သက္ကာယ

 (ဓမ္မဒိန္နထေရီမ၏ ဓမ္မအမေးအဖြေများ အပိုင်း - ၁)
 ❖ မေး (၁)။ ။ ဘာကို သက္ကာယခေါ်တာလဲ?
★ ဖြေ။ ။ သက္ကာယဆိုတာ တဏှာ ဒိဋ္ဌိတွေရဲ့ စွဲလမ်းရာ တဏှာအမြင်နဲ့ ချဉ်းကပ်တဲ ဒိဋ္ဌိအမြင်နဲ့ချဉ်းကပ်ပြီးတော့ စွဲလမ်းတဲ့ ခန္ဓာငါးပါးကို သက္ကာယ ခေါ်တာပါ။
 သက္ကာယဆိုတာ တခြားဟာကိုခေါ်တာ မဟုတ်ဘူး တဏှာရဲ့အာရုံ ဒိဋ္ဌိရဲ့အာရုံ စွဲလမ်းရာဖြစ်တဲ့
ခန္ဓာငါးပါးတဲ့၊ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညှပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝေညာဏှပါဒါနက္ခန္ဓာ လို့ခေါ်တယ်။ တဏှာရဲ့အာရုံ ဒိဋ္ဌိရဲ့အာရုံဖြစ်တဲ့ ခန္ဓာငါးပါး၊ အဲဒီခန္ဓာငါးပါးကို သက္ကာယလို့ခေါ်တယ်။
 ❖ မေး (၂)။ ။ သက္ကာသမုဒယ သက္ကာဖြစ်ကြောင်းတရားဆိုတာကော ဘာကိုပြောတုန်း။
 ★ ဖြေ။ ။ “ယာယံတဏှာ ပေါနောဗ႓ဝိကာ နန္ဒီရာဂသဟဂတာတတြတတြာဘိနန္ဒိနီ, သေယျထိဒံ -- ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ”။ ဘဝတစ်ခုကို ဖြစ်စေတတ်တယ်။ ဘဝတခုကို ထုတ်လုပ်ပြီးတော့ နှစ်သက်မူ စွဲလမ်းမူနဲ့ အတူတကွဖြစ်ပြီး ဘယ်အာရုံပဲဖြစ်ဖြစ် တွေ့ရာတွေ့ရာကို ကြိုက်နှစ်သက်တဲ့ တဏှာကိုပဲ သက္ကာယ သမုဒယ။
 သက္ကာယဆိုတဲ့ ခန္ဓာငါးပါးကို ထပ်တလဲလဲ ဖြစ်နေအောင်လုပ်တဲ့တရားဆိုတာ တခြားမဟုတ်ပါဘူးတဲ့ တဏှာကိုပြောတာပါ။ အဲ့ဒီ တဏှာဟာ ကာမတဏှာ ဘဝတဏှာ ၀ိဘဝတဏှာ လို့သုံးမျိုး ခွဲထားတယ်။ ကာမတဏှာ ဆိုတာ ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်ပြီးတော့ လိုချင်တပ်မက်တာ။ ဘဝတဏှာ ဆိုတာ အဲ့ဒီကာမဂုဏ်အာရုံတွေပေါ်မှာ မှားယွင်းတဲ့ အမြင်နဲ့ ထာဝရမြဲတဲ့အရာလို့ ထင်မှတ်ပြီးတော့တွယ်တာတာ ဘဝတဏှာ။ ၀ိဘဝတဏှာ ဆိုတာ အဲ့ဒီ ကာမဂုဏ်အာရုံတွေကိုပဲ တစ်ဘဝ တခါပဲ ပြီးရင်ပြတ်တာပဲလို့ ဆိုတဲ့အတွေး ဥစ္ဆေဒဒိဋ္ဌိအတွေးနဲ့ တွယ်တာတာ။
 တဏှာနဲ့ဒိဋ္ဌိဟာ အဓိကဖြစ်တာကိုး။ ဒါကြောင့်မို့လို့ အဲ့ဒီ တဏှာသုံးမျိုးကို သဿတဒိဋ္ဌိနှင့်ယှဉ်တွဲလာတဲ့ တဏှာက ဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲလာတဲ့ တဏှာက ၀ိဘဝတဏှာ။ ထာဝရဖြစ်ချင်နေတာ သံသရာဝဋ်ထဲမှာ ထာဝရ ဖြစ်ချင်နေတာ ဘဝတဏှာ။ ဘဝဆိုတာ ပြီး ပြီးတာပဲဆိုတာက ၀ိဘဝတဏှာ။ ပြတ်သွားတာကို သဘောကျတာ ၀ိဘဝတဏှာ။ အဲ့ဒီ တဏှာ(၃)မျိုးဟာ သက္ကာယဆိုတဲ့ ဥပါဒါနက္ခန္ဓာကိုဖြစ်စေတတ်တဲ့ တရားပါလို့ဖြေတယ်။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 
'ဓမ္မဒိန္နထေရီမ၏ဓမ္မအဖြေများ' တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
 Credit --- Shwe Thu
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ