ငါ့လောက် ကုသိုလ်တွေလုပ်နေပြီး
ဒီလောက်ဆိုးတဲ့ ဝေဒနာ ခံစားရတယ်။
ဒီလိုဆိုရင် #အတ္တ ဝင်သွားပြီ
 ဝေဒနာ ရောက်လာတဲ့အခါမှာ မိမိကိုယ်ပေါ်
ရောက်လာတဲ့ ဝေဒနာ ကို #အနိစ္စလက္ခဏာ.
#အနတ္တလက္ခဏာ မတင်နိုင်ရင် #အတ္တဝင်တယ် ။ #ဒိဠိဝင်တယ်။
#တဏှာဝင်တယ်။
လက္ခဏာလေးတင်လိုက်ရင် ဝေဒနာ အပေါ် လက္ခဏာဥာဏ်လေးက လွှမ်းမိုးသွားတယ်။
ဒါ့ကြောင့် ဝေဒနာ ကငါ့ကို မနှိပ်စက် တော့ဘူး ။
#ကာယိကဒုက္ခ နာတော့နာတယ် ၊
#စေတသိကဒုက္ခ စိတ်ထဲမှာ ခံစားရတဲ့ ဆင်းရဲမှုမရှိဘူး။
ဒါကိုပြောတာ။ အဌကထာဖွင့်ထားတာ
ကောင်းလိုက်တာ ။ ဋီကာတွေလည်း
အဲ့သည်လိုပဲဖွင့်ပါတယ်။
ကမ္မဌာန်းထိုင်တဲ့ ပုဂ္ဂိုလ်ဟာ ညောင်းတော့
ညောင်းတယ် ။ ကိုက်တော့ ကိုက်နေတယ်။
ခဏ ခဏဖြစ်ရင် ကမ္မဌာန်းစောင့်တဲ့ ဘုန်းကြီး ကမ္မဌာန်းဆရာကို ကြောက်လို့
ပေပြီးခံနေတာမျိုး မဖြစ်ပါစေနဲ့။
ဥာဏေန ဥာဏ်အားဖြင့် ၊ အဓိဝါသေသိ
သည်းခံတာဖြစ်ပါစေတဲ့။
ဝေဒနာ ကိုနောက်ကလိုက်ရင် တစဥ်တစ်တန်းတည်း အာရုံပြုနေရင် ဝေဒနာ ဟာကြီးကျယ်တယ်။
အာရုံကမလိုက်နိုင်ဘူး။
ဝေဒနာ ကမြန်နေတယ်။
ဖြစ် တည် ပျက် ကို ဥပါဒ် ဌီ ဘင်
အကျိုးတရားဖြစ်နေတယ်။
ဝေဒနာ က ဖြစ် တည် ပျက် 
ဥပါဒ် ဌီ ဘင် ခဏတ္တယ သဘောပဲ။
ဥပါဒ် ဌီ ဘင် ခဏတ္တယ သဘောအားဖြင့်
ခဏတိုင်း ခဏတိုင်း ဖြစ် တည် ပျက် 
ဝေဒနာ ဟု ဥာဏ်ဖြင့် ပိုင်းခြား၍ ရှုဖို့ခက်တယ်။
အဲဒီ ဝေဒနာ အစဥ်တန်းအတိုင်း နောက်ကနေလိုက်နေရင် ဥာဏ်ကထင်ဖို့
ကျယ်သွားတတ်တယ်။
အဲဒီတော့ ဒီလိုမလုပ်နဲ့ ၊ ဖြစ်ပြီးပျက်တယ်။
ခဏတ္တယ သဘောနဲ့ သွားနေတဲ့ ဝေဒနာ  ၊
အဲဒီ ဝေဒနာ ဟာ ဖြစ်ပြီးပျက်တယ်။ ဖြစ်ပျက် ဖြစ်ပျက်လို့ များ ဥာဏ်မှာထင်တဲ့အခါမှာ ဝေဒနာ လေး
ရှုစရာကျဥ်းသွားပါတယ်။
ပညတ်တွေကိုသိပ်မလိုက်နဲ့
သာယာရင် သုခဖြစ်မယ်။ မသာယာဖွယ် မချမ်းသာဖွယ်ဆို ဒုက္ခ ဝေဒနာ ဖြစ်မယ်။
သာယာဖွယ်လည်းမဟုတ် ၊ ချမ်းသာဖွယ်လည်းမဟုတ်ရင်
 ဥပေက္ခာ ဝေဒနာ ဖြစ်မယ်။
အဲဒီ ဝေဒနာ သည် အနိစ္စ မမြဲပါ။
နဂိုကမရှိ ၊ သခ်တ ပြုပြင်ပေးလိုက်တာ
ပဋိစ္စသမုပ္ပန္နာ အကြောင်းတရားတွေဖြစ်ပြီး
မှီလာတဲ့အရာ ၊ ခယဓမ္မ ဝယဓမ္မ ကုန်ခမ်းတတ်တဲ့သဘော၊ ပျက်တဲ့သဘော၊
နိရောဓဓမ္မံ ချုပ်ငြိမ်းတတ်တဲ့သဘောပါ။
"အနိစ္စံ သခ်တံ ခယဓမ္မံ ဝယဓမ္မံ ပဋိစ္စသမုပ္ပန္နံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ
အားလုံး (၇)ချက်ပဲ ရှုလိုက်ပါ။
ဝေဒနာ တွေ တစ်ခါတည်းပြုတ်တယ်။
ဝိရာဂဓမ္မ အဲဒီ ဝေဒနာ တပ်မက်ခြင်းကင်းတယ်။
နိရောဓဓမ္မ ဖြစ်ပြီးရင် ဒီအတိုင်းမနေ ချုပ်ငြိမ်းသွားတယ်လို့ သိရင်ပြီးပြီ။
ဉာထောန ဉာဏ်အားဖြင့် ၊ အဓိဝါသေသိ
သည်းခံ၏။ အဲသည်လိုသည်းခံရင်
အလွန်နှိပ်စက်တတ်သော ရောဂါ 
‌ဝေဒနာ ခန္ဓာကိုယ်ထဲ ရောက်လာပေမယ့်
‌ဥာဏ်ဖြင့် ပိုင်းခြား၍ ရှုလိုက်တဲ့အခါမှာ
‌ဝေဒနာ သေးသွားတယ်။
‌ဗိုက်နာနေရင်းတန်းလန်းနဲ့ အဲဒီ ဝေဒနာလေးကို ဉာဏ်လေးနဲ့ ခွာလိုက်တဲ့အခါမှာ ဝေဒနာ လေးက
‌အမလေး အမေရေ ၊ အမလေး အမေရေ "လို့ မဖြစ်တော့ဘူး ၊
‌အခံမခက်တော့ဘူး ၊ အဲဒီဝေဒနာကို
‌သည်းခံနိုင်တယ်လို့ဆိုပါတယ်။
‌ဝေဒနံ ဝေဒနာ သည် ၊ ခဏိကံ ခဏတိုင်း ခဏတိုင်း ဖြစ်ပျက်နေသည့်
‌အဖြစ်ကိုလည်းကောင်း ၊ ဒုက္ခတံ ဆင်းရဲသည်၏ အဖြစ်ကိုလည်းကောင်း ၊ အတ္တသုညတံ အတ္တမှ ဆိတ်သုဥ်းသည်၏အဖြစ်ကို လည်းကောင်း ခဏတိုင်းဖြစ်ပျက်နေသည်၏
‌အဖြစ်ကိုသော် လည်းကောင်း ၊
‌ ဒုက္ခတံ ဒီအတိုင်းမနေ ဘဲ ဆင်းရဲနေသည်၏ အဖြစ်ကိုသော်လည်းကောင်း၊
‌ညှဥ်းဆဲနေတဲ့ အဖြစ်ကိုသော်လည်းကောင်း ၊
‌အတ္တသုညတဉ္စ အတ္တမှ ဆိတ်သုဥ်းသည်၏
‌အဖြစ်ကိုလည်းကောင်း ၊ ယထာဘာဝတော ဟုတ်မှန်တဲ့အတိုင်း
‌ဥာဏေနပဋိစ္စဉာဏ်ဖြင့် ပိုင်းခြား၍ ၊
‌အဓိဝါသေသိ သည်းခံတာ
‌အဲဲဒီ ဝေဒနာ ကို 
‌အဘိဘဝန္တော ဘုရားရှင်က လွှမ်းမိုးလျက်နေတယ်လို့ဆိုပါတယ်။
‌ဒီဝါကျလေးတစ်ကြောင်းကိုရသွားပြီ။
‌ဝေဒနါအပေါ်မှာ အနိစ္စသဘော ၊
‌ဒုက္ခသဘော ၊ အနတ္တသဘောလို့ မြင်လိုက်တော့ ဝေဒနာ ကိုနိုင်သွားပြီ။
‌အဲဒီလိုမဟုတ်ရင် ငြီးတော့မှာ။
‌....
‌အမလေး အမလေး အမေရေနဲ့
‌ဖြစ်နေတဲ့ သီလဝန္တပုဂ္ဂိုလ်ကြီး
‌ဝါတော် ၆၀ ရဟန်းတစ်ပါးအကြောင်း
‌ထပ်ပြောရင်သိပ်ကောင်းမှာ
ဒီနေ့တော့ဒီမျှသာ
‌နောက်ထပ်ဆက်ပါဦးမည်...
‌.......
‌#ဓမ္မစေတီဆရာတော်
#အရှင်အာနန္ဒာ၏_လွမ်းငွေ့ယှက်သန်း_နွေမှတ်တမ်း တရားမှ
......
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ