ရဟန်းတို့ကို ပစ္စည်းလေးပါး ထောက်ပံ့ရာတွင် စီးပွားရေးလေးကောင်းရန် ရာထူးအာဏာတည်မြဲရန် စသည့်ရည်ရွယ်ရင်းသည်
ပဓာနမကျပေ ယောဂက္ခေမံ တည်းဟူသော အာသဝေါလေးပါး ကုန်ခန်းစေသော အကျင့်မြတ်တို့ကို ကျင့်ပါစေခြင်းအကျိုးငှာ
အထောက်အပံ့ပြုခြင်းသည်သာ ပဓာနကျပေသည်
တို့အတူ ရဟန်းတို့သည်လည်း မှီရာလေးပါးတည်းဟူသော ပစ္စည်းလေးပါးတို့ကို သုံးစွဲခြင်းသည် ကိလေသာတွေခေါင်းပါးသောအကျင့်မြတ်များအား
ကျင့်ကြံနိုင်စေရန် အထောက်အပံ့အဖြစ်သာမှီဝဲရ၏
ထိုကဲ့သို့ ဆရာနှင့် ဒကာ စစ်မှန်သောနည်းဖြင့် ဆက်ဆံကြခြင်း မှီခိုအားထားရာြဖစ်ကြခြင်းဖြင့် အနာဂတ်သာသနာတော် ဖြူစင်သန့်ရှင်းစွာတည်တံ့စေလိုပါသည်
အရှင်ဇနကာဘိဝံသ ၏ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ်မှာလည်း အနာဂတ်သာသနာတော်အတွက် ထိုကဲ့သို့ လမ်းညွှန်ခဲ့ပါသည်/
"သာဂါရာစ - အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြသော ဗိမ္မိသာရမင်း၊ အနာထပိဏ်သူဌေး၊ ဝိသာခါ အစရှိတဲ့ လူဝတ်ကြောင်တို့သည်လည်းကောင်း၊
အနာဂါရာစ - အိမ်ရာမထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊
အညောညနိဿိတာ - ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊ "
အကယ်၍များ ဝိသာခါတို့၊ အနာထပိဏ်တို့၊ ဗိမ္မိသာရမင်းတို့လို ခေါင်းဆောင်တွေ မရှိဘူး၊ နောက်လိုက်တွေလဲ မရှိဘူးဆိုရင် ဒီသာသနာတော်မြတ်ကြီးဟာ ကြာကြာ တည်နိုင်စရာ မရှိပါဘူး။
" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "
သာဂါရာစ - ဧည့်အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြကုန်သော လူဝတ်ကြောင် သူတော်ကောင်းတို့သည်လည်းကောင်း၊
အနာဂါရာစ - အိမ်ရာ မထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော ရဟန်း သူတော်ကောင်းတို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်မျိုးတို့သည်၊
အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊
ယောဂက္ခေမံ - ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိရောဂ၊ အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတို့၏ ပျောက်ပျက်ကုန်ဆုံးရာဖြစ်သော၊
အနုတ္တရံ - အတုမရှိ မြတ်သော၊
သဒ္ဓမ္မံ - သစ္စာလေးတန်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားကို၊
အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ၊ ပြီးစီးနိုင်ကြစေကုန်သတည်း။
***********
အရှင်ဇနကာဘိဝံသ ၏ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ - ၂၅၃-၂၅၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment