လောကဓမ္မ ခေါ် လောကဓံတရားရှစ်ပါးအကြောင်းသိကောင်းစရာများ
******************
`` လောကဓမ္မ ခေါ် လောကဓံတရားရှစ်ပါးအကြောင်းသိကောင်းစရာများ ´´
လောကဓံတရား ဟူသည်မှာ လောကဓမ္မ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိပျက် စကားလုံး ၊(တနည်း)
ပါဠိစကားလုံးကို မြန်မာမှုပြု မွေးစားထားသော
ပါဠိသက်စကားလုံး (ပါဠိမှဆင်းသက်လာသော စကားလုံး) သာ ဖြစ်ပါသည်။
လောကဓမ္မ ကိုပင် လောကဓံဟု ခေါ်
ဆိုကြခြင်း ဖြစ်ပါသည်။ လောကဓံဟုလည်းကောင်း၊ လောကဓမ်ဟုလည်းကောင်း သတ်ပုံနှစ်မျိုးရှိရာတွင်
နှစ်မျိုးလုံး မှန်ကန်သည်သာတည်း။
အဘယ့်ကြောင့်ဆိုသော် လောကဓမ္မ မှ
မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍
ကျန်မတစ်လုံးကို အသတ်တင်ပြီး မြန်မာမှုပြုလျှင်
လောကဓမ် ဖြစ်၏။
ဥပမာ နိဗ္ဗာနမှ- နိဗ္ဗာန်၊
ကုသလမှ -ကုသိုလ် ဖြစ်ခြင်းမျိုးတည်း။
ထို့ကြောင့် လောကဓမ်လည်း မှန်သည်သာ။
လောကဓမ္မ မှ မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍
ကျန်မတစ်လုံးကို ပါဠိသဒ္ဒါနည်းအရ သေးသေးတင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် လောကဓံလည်း မှန်ကန် သင့်လျှော်သည်သာတည်း။
"လောကဓမ္မောတိ ခန္ဓာ ပဉ္စကံ၊ တံ ဟိ လုဇ္ဇန
သဘာ၀တ္တာ လောကဓမ္မောတိ ဝုစ္စတိ။"
အဓိပ္ပါယ်မှာ လောကထဲမှာ အမြဲတမ်းပြောင်းလဲ
ဖြစ်ပေါ်နေသောတရားဟု ဆိုလိုပါသည်။ တိုက်ရိုက်
တရားကိုယ် အရကောက်ယူသော် ခန္ဓာငါးပါးပင်တည်း။
လောကတွင်းရှိ သတ္တဝါအားလုံးပင် ခန္ဓာငါးပါးနှင့်
မကင်းနိုင်ကြပေ။ ထိုကြောင့် ခန္ဓာငါးပါးကို
ပဓါနဆိုလိုခြင်းဖြစ်ကြောင်း မှတ်ယူရပါမည်။
လောကတွင်းမှာ အမြဲတမ်း ပြောင်းလဲ ဖြစ်ပျက်နေသော တရားကို
လောကဓံတရားဟု ဆိုလိုပါသည်။ တနည်းအားဖြင့်
အမြဲတမ်း ပြောင်းလဲ ဖြစ်ပျက်နေသော ဓမ္မသည်
သဘာ၀တရားပင်တည်း။
ထို့ကြောင့် လောက သဘာ၀အရ ပြောင်းလဲ
ဖြစ်နေသောတရားကို လောကဓံတရားဟု ဆိုလိုကြောင်း သဘောပေါက်ရမည် ဖြစ်ပါသည်။ “ပြောင်းလဲ ဖြစ်နေခြင်း” ဟူသည်
“ကောင်း ဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည်စီလဲ အမြဲနေ၊လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။”
လောကဓံတရားကို ဖွင့်ဆိုပြသော မင်္ဂလာကဗျာနှင့်အညီ အကောင်းလောကဓံတရား(၄)ပါးနှင့်
အဆိုးလောကဓံတရား(၄)ပါးတို့ အတည်တကျမရှိဘဲ၊
အမြဲတမ်း ပြောင်းလဲကာ တစ်လှည့်စီ လဲလှယ်
ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့်
မာန်လည်ဆရာတော်ကြီးက မဃဒေ၀လင်္ကာ၌
“ခေါက်ရှာငှက်ပျံ၊ ခင်ပုတ်ပျံနှင့်၊ ဘုတ်ပျံ ရှူးပျံ၊ လောကဓံ။”ဟုစပ်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ခေါက်ရှာငှက်၊ ခင်ပုတ်ငှက်၊
ဘုတ်ငှက် နှင့် ရှူးပျံတို့သည် ကောင်းကင်သို့ ပျံသန်းသောအခါ တန်းတန်းမတ်မတ် ပျံသန်းလေ့ မရှိပေ။
နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည်ဖြင့်သာ ပျံသန်းလေ့ ရှိပါသည်။ လောကဓံတရားသည်လည်း ထိုငှက်တို့ ပျံသန်းသလိုပင် အမြဲအတည်တကျမရှိဘဲ ပြောင်းလဲနေခြင်းကို
သရုပ်ပေါ်အောင် ကဗျာစပ်ဆို မှတ်တမ်းတင်ခဲ့ခြင် ဖြစ်ပါသည်။
လောကဓံတရား ရှစ်ပါးဆိုသည်မှာ…
၁။ လာဘော၊ လာဘ်ပေါများခြင်း၊ ပစ္စည်း ဥစ္စာပေါများခြင်း၊ ရှာဖွေရ လွယ်ကူခြင်း။
၂။ အလာဘော၊ လာဘ်မရခြင်း၊ ပစ္စည်း ဥစ္စာ ရှားပါးခြင်း၊ ဆင်းရဲချို့တြဲ့ခြင်း၊ ရှာဖွေရ ခက်ခဲခြင်း။
၃။ ယသော၊ အခြံအရံ အခြွေအရံများခြင်း၊
မျက်နှာပွင့်၍ လူတိုင်းက ချစ်ခင်ကာ ခေါ်ချင် ပြောချင်နှုတ်ဆက်ချင်ကြခြင်း၊ ဝိုင်း၀န်းကူညီသူ ပေါများခြင်း။
၄။ အယသော၊ အခြံအရံ အခြွေအရံနည်းခြင်း၊
အထီးကျန်ခြင်း၊ မျက်နှာမွဲ၍ ခေါ်မည့် ပြောမည့်
နှုတ်ဆက်မည့်သူ မရှိခြင်း။
၅။ နိန္ဒာ၊ နှိမ့်ချ ခံရခြင်း၊ကဲ့ရဲ့ခံရခြင်း၊ ရှုတ်ချ ခံရခြင်း၊ လူမုန်းများခြင်း၊ မကောင်းသတင်း ကျော်ကြားခြင်း၊ လူအများစုက ထိုသူ၏ မကောင်းသတင်းကိုမြိန်ရေရှက်ရေ ပြောဆိုနေကြခြင်း။
၆။ ပသံသာ၊ ချီးမွမ်းခံရခြင်း၊ ချီးကြူးခံရခြင်း၊ ကောင်းသတင်း ကျော်စောခြင်း၊ တစ်ဦးချင်းကလည်းကောင်း၊
လူအများစုကလည်းကောင်း ချီးကြူးခြင်း။
၇။ သုခံ၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံခြင်း၊ အနာရောဂါကင်း၍ ကျန်းမာခြင်း၊ ပစ္စည်း ဥစ္စာ ရာထူးဂုဏ်သိရ်
ပြည့်စုံစွာဖြင့် စည်းစိမ် ခံစားရခြင်း။
တို့ဖြစ်ပါတယ်။
"ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ
အသောကံ ဝိရဇံ ခေမံ ဧတ်မရင်္ဂလမုတ္တမံ။"
လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံနိုင်သော
သူသည် စိုးရိမ်ပူဆွေးမှု မရှိ။ သောက မဖြစ်ပေ။
ထို့ကြောင့် လောကဓံ ခံနိုင်ခြင်းကို မင်္ဂလာ အဖြစ်
ဗုဒ္ဓဘုရားရှင်က မင်္ဂလသုတ်တွင် ထုတ်ဖေါ်
ဟောကြားထားတော်မူခြင်း ဖြစ်ပါသည်။
ဤလောကဓံတရား (ဂ)ပါးအနက်
" လာဘော၊ ယသော၊ ပသံသံ၊ သုခံ "ဟူသော
"အကောင်းလောကဓံ" များနှင့် တွေ့ကြုံရသောအခါ
ကောကသား လူတိုင်းသည် ၀မ်းမြောက် ရွှင်မြူး
ပျော်ရွှင်ကြသည်။ ထိုသို့ အကောင်းချည်း ဖြစ်နေ၍ အချို့မှာ မာနတံခွန်ထူကာ လူတစ်ဖက်သားကို မတူမတန်ဟု ယူဆလာကြ၏။
မျက်စိမှေး၍ ခေါင်းထောင်ကာ
ရင်ကော့ချင်ကြ၏။ ကောင်းကင်လေမိ၍ ဘ၀င်မြင့်ကြ၏။ ငယ်သူငယ်ချင်းများ၊ မိတ်ဆွေရင်းချာများ၊ မိဘ ညီအစ်ကို
မောင်နှစ်မ သားချင်းများကိုပင် မခေါ်ချင်၊ မပြောချင်
ဖြစ်လာကြသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို
အကောင်းလောကဓံကြုံ၍ တုန်လှုပ်သည်ဟု ဆိုပါသည်။
"အလာဘော၊ အယသော၊ နိန္ဒံ၊ ဒုက္ခံ" ဟူသော
မကောင်းသော လောကဓံ (၄)ပါးတို့နှင့် တွေ့ကြုံကြရသည့်အခါ စိတ်ပျက်ရ၊ ၀မ်းနည်းရ၊ စိတ်အားငယ်ရ၊ ငိုပွဲဆင်ကြရသည်။ ပရိဿတ်အလယ်၌ မျက်နှာရှုံ့တွ ခေါင်းငိုက်စိုက်ချလျက်၊
လူတောထဲ ၀င်ရမည်ကို လန့်နေသည်။
သိမ်ငယ်စိတ်က လွှမ်းမိုးနေ၍ မိတ်ဆွေရင်းကိုပင် နှုတ်မဆတ်ရဲပေ။
“ငါ့ကို ပြန်နှုတ်ဆတ်ပါ့မလား” ဟု မယုံမရဲ ဖြစ်တတ်သည်။
ရွှေမပါ စိန်မပါလျှင် ပရိဿတ်ထဲ မ၀င်ရဲ။ ထောင်ကျော်တန်အ၀တ် မ၀တ်ရလျှင် ပွဲမတိုးဝံ့သဖြင့် အိမ်တွင်းပုန်း
လုပ်နေတတ်သည်။
ဤကဲ့သို့ ဖြစ်ခြင်းကလည်း
အဆိုးလောကဓံကြုံ၍ တုန်လှုပ်သည်ဟု ဆိုပါသည်။
ဘုရား ရဟန္တာများမှာမူ အကောင်းလောကဓံ (၄)ပါးကြောင့်လည်း ၀မ်းမြောက် ရွှင်လန်း တတ်ကြွ တုန်လှုပ်မှုမရှိ။ အဆိုးလောကဓံ (၄)ပါးကြောင့်လည်း စိတ်ပျက် အားငယ် ၀မ်းနည်း
တုန်လှုပ်မှုမရှိကြပေ။
မြတ်စွာဘုရားနှင့် လောကဓံ
မြတ်စွာဘုရားသည် နောက်လိုက်နောက်ပါ
ရဟန္တာ (၅၀၀)နှင့်အတူ ကောသမ္ဗီ နေပြည်တော်အတွင်း ဆွမ်းခံကြွကာ လှည့်လည်သောအခါ မာဂဏ္ဍီမိဖုရားကြီး၏
စေခိုင်းမှုကြောင့် ကောသမ္ဗီပြည်သားတို့သည် ဘုရားနှင့်ရဟန္တာများကို ဆွမ်းမလောင်းကြရုံသာမက
သတ်မည၊် ဖြတ်မည၊် ရိုက်နှက်မည် ကြိမ်းမောင်း
ခြိမ်းခြောက်၍ ခဲများ၊ တုတ်များဖြင့်ပစ်ခတ်ကြသည်။
အမျိုးနှင့်ချီ၍ ဆဲရေးကြသည်။ လူအုပ်ကြီးများဖွဲ့၍
ဘုရားနှင့် ရဟန္တာများ ဆွမ်းခံကြွတော်မူရာ နေရာတိုင်းနောက်မှလိုက်ပြီး၊ ဆဲဆိုကြ၊ ကဲ့ရဲ့ရှုတ်ချကြသည်။
လူအုပ်ကြီးဖြင့် ဘေးနှစ်ဘက်မှညှပ် ပိတ်ဆို့ပြီးလည်း ဆဲဆိုကြ၊ ပြစ်တင်ကြိမ်းမောင်းကြသည်။ သူတို့၏
ယုတ်ညံ့သော အင်္ဂါဇာတ်တို့ဖြင့်လည်း တိုင်းထွာ
ဆဲရေးကြသည်။
ဘုရားရှင်၏ နောက်မှပါလာသော ရဟန်းတော်များထဲတွင်
အများစုမှာ "ရဟန္တာများ" ဖြစ်ကြ၍ မတုန်လှုပ်ကြသော်လည်း အရှင်အာနန္ဒာမှာမူ သောတာပန် (သေက္ခ) ပုဂ္ဂိုလ်မျှသာ ဖြစ်၍ ရှက်ကြောက်ပြီး၊ စိတ်ပျက်လက်ပျက်ဖြင့် စိတ်မထိန်းနိုင် တုန်လှုပ်ကြရသည်။
မြို့ပြင်ရောက်လျှင်ရောက်ချင်း
မအောင့်နိုင်တော့ဘဲ၊ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား “အရှင်ဘုရား တပည့်တော်တို့အားလုံး ဤကောသမ္ဗီပြည်မှ ထွက်သွားကြပါစို့ဘုရား။ ဤမျှယုတ်မာ ကြမ်းတမ်းစွာ ဆဲဆိုပုတ်ခတ်နေသော တိုင်းပြည်မှာ မနေလျှင် ပို၍ကောင်းပါသည်ဘုရား။” ဟု လျှောက်ထားလေတော့သည်။
“အာနန္ဒာ ဒါဆို ဘယ်တိုင်းပြည်ကို သွားကြမလဲ” ဟုမြတ်စွာဘုရားက ပြန်လည် မေးမြန်းသောအခါ
“ရာဇဂြိုဟ်မြို့သို့ သွားကြပါမည်ဘုရား။” ဟု လျှောက်ထား၏။
“အကယ်၍ ရာဇဂြိုဟ်မြို့သူမြို့သားတွေကလည်း
အလားတူ ဆဲရေးပုတ်ခတ်ကြလျှင် အဘယ်အရပ်သို့ သွားမည်နည်း။” ဟုမေးပြန်ရာ
“ဗာရာဏသီမြို့သို့သွားပါမည်။”
ဟု လျှောက်ထားလေသည်။ ဗာရာဏသီက ဆဲဆိုလျှင်ဝေသာလီပြည်ကို၊ ဝေသာလီက ဆဲဆိုလျှင် သာ၀တ္ထိကို၊ သာ၀တ္ထိက ဆဲဆိုလျှင် ကပိလ၀တ်ကို သွားပါမည် စသည်ဖြင့် အရှင်အာနန္ဒာသည် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး လှည့်ပြေးဖို့ လျှောက်ထားလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သား အာနန္ဒာ၊
ပြဿနာတစ်ခု ဖြစ်ပေါ်လာလျှင် ဤသို့လှည့်ပတ်
ရှောင်ပြေးနေရုံဖြင့် ပြေလည်သွားမည်မဟုတ်။
ရှောင်ပြေးခြင်းသည်လည်း ပြဿနာ ပြေလည်အောင်
ဖြေရှင်းနည်း မဟုတ်ချေ။
ငါဘုရားသည် ခေါင်းဆောင်ပီသစွာ
ရှေ့မှနေ၍ မားမားရပ်ကာ ကြံ့ကြံ့ခံကာ ရင်ဆိုင်ဖြေရှင်းမည်။ စစ်မြေပြင်၌ ဆင်ပြောင်ကြီးသည် ဓါး၊ လှံ၊ လေး၊ မြား စသော လက်နက်ပေါင်းစုံ ထိုးနှက်မှုဒဏ်ကို မတွန့်မဆုတ်
ကြံ့ကြံ့ခံသကဲ့သို့ ကောသမ္ဗီပြည်သားများ၏
ဆဲရေး ရှုတ်ချ ကဲ့ရဲ့မှု ခြိမ်းခြောက်မှုတို့ကို ရှေ့တန်းမှနေလျက် သည်းခံတော်မူမည်။”
ဟု မိန့်တော်မူ၍ နေ့စဉ် အချိန်မှန်မှန် ဣနြေ္ဒမပျက်
ဆွမ်းခံကြွတော်မူသည်။
ဆဲရေးခြိမ်းခြောက်သူများသည် မြို့အ၀င်မှသည်
မြို့အထွက်အထိ လိုက်လံနှောက်ယှက် ဆဲရေး
ခြိမ်းခြောက်ကြရာ ကာလကြာသော် ၄င်းတို့၏
စကားလုံးများမှာ အပ်ကြောင်းထပ်ကာ ရိုးလာသည်။
ဆဲရေးသူရော၊ ကြားရသူများအဖို့ပါ မထူးဆန်းသလို
ဖြစ်လာသည်။ အသစ်အဆန်းထွင်ကာ ဆဲရေးခြိမ်းခြောက်ဖို့ စကားလုံးများလည်း ကုန်သလောက် ဖြစ်လာ၍
ဆဲသူများကိုယ်တိုင်လည်း စိတ်သိပ်မပါတော့ချေ။
ဘုရားနှင့် ရဟန်းတော်များကလည်း သူတို့၏ ဆြရေးခြိမ်းခြောက်မှုကို တုန်လှုပ်ပုံ မရသောကြောင့် ဆဲရေးသူများလည်း စိတ်ကုန်လာကာ အားလျှော့လာတော့သည်။
တစ်စုံတစ်ရာမျှ ပြန်မပြောဘဲ နေ့စဉ် ဆွမ်းခံကြွနေသော ဘုရားရှင်နှင့် ရဟန်းတော်များကို ဘေးမှကြည့်နေသော ပရိဿတ်က စိတ်ညွှတ်လာသည်။ ကြာလာလျှင် ဘေးမှ
ပွဲကြည့်ပရိဿတ်က အခြောက်တိုက် အကြောင်းမဲ့
ဆဲရေးနေသူများကို ဝိုင်းရိုက်တော့မည်
အခြေအနေမျိုးဖြစ်လာတော့သည်။
နောက်ဆုံး (၇)ရက်လွန်မြောက် (ဂ)ရက်မြောက်နေ့ ရောက်လာသောအခါ ဘုရားရှင်ကို ကြည်ညို ကိုးကွယ်သူ ပရိဿတ်ကြီးက ၀န်းရံနေသဖြင့် ဆဲရေး ခြိမ်းချောက်သူများ ခေါင်းမပြူရဲတော့ချေ။
ဘုရားရှင်နှင့် ရဟန်းတော်များကို အကြည်ညိုကင်းမဲ့အောင်၊ ဆွမ်းလောင်းမည့်သူ မရှိအောင်၊ လာဘ်လာဘ ဆုတ်ယုတ်အောင်၊ အရှက်ရအောင် ပြုလုပ်ပင်ပြုလုပ်ငြားလည်း အရာမထင်ခဲ့ပေ။ ဘုရားရှင်နှင့် ရဟန်းတော်
များသည် လောကဓံတရား၏ ဒဏ်ကို မတုန်လှုပ်ဘဲ
ကျော်လွှားနိုင်ခဲ့ကြသည်။
ဤကား အဆိုးလောကဓံတရားကို မြတ်စွာဘုရားရှင်နှင့် ရဟန်းတော်များ ကြံ့ကြံ့ခံခဲ့ပုံ သာဓက ဖြစ်ပါသည်။
ဤဇာတ်တော်လာ သာဓကကို အကြောင်းပြုပြီး၊
“ချီးမွမ်း(ရ)ရက် ကဲ့ရဲ့(၇)ရက်” ဟု လောကလူသားတို့ မှတ်သားစရာ စကားပုံအဖြစ်မှတ်တမ်းတင်ခဲ့ကြခြင်း
ဖြစ်ပါသည်။
“နတ္ထိလောကေ အနိန္ဒိတော”
အကဲ့အရဲ့လွတ်သောသူမည်သည် လောကမှာမရှိ။ ဘုရားရင်ကိုယ်တောင်တိုင်မှ အကဲ့ရဲ့မလွတ်၊
လောကဓံမှ မလွတ်နိုင်သေးလျှင် သာမာန်
ပုဂ္ဂိုလ်များဖြစ်ကြသော မိမိတို့ လောက လူသားများ
အတွက်မူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။
လောကလူသား ပုထုဇဉ်မျှသာ ဖြစ်ကြသော မိမိတို့မှာလည်း ဘုရား ရဟန္တာ အရှင်မြတိတို့၏ ကျင့်ထုံးကို အတုယူ၍
ကောင်းဆိုးနှစ်တန် လောကဓံနှင့် ကြုံတွေ့ကြရသည့်အခါ မမေ့မလျှော့ မပေါ့ဆသော သတိ၊ ပညာ တရားဖြင့် ဆင်ခြင်လျက် လောကဓံလှိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ရပါသည်။ ။
[ကျမ်းကိုး။ ။ သာမာ၀တီ၀တ္ထု၊ အံ၊ ၁၊ ပါ၊ ၂၇။ ဋ္ဌ၊ ၃၂၀။
ခန္ဓ၊သံ၊ပါ၊၁၁၃၊ ဋ္ဌ၊၂၉၃။ ဓမ္မ၊ ဋ္ဌ၊ ပ၊ ၁၀၃။
၀ိသုဒ္ဓိ၊ ဒု၊ ၉။ မဃဒေ၀၊ ၂၃၆။ ပုတ္တောဝါဒ၊ ၆၇။ ]
-အရှင်ဥက္ကံသ မဟာဓမ္မာစရိယ M.A.(Buddhism)
dhammaransi မှ
တဆင့်ဓမ္မဒါနကူးယူပြီး တင်ပြအပ်ပါသည်။
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment