Blogspot ပြုလုပ်နည်း 

*************

logger blog တစ်ခု ပြုလုပ်ဖို့အတွက် gmail အကောင့် တစ်ခုရှိရပါမယ်။ ဒါကလည်း သိပ်ခက်ခဲနေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူ အားလုံးနီးပါးမှာ အနည်းဆုံး gmail အကောင့် တစ်ခုတော့ ရှိကြတာပါပဲ။ အရင်ဆုံး လုပ်ရမှာကတော့ အဲဒီ gmail အကောင့်ကို sign in ဝင်လိုက်ပါ။ sign in ဝင်ပြီးပြီဆိုရင် www.blogger.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလေးတွေ ဆက်ကြည့်ပြီး လုပ်သွားပါ။


ဒီပုံမှာတော့ ရှင်းပြရမှာ များလို့ အမှတ်စဉ်တွေ တပ်ပြထားပါတယ်။ အဲဒီအမှတ်စဉ်တွေရဲ့ ရှင်းလင်းချက်ကတော့ အောက်ပါအတိုင်းပါ။

(၁) မိမိလိုချင်တဲ့ website ရဲ့ နာမည် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

(၂) လိုချင်တဲ့ website လိပ်စာ ရိုက်ထည့်ရမှာပါ။ (ဥပမာ။ ။ www.myanmarseo.blogspot.com) ဖြစ်ပါတယ်။ ဒီဥပမာအရဆိုရင် ကျွန်တော်တို့ ရိုက်ထည့်ရမှာက myanmarseo တစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့နောက်ကစာတွေက ပါပြီးသားဖြစ်ပါတယ်။ website လိပ်စာရိုက်ထည့်တဲ့အခါ အကြီးမသုံးရပါဘူး၊ space မခြားရပါဘူး။

(၃) နံပါတ် ၃ ကတော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ ရ / မရ စစ်ပေးတာဖြစ်ပါတယ်။ အမှန်ခြစ် ပြတယ်ဆိုရင် ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ရပါတယ်။ အမှားပြတယ်ဆိုရင်တော့ ယူလို့မရပါဘူး။ တစ်ခြား လိပ်စာ ရိုက်ထည့်ရပါမယ်။

(၄) template ဆိုတာကတော့ ခင်ဗျား blog ရဲ့ design ကို ရွေးချယ်တဲ့အပိုင်းဖြစ်ပါတယ်။ လိုချင်တဲ့ ပုံစံ မရှိလည်း တစ်ခုတော့ ရွေးလိုက်ပါ။ နောက်မှ ပြန်ပြောင်းလို့ရပါတယ်။

(၅) အပေါ်က အဆင့်လေးဆင့်လုံး လုပ်ပြီးပြီဆိုရင်တော့ Create Blog ကို click နှိပ်လိုက်ပါ။


ဒါဆိုရင်တော့ အပေါ်က အဆင့် (၂) မှာ ရိုက်ထည့်ခဲ့တဲ့ လိပ်စာအတိုင်း ကိုယ်ပိုင် blog တစ်ခု တည်ဆောက်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြီးရင်တော့ မိမိ blog ရဲ့ ထိမ်းချုပ်မှုအပိုင်းကိုတော့ အောက်ပါအတိုင်း မြင်ရပါမယ်။




ဒါဆိုရင် အနီရောင်ဘောင်ခတ်ထားတဲ့ ထဲက “Posts” ထဲကိုဝင်ပြီးတော့ New Post ကိုနှိပ်ပြီး၊ မိမိ blog မှာ စာတွေတင်လို့ရပါပြီ။