ဘုရားအလိုအတိုင်း ရှင်ပြုနည်း
**********
ယနေ့ခေတ် ရှင်ပြုတဲ့အခါ မသိလိုက်ပါပဲ ကြီးမားသောအမှားကြီး လုပ်လေ့ရှိပါတယ်။
အဲဒါကတော့ နတ်ကန်တော့ခြင်းပါပဲ ။ မြင့်မြတ်တဲ့ ရဟန်းဘဝကို ကူးပြောင်းတော့မယ့် ရဟန်းလောင်းတစ်ပါး ကို လူလောက်တောင် မြင့်မြတ်ခြင်းမရှိတဲ့ မြို့တော်ရှင် ရွာတော်ရှင်ဆိုတဲ့ သရဲ  ပြိတ္တာတွေကို ကန်တော့ခိုင်းတာတွေ ကန်တော့နေတာတွေက ရတနာသုံးပါးကို စော်ကားလိုက်တာပါပဲ ။
လူကြီးတွေဘာသာရေးအသိ သိမ်ဖျင်းတာတွေကြောင့် ကလေးတွေကလည်း အဲ့ဒီ သရဲ  ပြိတ္တာတွေကိုကန်တော့တော့တာပါပဲ ။ မကြာမီ ရဟန်းဖြစ်တော့မှာလေ ။ သိကြားမင်းတောင် ရှိခိုးတော့မှာလေ။ သိကြားတောင်ရှိခိုးပါတယ်ဆိုမှ ဒီ သရဲ  ပြိတ္တာတွေဘာကြောင့် ရှိခိုးတော့မှာလဲ ။   မိဘ ဘိုးဘွားတွေကိုယ်တိုင်က လွဲတော့ အကုန်လုံးလွဲတော့တာပါပဲ။

                                             





ဘုရားအလိုအတိုင်း ရှင်ပြုနည်း
*********
မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလဝတ်
နေပြည်တော်သို့ ကြွရောက်သီတင်းသုံး နေတော်မူပါတယ်။ တစ်နေ့တော့ ယသော်ဓရာမိဖုရာက
သားတော်ရာဟုလာကို ဘုရားရှင်ထံမှာ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာကလည်း
ကလေးဆိုတော့ ဘုရားထံသွားပြီး အမွေတောင်းပါတော့တယ်။ ဘုရားရှင်ကလည်း “ သာရိပုတ္တ
ရာ - ရာဟုလာကို ရှင်ပြုပေးလိုက်ပါ” လို့ စေခိုင်းတော်မူပါတယ်။ ရှင်သာရိပုတ္တရာ အရှင်မြတ်
ကြီးကလည်း တစ်ခါမှ ရှင်ပြုမပေးဖူးသေးတော့ မြတ်စွာဘုရားအား “မည်သို့ ရှင်ပြုပေးရမလဲ
ဘုရား ” လို့ မေးလျှောက်တော်မူပါတယ်။ ဘုရားရှင်က ရဟန်းတွေကို စုဝေးစေပြီး “ ရဟန်းတို့
သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ် ” လို့ မိန့်တော်မူပါတယ်။
ပြီးတော့ ရှင်ပြုပေးရမယ့် နည်းလမ်းကိုလည်း မိန့်တော်မူပါတယ်။
၁။ ရှင်လောင်း၏ ဆံပင်မုတ်ဆိတ်များကို ရိတ်ပယ်ပေးပါ။
၂။ ဖန်ရည်ဆိုးတဲ့ အဝတ်သင်္ကန်းကို ဝတ်ရုံစေပါ။
၃။ အပေါ်ရုံသင်္ကန်း(ဧကသီ)ကို လက်ဝဲပုခုံးပေါ် တင်ခိုင်းပြီး ရဟန်းတို့ရဲ့ ခြေတို့ကို ရှိခိုးဦး
တိုက်စေ၍ ဆောင့်ကြောင့်ထိုင်ခိုင်းပါ။
၄။ ပြီးရင် လက်အုပ်ချီခိုင်းကာ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ”
သရဏဂုံ သုံးပါးကို ရွတ်ဆိုစေပါ။
ဘုရားရှင်က သားတော်ရာဟုလာကို အဲဒီအတိုင်းရှင်ပြုခိုင်းပါတယ်။ ဒါက နတ်ပြမယ်၊ မြို့ထဲလှည့်မယ်၊ ပွဲငှားကြမယ်တို့ မပါဝင်တဲ့ ဘုရားအလိုအတိုင်း ရှင်ပြုနည်းဖြစ်ပါတယ်။ 
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
-----------------
 တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ