဲ့ရတယ်
မိုးစက် မိုးမှုန်
ကကြိုးစုံတော့
နွေကို ကျော်လို့
မိုး ဆိုတာကို သိခဲ့ရတယ်
နှင်းစက်မြူတွေ
စိုင်းပြန်လေတော့
မိုးကို နှုတ်ဆက်
ဆောင်း ဖြစ်ခဲ့တယ်
ရာသီတွေပြောင်း
နှစ်တွေဟောင်းလည်း
မပြောင်းတဲ့ အချစ်
မေတ္တာစစ်နဲ့
ချစ်ခဲ့ပါရစေ ချစ်သူရေ
✍️ စစ်မုန်း ✍️ နှလုံးသားကဗျာ
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment