ကျေးဇူးအများကြီးတင်ပါတယ် သေခြင်းတရား
♠♠♠♠♠♠♠♠♠♠♠♠
 
သေခြင်းတရားဟာ သိပ်ကို

ကျေးဇူးတင်စရာကောင်းပါတယ်။

သေခြင်းတရားနဲ့ ဘောင်ခတ်ထားလို့သာ

လုပ်စရာရှိတဲ့ အလုပ်တွေကို

မသေခင်လေးပဲ လုပ်ရတာ ဆိုတဲ့ အတွေးနဲ့

အလုပ်တွေ ပိုလုပ်ဖြစ်သွားလို့ပါ။


နေခြင်းတရားရဲ့ အဆုံးသတ်ဟာ

သေခြင်းတရား ဆိုပေမယ့်

သေခြင်းတရားရဲ့ နောက်မှာ

နေခြင်းတရား အသစ်တစ်ခု အမြဲရှိနေတဲ့အတွက်

သေခြင်းတရားကို သတိရနေတဲ့သူဟာ

နေခြင်းတရားအသစ် လှပအောင် ပြုပြင်နိုင်သလို

နေခြင်းတရားအသစ် ထပ်မဖြစ်အောင်လည်း

အားထုတ်နိုင်ပါတယ်။

သေခြင်းတရားကြောင့်သာ နေခြင်းလှပဖို့ရော၊

သေခြင်းလွတ်မြောက်ဖို့ပါ ကြိုးစားအားထုတ်ဖြစ်နေကြတာမို့

လူ့စွမ်းရည်တွေကို အစွမ်းကုန်ထွက်ပေါ်စေတဲ့

သေခြင်းတရားကို ကျေးဇူးအများကြီးတင်ပါတယ်

သေခြင်းတရား လို့ ကျေးဇူးတင်စကား

ပြောကြားရတော့မှာပါပဲ

 ---------
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ