Virus တွေ ရှိနိုင်တဲ့နေရာကို ရှာဖွေနည်း
ကွန်ပျူတာအသုံးပြုသူတိုင်း Virus အကိုက်မခံရဖူးသူရယ်လို့
မရှိပါဘူး။ ကြောက်စရာလည်းမလိုပါဘူး။ ဒါကြောင့် အချို့ကတော့
Anti-Virus တွေကိုအသုံးပြုကြပါတယ်။ဒါကလည်းသူတို့ခံယူချက်
ပေ့ါဗျာ.. Anti-Virus ဆိုတာဗိုင်းရပ်တွေကိုသတ်ပေးဖို့လို့ပဲသတ်မှတ်
ထားကြလို့ပါ။ တစ်ကယ်တမ်းမှာက Anti-Virus တိုင်းက Virus တိုင်း
အတွင်းပိုင်း System ဖိုင်တွေကိုပါ မှားယွင်းစွာဖြင့် Virus ပါဆိုပီးဖျက်
ပလိုက်တဲ့အဆင်ထိတွေဖြစ်ပီး Window Operation System ကြီးတစ်
ခုလုံးကမောက်ကမ ဖြစ်သွားတဲ့အဆင့်ထိဖြစ်တတ်ပါတယ်။ နောက်တစ်
ခု ကျွန်တော်တို့ မြန်မာတွေက Software တွေဆိုရင် License Version
ကို ဝယ်သုံးတဲ့လူရယ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ချိုးရေလို့
ရပါတယ်။ ဒါကြောင့် အများစုက Crack File, Keygen File တွေနဲ့ပဲ
အသုံးပြုကြပါတယ်။ ဒီလို Crack File တွေ Keygen File တွေကိုလည်း
Anti-Virus က Virus ပါဆိုပီးဖျက်လိုဖျက်နဲ့ အိုရှုပ်နေတာပဲ……အရှင်း
ဆုံးကတော့ ကျွန်တော် ဘယ် Anti-Virus ကိုမှ အထင်မကြီးလို့ ဘာ
Anti-Virus ကိုမှ မသုံးဘူး ဝင်လာမလား ကြိုက်တဲ့အကောင်လာ
Manual ပဲသတ်ပလိုက်တယ်….အခုတစ်လောနာမည်ရနေတဲ့
Anti-Virus တစ်ခုဖြစ်တဲ့ Microsoft Security Essential ဆိုလည်း
ဒီအတိုင်းပဲ Virus File အချို့ကို Pass လုပ်လိုက်တာမျိုးတွေ့ရတယ်။
ဒီတော့ Manual သတ်တဲ့နည်းတွေထဲကမှာအရင်ဆုံးသင့် Computer
ကို Virus တိုက်ရိုက်မဝင်နိုင်အောင်တော့ အရင်ကာကွယ်ရပါမယ်။
မည်သည့် ဗိုင်းရပ်စ်မဆိုသူတစ်ဦးတစ်ယောက်တည်းနဲ့ အလုပ်မလုပ်ပါ။
သူ့အတွက် အလုပ်လုပ်အောင်ခိုင်းစေပေးသော autorun.inf ဆိုတဲ့ ဖိုင်
လေးနဲ့ တွဲပီးလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို Window Operation
System မှာ Auto Run ဖြစ်မယ့် Services ကိုတော့ပိတ်ထားဖို့လိုပါမယ်။
ဒီတော့ အရင်ဆုံး Run Box ထဲကနေ ‘gpedit.msc’ လို့ရိုက်ပါ။ ပီးသွားရင်တော့
အထက်ပါအတိုင်းComputer Configuration အောက်က Window Component ထဲကိုဝင်
ပီးညာဘက်ခြမ်းမှာရှိတဲ့ AutoPlay Policies ကို ဝင်လိုက်ပါ။ ပီးရင်တော့
အထက်ပါပုံအတိုင်းမှာ Turn off Autoplayကို နှစ်ချက်နှပ်ပီးထပ်ပေါ်လာမည့်
Box ထဲမှာ Enabled ကိုရွေး၊ All Drives ကိုရွေးပီး Apply/ OK လုပ်လိုက်ပါ။
ထို့နောက် User Configuration အောက်မှာလည်းအလားတူပဲလုပ်ဆောင်
လို်ကပါ။ ပီးသွားရင်တော့ Run Box ထဲမှာ ‘gpupdate /force’ ဆိုပီးရိုက်လိုက်
ပါ။ ဒဆိုရင်တော့ Auto Play Services ကိုပိတ်ထားပီးပီဖြစ်ပါတယ်။ဒီတော့
ဗိုင်းရပ်တွေခိုအောင်းနိုင်တဲ့နေရာတွေကိုပြောပါမယ်။
၁- C: (ဗိုင်းရပ်စ်အမျိုးအစားအားရှာရန်)
၂- C:\Windows (ဗိုင်းရပ်စ်အမျိုးအစားအားရှာရန်)
၃- C:\Windows\System32 (ဗိုင်းရပ်စ်အမျိုးအစားအားရှာရန်)
၄- C:\MSOCache\All Users
ထဲကဟာတွေကိုအကုန်ဖျက်လိုက်ပါ။
၅- C:\User\OWNER\AppData\Local\Temp
အကုန်လုံးကိုဖျက်ပစ်ပါ။ ဒါတွေက %temp% ဖိုင်တွေပါ။
၆- C\Recycle Bin
၄င်းဖိုင်ကိုလည်းဖျက်ပစ်ပါ။အထက်ဖော်ပြပါ နေရာတွေကတော့
ဗိုင်းရပ်စ် အလွယ်ခိုအောင်းနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ ဒီလောက်
ဆိုရင် Virus Manual Killing အတွက် အစပိုင်းရလောက်မယ်လို့
ထင်ပါတယ်။ နောက်ပိုင်းအလျင်းသင့်လျှင်သင့်သလိုမည်သည့် ဗိုင်းရပ်စ်
အမျိုးအစားကိုမဆိုဘာ Anti-Virus မှာမသုံးပဲ Manual သတ်တဲ့နည်း
တွေကိုဆက်လက်ဖော်ပြပေးခွင့်ပြုပါဦးခင်ဗျာ… အားလုံးအဆင်ပြေပါစေ
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment