မဟာသုတသောမဇာတ်
(ပေါရိသာဒ)
====-====
ရှေးအခါက ဗာရာဏသီမင်းသည် အမဲဟင်းမပါဘဲ ပွဲတော်မတည်ပေ။ တနေ့သော် ချက်ပြုတ်ရန် ပြင်ဆင်ထားသော အမဲသားကို ခွေးစားသွား၏။ ဥပုသ်နေ့ ဖြစ်သောကြောင့် နောက်ထပ် အမဲသား မရနိုင်တော့ပေ။ ထို့ကြောင့် စားဖိုသည်သည် သုသာန်မှ လူသားကိုယူ၍ ကောင်းမွန်စွာ ချက်ပြုတ်ကာ မင်းအား ဆက်သ၏။
ဘီလူးဖြစ်ခဲ့ဖူးသော မင်းကြီးသည် ထိုအခါမှစ၍ လူသားကို စွဲမက်သွား၏။ ထို့ကြောင့် စုံစမ်းမေးမြန်း၍ အဖြစ်မှန်ကို သိရသောအခါ လူသားကိုသာ ဆက်သရန် စားတော်ကဲအား တိတ်တဆိတ် အမိန့်ပေး၏။ စားတော်ကဲသည် နှောင်အိမ်မှ အပြစ်သားတို့ကို မင်းမိန့်ဖြင့် သတ်၍ အသားကို မင်းအတွက် ချက်ပြုတ်၏။ နှောင်အိမ်မှ လူကုန်သော် အသပြာထုပ်ကို လမ်းခရီးမှာ ချထား၍ ကောက်ယူသူကို စောင့်ဖမ်းကာ ခိုးသူဟု စွပ်စွဲ၍ သတ်၏။ အသပြာထုပ်ကို လမ်းခရီးမှာ တွေ့ရသော်လည်း မျက်ကွယ်ပြု၍  ရှောင်သွားကြသောအခါ ညသန်းခေါင်၌ လမ်းခရီးမှ စောင့်၍ အခါမဲ့ ထွက်လာသူတို့ကို ခိုးသူဟု စွပ်စွဲကာ ဖမ်းသတ်၏။
ထိုအခါ လူသတ်သမားကို ဖမ်းဆီး ဖော်ထုတ်ပါရန် ပြည်သူတို့က မင်းကြီးထံ တိုင်ကြားကြ၏။ မင်းကြီးက တာဝန်မယူသောကြောင့် စစ်သူကြီးကို လျှောက်ထားကြ၏။ စစ်သူကြီး၏ အစီအစဉ်ဖြင့် သူသတ်ကောင် စားဖိုသည်ကို ဖမ်းမိကြ၏။ စားဖိုသည်ကို စစ်မေး၍ မင်းကြီး၏ လူသားစားသော အဖြစ်ကို သိရလေ၏။
ထိုအခါ စစ်သူကြီးက မင်းကြီးကို လူသားမစားပါရန် အကြောင်း ဝတ္ထုနှင့်တကွ တားမြစ် လျှောက်ထား၏။
ရှေးအခါက မဟာသမုဒ္ဒရာ၌ ငါးတို့သည် အာနန္ဒာငါးကြီးကို မင်းအဖြစ် တင်မြှောက်၍ ငါးမင်းထံ ဝင်ထွက်ခစားကြ၏။ ထိုစဉ် ငါးမင်းသည် ငါးငယ်တစ်ကောင်ကို ရေညှိဟူသော အမှတ်ဖြင့် ဖမ်းယူစားမိ၏။ ငါး၏ အရသာကြောင့် ငါးမင်း၏ ခန္ခာကိုယ်သည် တုန်လှုပ်ချောက်ချား သွား၏။ ငါးမင်းသည် အရသာထူးသော အစာကို အန်ထုတ် ကြည့်သောအခါ ငါးအသားတစ်ကို တွေ့ရ၏။ ထိုအခါမှစ၍ ငါးမင်းသည် ဇာတ်တူသားကို တပ်မက်သွား၏။ ထို့ကြောင့် အခစားဝင်သော ငါးတို့မှနောက်ဆုံး ငါးတစ်ကောင်ကို ဖမ်းယူစားသောက် နေလေ၏။ ကာလကြာသော် ငါးတို့ ယုတ်လျော့လာ၏။ ထိုအခါ ပညာရှိ ငါးတစ်ကောင်သည် အာနန္ဒာငါးမင်းကို မသင်္ကာ၍ စောင့်ကြည့်နေရာ ငါးမင်း၏ဖောက်ပြန်မှုကို သိရ၏။ ထို အကြောင်းကို ငါးအပေါင်းအား ပြောပြသောအခါ ငါးတို့သည် ကြောက်လန့် ထွက်ပြေးကြ၏။ ငါးသား၌ တပ်မက်မိသော အာနန္ဒာ ငါးမင်းသည် ပြေးလေသော ငါးတို့ကို လိုက်ရှာ၏။
ကျောက်ဆောင်တစ်ခုကို လှည့်ပတ် ရှာဖွေစဉ် ခန္ဓာကိုယ် ကြီးမားရှည်လျားသော ငါးမင်းသည် ကျောက်ဆောင်ကို ခန္ဓာကိုယ်ဖြင့် တစ်ပတ်ပတ်မိ၍ မိမိ၏ အမြီးကို ပြန်မြင်ရ၏။ မိမိ၏ အမြီးကို တစ်ပါးသောငါးဟု ထင်၍ ဖမ်းယူစားလိုက်၏။ ပြင်းစွာသော ဝေဒနာကို ခံစားရလေသည်။ သွေးနံ့ကြောင့် ငါးတို့ စုရုံးလာကြပြီး ငါးမင်းကို ဝိုင်းအုံ စားသောက်ကြ၏။ ငါးမင်းကို အမြီးမှစ၍ စားခဲ့သော ငါးတို့သည် ဝမ်းခေါင်းတစ်လျှောက် ဝင်ကာ ဦးခေါင်းအထိ ရောက်ကြ၏။ ယူဇနာ ငါးရာရှိသော ငါးမင်း၏ ကိုယ်တွင်းသို့ ဝင်မိသော ငါးတို့သည် ပြန်မထွက်နိုင်ဘဲ သေကြရ၏။
ဤအကြောင်းဝတ္ထုကို ပြောပြ၍ လူသား မစားရန် စစ်သူကြီးက မင်းကြီးကို တားမြစ် လျှောက်ထား၏။
ထို့ပြင် အရက်ကို စွဲမက်၍ အသက်သေရသော သောတ္ထိယ အရက်သမား အကြောင်းကို ပြောပြ၍လည်း လူသားကို မစွဲမက်ရန် လျှောက်ထား၏။
ထို့ပြင် လူသားကို မစွန့်နိုင်လျှင် မင်းကြီးကို တိုင်းပြည်မှ နှင်ထုတ်မည်ဟုဆို၏။
ရှေးအခါက စိတ္တကုဋ်တောင်ဝယ် ရတနာရွှေဂူ၌ ဟင်္သာကိုးသောင်းတို့ နေ၏။ ဟင်္သာတို့သည် အတောင်ကို မိုးစို၍ မပျံသန်းနိုင်လျှင် ပျက်စီးရမည် ဖြစ်သောကြောင့် မိုးလေးလပတ်လုံး ဂူတွင်းမှာပင် နေကြ၏။ မိုးလအတွင်း၌ ကြိုတင် စုဆောင်းထားသော အစာများကို စားကြ၏။ ဟင်္သာတို့နေသော ဂူ၌ လှည်းဘီးပမာဏရှိသော ပင့်ကူတစ်ကောင် ရှိ၏။ ထိုပင့်ကူသည် ဂူဝကိုပိတ်၍ တစ်လတစ်လလျှင် တစ်လွှာတစ်လွှာသော ပင့်ကူအိမ် အမြှေးကိုဖွဲ့၏။ ပင့်ကူမျှင်သည် နွားချည်ကြိုး ပမာဏ ရှိ၏။ မိုးကျွတ်၍ ဂူမှထွက်သော ဟင်္သာတို့သည် လေးလွှာသော ပင့်ကူအိမ် အမြှေးကို ရှေးဦးစွာ ဖောက်ထွင်းရ၏။ အစာဝေစု နှစ်ခုရသော ဟင်္သာပျို တစ်ကောင်က ပင့်ကူမြှေးကို ရှေးဦးစွာ ဖောက်ထွင်း၏။ ထိုအပေါက်ဖြင့် ဟင်္သာတို့ အပြင်သို့ ထွက်ကြရ၏
တစ်ခါသော် ငါးလကြာအောင် မိုးသည်းစွာ ရွာ၏။ ထို့ကြောင့် ဟင်္သာတို့၏ လေးလစာ စုဆောင်းထားသော အစာသည် ပြတ်သွား၏။ ထိုအခါ ဟင်္သာတို့သည် ဟင်္သာဥတို့ကိုလည်းကောင်း၊ ဟင်္သာငယ်တို့ကို လည်းကောင်း၊ ဟင်္သာအိုတို့ကိုလည်းကောင်း စားသောက်၍ အသက် ဆက်ကြ၏။ ငါးလကြာ၍ မိုးစဲသောအခါ ဂူဝ၌ဖွဲ့အပ်သော ပင့်ကူ ကွန်ယက်သည်လည်း ငါးလွှာရှိ နေ၏။
ထိုအခါ ဇာတ်တူသားစားသော ဟင်္သာတို့သည် အားနည်းနေ၏။ အစာဝေစု နှစ်ခုရသော ဟင်္သာပျိုသည် တာဝန်အရ ကွန်ယက်အမြှေးကို ဖောက်၏။ လေးလွှာသောကွန်ယက် အမြှေးကို ခွင်းနိုင်သော်လည်း ငါးခုမြောက် ပင့်ကူအိမ်၌ ငြိ၏။ ထိုအခါပင့်ကူသည် ဟင်္သာပျို၏ ဦးကောင်းကိုဖြတ်၍ သွေးကိုသောက်၏။ ဤသို့လျှင် ကွန်ယက်အလွှာကို ဖောက်တိုင်းဖောက်တိုင်း ဟင်္သာတို့ သေကြရ၏။ ထို့ကြောင့် ဇာတ်တူသား စားသော ဓတရဋ္ဌ ဟင်္သာတို့ မျိုးပြတ်၏။
ဤဇာတကဝတ္ထုဖြင့်လည်း စစ်သူကြီးက မင်းကြီးကို ဇာတ်တူဖြစ်သည့် လူသားကို မစားပါရန် တားမြစ် လျောက်ထား၏။
ဘုရားလောင်းက အတန်တန် တားမြစ်ပါသော်လည်း လူသားကို မစွန့်လွှတ်နိုင်သော မင်းကြီးသည် တိုင်းပြည်ကိုသာ စွန့်သွားလေ၏။ မင်းကြီးသည် သန်လျက်နှင့် ချက်ပြုတ်စရာ အိုးခွက်ကို ယူ၍ စားဖိုမှူး ရသကကို ခေါ်ကာ တိုင်းပြည်မှ ထွက်သွား၏။
လူကြမ်းပေါရိသာရမင်းသည် ပြည်သူ၏ ဆန္ဒကို မပယ်ရှားပဲ၊ မင်းအာဏာကို စွန့်ကာ ရသကကိုသာ ခေါ်၍ တိုင်းပြည်မှ ထွက်ခဲ့သည်။ “မရ, ရသက ချိုင်” ဟုဆိုစမှတ်ပြုရလောက်အောင် စားစရာလူသားရှားလာသောအခါ မိမိ၏ စားတော်ဆက်အဖော် ရသကကိုပင် သတ်၍ စားသော မင်းဖြစ်သည်။
နောင်တွင် မိမိဖမ်းမိထားသော သုတသောမမင်းနှင့် ‘သတာရဟ’ ဂါထာလေးဂါထာအား ဟောကြားပါက လိုရာဆုလေးဆုပြန်ပေးမည်ဟု ပေါရိသာရက ကတိစကားပြုသည်။ သုတသောမမင်းက ‘သတာရဟ’ ဂါထာလေးဂါထာ အား ဟောကြားကာ တောင်းဆု လေးဆု တောင်းသည်။ နောက်ဆုံး တောင်းဆုဖြစ်သော ‘လူသားမစားရန်’ အချက်ကို ပေါရိသာရက အလွယ်တကူ လက်မခံလို။ ထိုအခါ သုတသောမမင်းက “ခန္ဓာကိုယ်နှင့် စည်းစိမ်ဥစ္စာယှဉ်လာလျှင် ခန္ဓာကိုယ်အတွက် စည်းစိမ်ဥစ္စာကို စွန့်ရသည်။ အသက်နှင့် ခန္ဓာကိုယ်ယှဉ်လာလျှင် အသက်အတွက် ခန္ဓာကိုယ်ကို စွန့်ရသည်။ အသက်နှင့် ကတိသစ္စာယှဉ်လာလျှင် ကတိသစ္စာအတွက် အသက်ကိုပင်စွန့်ရ၏” ဟုဟောရာ ပေါရိသာရက မိမိပေးထားသော ကတိကို မပယ်ဖျက်ပဲ မင်းအာဏာနှင့်ပင် လဲခဲ့သော လူသားစားခြင်းကို စွန့်ကာ ငါးပါးသီလမြဲသွား ခဲ့သည်။ ထို့ကြောင့်ပင် ပေါရိသာရသည် ဂေါတမဘုရားလက်ထက်တော်၌် အင်္ဂုလိမာလမထေရ် အဖြစ် ကျွတ်တမ်း၀င်သွားခဲ့လေသည်။
----------
#မဟာသုတသောမမင်းနှင့်
ပေါရိသာဒ (အင်္ဂုလိမာလလောင်း)
=======
 ‘သတာရဟ’ လေးဂါထာကို နာယူရန် နန္ဒပုဏ္ဏားနှင့် ချိန်းထားသဖြင့် ကတိပျက်မည် စိုးသောကြောင့် တရားနာယူနိုင်ရန် မိမိကို လွှတ်ပါ။ နက်ဖြန် တရားနာပြီး ပြန်လာပါမည်’ ဟူ၍ သုတသောမမင်းက ပေါရိသာဒအား လမ်းခရီး၌ပင် မေတ္တာရပ်ခံ၏။ သို့ရာတွင် ပေါရိသာဒက သုတသောမမင်း၏ ကတိကို မယုံကြည်သဖြင့် မလွှတ်။ ‘အကယ်၍ မိမိကတိအတိုင်း ပြန်မလာခဲ့သော် သံသရာတစ်လျှောက်လုံး ဘဝအဆက်ဆက်၌ မင်းဘဝသို့ မရောက်ရပါစေသား’ ဟူသော အဓိပ္ပာယ်မျိုးဖြင့် ကျိန်ဆိုသောအခါမှသာ ပေါရိသာဒသည် သုတသောမမင်းကို လွှတ်လိုက်၏။ သုတသောမမင်း ကျိန်ဆိုစဉ် ‘သုတသောမမင်းသည် သာမညမင်းတို့ မကျိန်ဆိုရဲသော ကျိန်စာကို ဆိုပေသည်။ ငါ့ထံသို့ ပြန်လိုလည်း ပြန်၊ မပြန်လိုလည်း နေစေ၊ ငါလည်း မင်းတစ်ပါးပင်။ သူပြန်မလာသော် ငါ၏ လက်မောင်းသွေးကို ထုတ်ယူ၍ ညောင်ပင်စောင့်နတ်မင်းအား ငါ၏ ကတိအတိုင်း ယဇ်ပူဇော်တော့မည်’ ဟူ၍ ကြံစည်ပြီး လွှတ်လိုက်ခြင်း ဖြစ်၏။
     သုတသောမမင်းသည် နန်းတော်သို့ သွား၏။ နန္ဒပုဏ္ဏားထံမှ သတာရဟဂါထာ လေးဂါထာကို နာယူ၏။ ထို့နောက် နန္ဒပုဏ္ဏားအား တစ်ဂါထာလျှင် အသပြာတစ်ထောင်နှုန်းဖြင့် လေးထောင်ကို ပူဇော်၏။ ထို့နောက် သုတသောမမင်းသည် မိဘတို့ကို ရှိခိုးပြီး နန်းကိုအပ်ကာ ပေါရိသာဒထံ ပြန်လာ၏။ ပေါရိသာဒသည် သုတသောမမင်း မိမိထံ ပြန်လာသည်ကို မြင်သောအခါ များစွာ အံ့ဩ၏။ သုတသောမမင်းသည် သတာရဟ လေးဂါထာ၏ အာနုဘော်ကြောင့် သေခြင်းကို မကြောက်ဘဲ ယခုကဲ့သို့ ပြန်လာခြင်း ဖြစ်ရမည်ဟူ၍ တွေး၏။ သူလည်း သေခြင်းကို မကြောက်သူ ဖြစ်လိုသဖြင့် သတာရဟ လေးဂါထာကို သူ့အား ဟောကြားပါရန် တောင်းပန်၏။ ထိုအခါ သုတသောမမင်းက ပေါရိသာဒအား သတာရဟ လေးဂါထာကို ဟော၏။
     ပေါရိသာဒသည် သတာရဟ လေးဂါထာကို သုတသောမမင်းထံမှ နာကြားပြီးသောအခါ တစ်ဂါထာလျှင် ဆုတစ်ဆုကျစီဖြင့် ဆုလေးဆုကို သုတသောမမင်းအား ပေး၏။ ဆုလေးဆုကို ပေးသောအခါ သုတသောမမင်းက ‘သင် ပေးသည့်အတိုင်း ငါက တောင်းသော်လည်း သင် ပေးမှ ရမည် ဖြစ်၏။ အကယ်၍ ပေးမည်ဆိုပြီး မပေးပါက ပေးအောင် လုပ်နိုင်သူ ဟူ၍ ဤတွင် မရှိ။ ထို့ကြောင့် ငါ မယူလို’ ဟူ၍ ငြင်းပယ်၏။ သို့ရာတွင် ပေါရိသာဒက ‘တောင်းသာ တောင်းပါ၊ တောင်းသည့်အတိုင်း အသက်ကို စွန့်၍ပင် ပေးပါမည်’ ဟူ၍ ကတိသစ္စာပြုပြီး ပြောဆိုသောအခါမှသာ ဆုလေးဆုကို တောင်း၏။ သုတသောမမင်း တောင်းသော ဆုတို့မှာ–
     (၁) ပေါရိသာဒ အသက်တစ်ရာ ရှည်စေရန်၊
     (၂) ဖမ်းထားသော မင်းတို့ကို မစားရန်၊
     (၃) သူတို့၏ နိုင်ငံသို့ ပြန်ပို့ရန်၊
     (၄) မည်သည့်အခါမျှ လူသားကို မစားရန်–
ဟူ၍ ဖြစ်၏။ ပေါရိသာဒသည် ဆုလေးဆုအနက် ရှေ့ဆုသုံးဆုကို လွယ်ကူစွာပင် ပေး၏။ နောက်ဆုံးဆုကိုမူ အလွယ်တကူ မပေးချေ။
     သုတသောမမင်းက ပေါရိသာဒအား ‘အကယ်၍ အသက်ကိုပင် စွန့်ရစေကာမူ သင်တောင်းသောဆုကို ပေးမည်ဟု ဆိုခဲ့ပြီးမှ ယခု ငါ တောင်းသော စတုတ္ထဆုကို မပေးခြင်းသည် သင်၏ ကတိသစ္စာ မတည်ခြင်းပင် ဖြစ်၏။ အမှန်အားဖြင့် ခန္ဓာကိုယ်နှင့် စည်းစိမ်ဥစ္စာ ယှဉ်လာလျှင် ခန္ဓာကိုယ်အတွက် စည်းစိမ်ဥစ္စာကို စွန့်ရ၏။ ခန္ဓာကိုယ်နှင့် အသက် ယှဉ်လာလျှင် အသက်အတွက် ခန္ဓာကိုယ်ကို စွန့်ရ၏။ အသက်နှင့် ကတိသစ္စာ ယှဉ်လာလျှင် ကတိသစ္စာအတွက် အသက်ကို စွန့်ရ၏’ ဟူ၍ တရားကို ဟောသောအခါမှသာ ပေါရိသာဒသည် ‘လူသားကို မစားတော့ပါ’ ဟူသော စတုတ္ထဆုကို ပေးလေ၏။ ထိုအခါ ပေါရိသာဒလည်း ငါးပါးသီလ မြဲသွား၏။
     သုတသောမမင်းနှင့် ပေါရိသာဒတို့သည် မင်းများကို နှစ်ယောက်အတူသွား၍ လွှတ်ကြ၏။ ကျန်းမာအောင် ပြုစုကြ၏။ ထို့နောက် မင်းများ ကျန်းမာလာသောအခါ သုတသောမမင်းသည် ကျန်းမာသောမင်းများနှင့် အတူ ဗာရာဏသီပြည်သို့ သွား၍ ပေါရိသာဒကို နန်းတင်၏။ ထို့နောင်မှ အခြားသော မင်းများသည်လည်း မိမိတို့၏ နိုင်ငံသို့ပြန်၍ မင်းပြုကြ၏။ သုတသောမမင်းသည်လည်း မိမိ၏နိုင်ငံ ဣန္ဒပတ္တနဂိုရ်ပြည်သို့ ပြန်၍ မင်းပြု၏။ သုတသောမမင်းသည် သူ၏ ကြီးစွာသော ဂုဏ်ကျေးဇူးတို့ကြောင့် “မဟာသုတသောမ မင်း” ဟူ၍ ထင်ရှား၏။
     ထိုအချိန်က ဇမ္ဗူဒိပ်မြေပြင်ရှိ တစ်ရာ့တစ်ပါးသော မင်းအားလုံးတို့သည် မဟာသုတသောမမင်း၏ အဆုံးအမ၌ တည်၍ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ မိမိတို့၏နိုင်ငံကို အုပ်ချုပ်ကြသည်ချည်း ဖြစ်လေ၏။
     ပေါရိသာဒသည် မိမိ၏ တိုင်းနိုင်ငံကိုပင် စွန့်နိုင်သော်လည်း နောက်ဆုံး၌ သစ္စာကို မစွန့်နိုင်သူ ဖြစ်လာရ၏။
     ထို့ကြောင့်ပင် ပေါရိသာဒသည် မြတ်စွာဘုရား လက်ထက်တော်၌ အင်္ဂုလိမာလ မထေရ်အဖြစ်ဖြင့် ကျွတ်တမ်းဝင်သွားနိုင်ခြင်း ဖြစ်၏။
ကိုးကား ။   ။ကိုယ်ကျင့်ဗုဒ္ဓဝင်
ပညာကျော်ဘော်ဒါ မုံရွာမြို့။
 ၁ ။  သကိံဒေဝ မဟာရာဇ ၊ သဗ္ဘိဟောတိ သမာဂမော ။
          သာနံ ပါလေတိ သင်္ဂတိ ၊ နာ သဗ္ဘိ ဗဟုသင်္ဂမော ။
    ၂ ။  သဗ္ဘိရေဝ သမာသေထ ၊ သဗ္ဘိ ကုဗ္ဘေထ သန္တဝံ ။
          သတိံ သဒ္ဓမ္မ မညာယ ၊ သေယျော ဟောတိ န ပါပိယော ။
    ၃ ။ ဇီရန္တိဝေ ရာဇရထာ သုစိတ္တာ ။
         အထော သရီရမ္ပိ ဇရံ ဥပေတိ ။
        သတဉ္စ ဓမ္မော န ဇယံ ဥပေတိ 
        သန္တော ဟဝေ သဗ္ဘိ ပဝေ ဒ ယန္တိ ။
    ၄ ။ နဘံ စ ဒူရေ ပထဝီ စ ဒူရေ 
         ပါရံ သမုဒ္ဒသ တဒါဟု ဒူရေ 
         တတော ဟဝေ ဒူရတရံ ဝဒန္တိ 
         သတဉ္စ ဓမ္မော အသတဉ္စ ရာဇ ။ 
၁။သုတသောမ အမည် ရှိတော်မူသော
မင်းမြတ် သူတော်ကောင်းတို့နှင့်
တစ်ကြိမ်သာလျှင် အကြင်ပေါင်းဖက်
ခြင်းသည် ဖြစ်၏၊
ထိုပေါင်းဖက်ခြင်းသည် ထိုသူကို
စောင့်ရှောက်ပေတတ်၏၊
သူတော်မဟုတ် သူယုတ်တို့နှင့်
အကြိမ်များစွာ အကြင်ပေါင်းဖက်
ခြင်းသည်ဖြစ်၏၊
ထိုပေါင်းဖက်ခြင်းသည်  ထိုသူကို
မစောင့်ရှောက်တတ်။
၂သူတော်ကောင်းတို့နှင့်သာလျှင်
ပေါင်းဖက်ကုန်ရာ၏၊
သူတော်ကောင်းတို့နှင့်
ပေါင်းဖက်ခြင်းကို ပြုကုန်ရာ၏၊
ဘုရားအစရှိသော ပညာရှိတို့၏
သူတော်ကောင်းတို့တရားကို သိ၍
အထူးသဖြင့် မြတ်သည် ဖြစ်၏၊
ယုတ်မာသည် မဖြစ်။
၃။မြတ်သောမင်းကြီး ဆန်းကြယ်ကုန်သော
မင်းစီးရထားတို့သည် စင်စစ် ဆွေးမြေ့
ပျက်စီးတတ်ကုန်၏၊
ထိုမှတပါး ခန္ဓကိုယ်သည်လည်း
အိုခြင်းသို့ ရောက်တတ်၏၊
ဘုရားအစရှိသော သူတော်ကောင်းတို့သည်
နိဗ္ဗာန်တရားကို စင်စစ် 
ချီမွမ်းကုန်၏၊
သူတော်ကောင်းတို့၏ နိဗ္ဗာန်တရားသည်ကား
အိုခြင်းသို့ မရောက်။
၄။မင်းမြတ် ကောင်းကင်သည်လည်း
မြေနှင့်ဝေး၏၊ မြေသည်လည်း
 ကောင်းကင်နှင့် ဝေး၏၊
သမုဒ္ဒရာ၏ အကြင်ထိုမှာဖက်ကမ်းသည်
ရှိ၏၊ထိုထိုမှာဖက်ကမ်းကိုဤမှာဖက်
ကမ်းထက် ဝေး၏ဟူ၍ ဆိုကုန်၏၊
ထိုကောင်းကင်နှင့် မြေ သမုဒ္ဒရာ 
တဖက်ကမ်း ဝေးသောထက်
သူတော်ကောင်းတို့၏ တရားသည်လည်း
ကောင်း၊သူတော်မဟုတ် သူယုတ်မာတို့၏
တရားသည်လည်းကောင်း၊ စင်စစ်အလွန်
ဝေး၏၊ ဤသို့ ဘုရားအစရှိသော 
ပညာရှိတို့သည် ဆိုကုန်၏။
(မဟာသုတသောမဇာတ်)
----------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ