စိတ်ရဲ့ကျက်စားရာ အဖော်ကောင်း 

▬▬▬▬▬▬▬▬▬▬▬▬▬▬ 

ကြိမ်ဖန်များစွာ ဖွားလိုက် သေလိုက် လာခဲ့ရတာ ပင်ပန်းလှပါပြီ။ သူဌေးဘဝ သူကြွယ်ဘဝ အကြိမ်ကြိမ်ဖြစ်ခဲ့ပါပြီ ။ လယ်သမားဘဝ ကုန်သည်ဘ၀ ဖြစ်ခဲ့ပြီးပြီ။ ဆင်းရဲသားဘ၀မျိုးစုံလည်း ဖြစ်ခဲ့ပြီးပြီ။ သူတောင်းစားဘဝ ဖြစ်ခဲ့ပြီးပြီ။ အနူအရွဲ အကျိုးအကန်း ဘ၀မျိုးစုံ ဖြစ်ခဲ့ပြီးပြီ။ ဆင်းရဲမျိုးစုံ ကြုံခဲ့ရပြီးပြီ။ နောက်ဆုံး ငရဲ တိရစ ္ဆာန် ပြိတ္တာ အသူရကယ် ဘဝတွေလည်းပဲ မရေမတွက်နိုင်တော့ပါဘူး။ ပင်ပန်းလှပါပြီ။ ဖြစ်ရာဘ၀တိုင်းမှာ ပေါင်းကြ သင်းကြ ရှာကြ ဖွေကြနဲ့ နောက်ဆုံး အကုန်ထား ခဲ့ရတာပါပဲ။ ချမ်းသာလဲမျိုးစုံ စုံခဲ့ကြပါပြီ။ ဆင်းရဲလည်း မျိုးစုံခဲ့ပါပြီ။ ပင်ပန်းလှပါပြီ။ ဘဒ္ဒ၀တီ ညီနောင်သုံးဆယ်ကို သံဝေဂကထာ ဟောပုံကြတော့ ပို၍နက်နဲလှပါတယ်။ အင်မတန်ရှည်ကြာတဲ့ သံသရာလမ်း ကလည်းပဲ သင်္ချေပေါင်း အနန္တလို့ ဆို ထားတော့ ကမ္ဘာတွေက အများကြီးပါဘဲ။ ထိုထိုဘဝတွေမှာ အခုလို အစုန်အဆန် ကျင်လည်လို့ ဖွားလိုက် သေလိုက် ဖွားလိုက် သေလိုက် လာခဲ့ကြတာ သက်တမ်းတွေတွက်ပြပြီး ဘုရားရှင်က အမိန့်ရှိခဲ့ပါတယ်။ "ချစ်သားတို့ နှစ်သက်သလို ဖြေကြ"တဲ့။ အင်မတန်ရှည်ကြာတဲ့ သံသရာကြီးမှာ ဘဝတွေ မရေနိုင်အောင် ဖြစ်ခဲ့တော့ ... ထိုထိုဘဝတွေထဲမှာ နွားဘဝတစ်ခုတည်း နှလုံးသွင်းကြည့်ကြပါတဲ့။ နွားတောင်မှ အဖြူတစ်ခုတည်း စဉ်းစားကြည့်ပါဦး …တဲ့။ နွားအဖြူဘ၀နဲ့ သူများက သတ်လို့ သေခါနီးမှာကျတဲ့ သွေးတွေ ပေါင်းထားမယ်။ ထိုသွေးနဲ့ ဤကမ္ဘာမှာရှိတဲ့ သမုဒ္ဒရာရေနဲ့ ယှဉ်ကြည့်ရင် ဘယ်ဟာ များမယ်ထင်သလဲ လို့ ဘုရားက အမိန့်ရှိတော့ … "မှန်လှပါဘုရား သွေးက များပါလိမ့်မယ်" လို့ ဖြေကြရှာတယ်။ အဲဒီတော့မှ ဘုရားက "တော်လောက်ပါပြီကွယ်။ သံသရာဖြတ်ဖို့ သင့်ပါပြီ။ပင်ပန်းလှပါပြီ"လို့ မိန့်တော်မူပါတယ်။ သေခါနီးမှာကျတဲ့ မျက်ရည်တွေလည်း မနည်းတော့ပါဘူး။ ဒါကြောင့် အားလုံး ကိုယ့်ကိုယ်ကို ဆုံးမကြပါ။ အော် တော်လောက်ပြီ။ ပင်ပန်းလှပါပြီလို့ ဆင်ခြင်ကြပါ။ ဤကဲ့သို့သော ဆင်းရဲများ ကုန်ဖို့ကတော့ တဏှာအစပ်ပြတ်မှ အေးတော့မယ်လို့ ဆင်ခြင်ရမယ်။ ဆင်းရဲဖြစ်စေတဲ့ အနီးကပ်ဆုံး အကြောင်းက ဇာတိပါပဲ။ ဘယ်ဇာတိရရ အို နာ သေ ဆင်းရဲနဲ့ပဲ အဆုံးသတ်ရမှာ။ ဇာတိ မရရန်ကလည်း ကမ္မဘ၀ကို သတ်မှဖြစ်မယ်။ ကမ္မဘ၀ မလာအောင်ကလည်း ဥပါဒါန်ကို သတ်မှဖြစ်မယ်။ ဥပါဒါန်ကို သတ်ချင်ရင်လည်း . . တဏှာကိုသတ်မှ ဥပါဒါန်မလာမှာ။ အကြောင်းကိုပဲ သတ်ရမယ်။ အကြောင်းအရင်းကတော့ တဏှာအစပ် ဖြတ်ဖို့ပါပဲ။ တဏှာကလည်း ဘယ်လို ဖြတ်ရမလဲ ဆင်ခြင်တော့ … ဘုရားရှင် မိန့်တော်မူခဲ့တဲ့အတိုင်း အာရုံ ဒွါရ မွေးတဲ့ခန္ဓ္ဓ္ဓာ ဟိုးဘ၀က ပြုခဲ့တဲ့ ကံအရှိန်ကြောင့်ဖြစ်တဲ့ ဝိပါက အကျိုးဖြစ်တဲ့ ခန္ဓ္ဓ္ဓ္ဓာ။ နံပါတ် (၂) အကွက်နော် မမေ့ပါနဲ့ ။ အာရုံ ဒွာရတိုက်တော့ ငါးဒွာရမှာဖြင့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိ တွေတဲ့။ "သိ" ဆိုရင် စိတ် စေတသိတ် ရုပ်တွေ ပေါင်းစပ်လောင်ကျွမ်းလို့ ကာလမခြား မနောတံခါးပွင့်အောင် လောင်ပါတယ်။ မနောတံခါးမှာကြတော့ မျက်နှာကိုယ် အမူအရာ ပတ်၀န်းကျင်အမူအရာတွေ ပေါ်လာတယ်။ "သိ" ဆိုရင် ခန္ဓ္ဓ္ဓ္ဓာငါးပါး တစ်ပေါင်းတည်းဖြစ် တစ်ပေါင်းတည်းချုပ်ပါပဲ။ ပေါ်တဲ့အမူအရာကို ကာလမခြား နောက်စိတ် အစုက လက်ခံဆုံးဖြတ် လေ့ရှိတယ်လို့ အဘိဓမ္မာနည်းအားဖြင့် ဘုရားရှင်ဟောတော်မူခဲ့ပါတယ်။ စိတ်မှာယှဉ်ထားတဲ့ မောဟ အမှောင်ဓါတ် လွှမ်းမိုးနေရင်တော့ အတုံးအခဲ အထည်လို့ ထင်မှတ်ပြီး အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါး ဆက်တော့တာပါပဲ ။ ပတ်၀န်းကျင် ပေါ်လာပြီးတော့ကာ "ငါ"ပေါ်ရင် ပတ်၀န်းကျင် ပေါ်တာပါပဲ။ ငါ့သား ငါ့သမီး ငါ့ဆွေမျိုး အဲဒီ့အတွက် ဖြစ်ချင်တဲ့ပုံစံချပြီး ဒီပုံစံဖြစ်ရမယ်လို့ စွဲလန်းတဲ့ဥပါဒါန် စီမံကိန်းချရင် ဥပါဒါန်ဖြစ်ပါပြီ။ ဥပါဒါန်ဆိုရင်ဖြင့် စိတ်မှီတဲ့ ဟဒယ နှလုံးအိမ်မှ ဇောအရှိန်အဟုန် ထွက်ပါပြီ။ ဒီအရှိန်အဟုန်နဲ့ပဲ သဟဇာတ နိဿယ အညမညအားဖြင့် တစ်ကိုယ်လုံး ဓါတ်ရိပ် ဓါတ်ခိုးတွေ ပြောင်းတော့တာပါပဲ။ "ဘဝပြောင်းတယ် ခေါ်ပါတယ်" အရှိန်ပြင်းသလောက်ပူ ပူသလောက် အရှိန်ပြင်း ပြင်းသလောက် ညံဖျင်းပြီးတော့ကာ အရောင်မှိန် အနံ့ဆိုး ဖွဲ့စည်းပုံကြမ်းလျက် မသေခင်ကကို အပါယ်လေးဘုံသား ဇာတိ ယူနေပါပြီလို့ ဆင်ခြင်ကြပါ။ မေတ္တာနဲ့ယှဉ် ဆက်လိုက်ပြန်တော့လည်း အအေးဓါတ်အရှိန်နဲ့ အထက်ကို ဆန်မယ်။ အထက်ဆန်ပြီး သေရမဲ့ဇာတိ ယူပြန်တာပါပဲ။ ဤအဖြစ်ကို သေသေချာချာ စဉ်းစားဆင်ခြင်လျက်… တဏှာအစပ်ပြတ်မှ အေးတော့မှာ ပါလားလို့ နှလုံးသွင်းကြပါ။ ဤကဲ့သို့ ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း ဟာလည်း မရေနိုင်တော့ပါဘူး။ ပင်ပန်းလှပါပြီ။ ဘုရားရှင်မိန့်တော်မူတဲ့ အလုပ်ပေးတရား အတိုင်း ဆင်ခြင်ရမယ်။ ရှုမှတ်ရမယ်။ အဲသည်စိတ်ကို ယူပါ။ ရှူဆဲ ထုတ်ဆဲ ငြိမ်ဆဲ အမူအရာမှာ ဆံပင်ကိုဖယ်ထား လက်သည်း ခြေသည်းကို ဖယ်ပါ အရေပြားခြောက်တွေ ဖယ်ပါ။ အားလုံးမှာ ကာယပသာဒ အကြည်ဓါတ် အာရုံကြောအဖျားလေးတွေအဆုံးသတ် ထားပါတယ် ။ ဒါကို နောက်စိတ်အစုမှ ဘုရားပေးတဲ့ ပညာနဲ့ ရှုမှတ်တဲ့အခါ "နေတံမမ နေသောဟမသ္မိ နမေသော အတ္တာ" ရှူဆဲ ထုတ်ဆဲ ငြိမ်ဆဲမှာ အသစ်အသစ် တံလျှပ်ကဲ့သို့ အမူအရာသည် ငါဖြစ်နေပါ တယ် ။ ငါပါလို့ ၀န်ခံစကားပြောတဲ့ အသံပညတ် ပါမသွားပါဘူး။ အသက်လိပ်ပြာ အသက်ရှိတဲ့ အတုံးအခဲ မဟုတ်။ တံလျှပ်လိုတဲ့ အသစ်အသစ်လောင်ရင်း ကုန်နေတာပါ။ တရှိန်ရှိန်နဲ့ မီးတောက် ပမာလိုပါပဲ။ အချိန်နဲ့ယှဉ်ကြည့်တော့ကာ တောက်လျှောက် "၀ယဓမ္မာ သင်္ခ ါရာ" စကားအတိုင်း ချုပ်ငြိမ်းနေပါတယ် ။ အချိန်ကုန်ဘိသကဲ့သို့ ရှူဆဲ ထုတ်ဆဲ ငြိမ်ဆဲမှာ တောက်လျှောက် ထိရင်းပျောက် လောင်ရင်းကုန် ဖွားသေ သေနေပါတယ်။ အနာဂတ်လည်းမရှိ။ အနာဂတ်မှာလည်း ခန္ဓ္ဓ္ဓ္ဓာကြိုမပေါ်။အတိတ်ခန္ဓ္ဓ္ဓ္ဓာလည်း ဘယ်တော့မှ ပြန်မလာ။ ပေါ်ဆဲမှာလည်းပဲ လောင်ရင်း ကုန် ထိရင်းပျောက် ဘယ်တော့မှ ပြန်မလာ။ သေပျောက်ခြင်းနဲ့ ပျောက် နေတာကြောင့် ချုပ်ငြိမ်းနေပါတယ်။ တရိပ်ရိပ်နဲ့ပေါ်သမျှ တံလျှပ်ကဲ့သို့ ချုပ်ငြိမ်းခြင်းပဲ ရှိပါတယ်။ ဘုရားရှင်ရဲ့ကျေးဇူးကြောင့် ခန္ဓ္ဓ္ဓ္ဓာအဆုံး သံသရာအဆုံး ၀ဋ်က ထွက်မြောက်ခြင်း သိမြင်တဲ့ ဥာဏ်ရပါတယ်လို့လည်း ဆင်ခြင်ပြီးတော့ ဘုရားကို ကြည်ညိုကြပါ။ ဤအတိုင်းပဲ မသိခဲ့ကြလို့ ... သံသရာရှည်ခဲ့တာလည်းများပေါ့။ ပင်ပန်းလှပါပြီ။ အခုတော့ လွတ်ပြီ လို့လည်း ဆင်ခြင်ပြီးတော့ ပီတိဖြစ်ပါ။ အဖေါ်ကောင်းလည်း ရပြီလို့ ပီတိဖြစ်ကြပါ ။ "စိတ်ရဲ့ကျက်စားရာ အဖော်ကောင်း" တိတ်ဆိတ်နေပါတယ်။ စကားပြောတဲ့ အသံမပါပါ။ သက်၀င်လှုပ်ရှားတဲ့ အမူအရာ မရှိပါ။ တရိပ်ရိပ်နဲ့ လောင်ရင်းကုန် ထိရင်းပျောက် ချုပ်ငြိမ်းခြင်းပဲ ရှိပါတယ်။ ဆိတ်သုဉ်းတယ် ခေါ်ပါတယ်။ ကာလသုံးပါးလည်း မငြိတွယ်တာကြောင့် "ဝိမုတ္တိဓါတ်" လို့လည်း ခေါ်ပါတယ် ။ ခန္ဓ္ဓ္ဓ္ဓာပေါ်တိုင်း အရှုခံ အရှုဥာဏ် တည့်ရင်ဖြင့် လွတ်မြောက်ပါပြီ။ နောက်ဆုံး အပြီးသေလို့ ခေါ်ပါတယ်။ ဘဝတစ်ခုလုံးရဲ့ ဖွားသေ အဖော်ကောင်း ဖြစ်ပါတယ်။ ကာယ ဂတာ သတိသည်သာ အကောင်းဆုံးအဖေါ်မွန်။ ပဋာစာရီကို ဘုရားရှင် ဆုံးမတုန်းက ချစ်သမီး…ကိုယ့်ရဲ့ဖခင် မိခင်ကို အားကိုးထင်ကြ၊ အစ်ကို အစ်မ ဆွေမျိုးတွေကိုလည်း အားကိုးထင်ကြ။ ခင်ပွန်းသည် ဇနီးသည် သားသမီးတွေ ကိုလည်း အားကိုးထင်ကြ စီးပွားဥစ္စာကိုလည်း အားကိုးထင်ကြတယ်တဲ့ ။ ထိုအရာတွေဟာ အားကိုးအစစ်လည်း မဟုတ်ပါ။ အဖေါ်ကောင်းလည်း မဟုတ်ပါ။ ဒါကြောင့်မို့လို့ ပညာရှိများသည် တဏှာ မရှိရာ နိဗ္ဓ္ဓ္ဓ္ဓာန်လမ်းကို သုတ်သင်ရှင်းလင်း လို့ သွားကြပါတယ်။ ရှင်းရှင်းလင်းလင်း ရှင်းလင်းပြီးတော့ကာ လျှောက်ကြပါတယ်လို့ မိန့်တော်မူပါတယ်။ အဖော်ကောင်းပါပဲ ။ အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရား မရှိတဲ့နောက်မှာ အင်မတန်သောက ရောက်ခဲ့ရပါတယ်။ အားကိုးမဲ့ကာ အဖော်မရှိတော့ ပင်ပန်းခဲ့ပါတယ်။ နောက် တဏှာအစပ်ပြတ်တော့မှ ဘုရားမရှိတဲ့နောက် ကာယဂတာ သတိသည်သာ အကောင်းဆုံး အဖော်မွန်ပါပဲလို့ ဥဒါန်းကျူးခဲ့ရှာပါတယ် ။ မပြတ်မလပ် အရှုခံပေါ်တာကတော့ အိမ်သည် စိတ်ကိုယ်မှာ ပေါ်တာပါပဲ။ မနောအထိ ကာလမခြား ပေါ်တာကို အမူအရာတိုင်း အမူအရာတိုင်း အချိန်တိုင်းမှာ ဥာဏ်ထည့်ပြီးတော့ကာ အရှုခံ အရှု့ဥာဏ်တည့်လျက် အရှိကို အရှိ အတိုင်း ရှုမြင်တဲ့ဥာဏ်ကို အဖော်လို ပွားများ ခြင်းမှတစ်ပါး ကောင်းသောအဖော် မရှိပါ။ အကောင်းဆုံး အဖော်ပါပဲ။ အမြတ်လည်း အမြတ်ဆုံးပါပဲဝ ကံဟောင်းလည်းကုန် ကံသစ်လည်းမလာ လွတ်မြောက်ရာဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ စိတ်ဓါတ်ပါပဲ။ မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်ပင့်ထား သလိုပါပဲ။ ဘုရားဓါတ် ပင့်ထားတာပါပဲ။ တိုက်ရိုက် ဘုရားဖူးနေရတာပါ။ ရှုမှတ်ဆဲမှာပင် မဟာကုသိုလ်တွဲပါ နေတာကြောင့် စွမ်းအားတွေလည်း ပြည့်ပြည့်လာပါတယ်။ အသွေးအသားချဉ်ဆီမှာ အင်မတန် ကောင်းတဲ့ သတ္တိတွေ တိုး၍ တိုး၍ လာနေပါတယ် ။ ဖွဲ့စည်းပုံ နူးညံံံ့သည်ထက် နူးညံ့ အရောင်တောက်ပသည်ထက် တောက်လို့ တန်ခိုးကြီးသည်ထက် ကြီးလာပါတယ်။ ဘဝပြောင်းနေပါတယ်။ နောက်ဆုံး ဖွဲ့စည်းပုံ ပျောက်လောက်အောင်အထိ ပြောင်းလဲလျက် ခန္ဓ္ဓ္ဓ္ဓာဇာတ်သိမ်း အေးငြိမ်းပါလိမ့်မယ်။ အကောင်းဆုံးအဖေါ်ပါပဲ။ အော် အတွေးနယ်မှာ ပေါ်တဲ့ မနောတံခါးပေါ်တဲ့ မျက်နှာအမူအရာ ကိုယ်အမူအရာကို … အတုံး အခဲ အထည် ငါလို့ ထင်မိတာကြောင့် ငါ့အိုး၊ ငါ့အိမ်၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး ဆိုတဲ့ တောင့်တ ကြောင့်ကြမျိုးစုံနဲ့ သံသရာမှာ ကပြောင်းကပြန် ခြားရဟတ်လို ပင်ပန်းခဲ့တာ ကြာခဲ့ပေါ့။ အခုတော့ လွတ်ပြီလို့ ဆင်ခြင်ကြပါ။ ပီတိဖြစ်ကြပါ။ ဤကဲ့သို့ ကြိမ်ဖန်များစွာ ပွားများကြ ကုန်လျက် စိတ်မှီရာ အသွေးအသား ချဉ်ဆီတွေမှာရုပ်တွေမှာ အညမညအားဖြင့် ဥာဏ်ရင့်သန်ကာ နောက်ဆုံး တဏှာအစပ် အပြီးဖြတ် နိုင်သော ဥာဏ်အလင်းထိအောင် ပေါက်မြောက်၍ အရဟတ္တဖိုလ်ဖြင့် ခန္ဓ္ဓ္ဓ္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။ ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ သံဝေဂနှင့် အလုပ်ပေးတရားတော်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ #Via - Paral Lei

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ