ဝိစိကိစ္ဆာ (ယုံမှားသံသယ)
********
အဘိဓမ္မာဒေသနာတော်လာ ဝိစိကိစ္ဆာ ၈ ပါး

၁။ ဘုရားရှင်၌ယုံမှားခြင်း
၂။တရားတော်၌ယုံမှားခြင်း
၃။သံဃာတော်၌ယုံမှားခြင်း
၄။အကျင့်သိက္ခာ၌ ယုံမှားခြင်း
၅။သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း
၆။သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း
၇။သံသရာ၏ ရှေ့နောက် အစွန်းနှစ်ပါး၌ ယုံမှားခြင်း
ဂ။ပဋိစ္စ သမုပ္ပာဒ်တရား၌ ယုံမှားခြင်း

ဤကားအဘိဓမ္မာဒေသနာတော်လာ ဝိစိကိစ္ဆာ ၈ ပါးတည်း။
--------------------------
. "သုတ္တန်ဒေသနာတော်လာ ဝိစိကိစ္ဆာ (၁၆)ပါး"

အတိတ်၌ ယုံမှားခြင်း (၅)ပါး
. ~~~~~~~~~~~~~
၁။ရှေး၌ ငါဖြစ်ဖူးပြီလော။
၂။ရှေး၌ ငါ မဖြစ်ဖူးသေးသလော။
၃။အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း။
၄။အဘယ် အဆင်း သန္တာန်အားဖြင့် ဖြစ်ဖူးလေသနည်း။
၅။ဟိုတတိယဘဝ စသည်က ဘယ်ပုံဖြစ်ခဲ့၍ လွန်ခဲ့သော
. ဒုတိယဘဝ ဝယ် ဘယ်လိုများဖြစ်ခဲ့ပါလိမ့်မည်နည်း။
ဤကားအတိတ်၌ ယုံမှားခြင်း ၅ ပါးတည်း။

အနာဂါတ်၌ ယုံမှားခြင်း ( ၅ ) ပါး
. ~~~~~~~~~~~~~~~
၁။နောင်၌ ငါဖြစ်ရလတ္တံ့လော။
၂။နောင်၌ ငါ မဖြစ်ရ လတ္တံ့လော။
၃။အဘယ် အမျိုးအနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
၄။အဘယ် အဆင်းသန္တာန်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
၅။နောင်တတိယဘဝကစ၍ ဘယ်ပုံဖြစ်ရဘတ္တံ့နည်း၊
. ဒုတိယဘဝဝယ် ဘယ်လိမြျားဖြစ်ရလတ္တံ့နည်း။
ဤကားအနာဂါတ်၌ ယုံမှားုခင်း ၅ ပါးတည်း။

ပစ္စုပ္ပန်၌ ယုံမှားခြင်း ( ၆ )ပါး
. ~~~~~~~~~~~~~
၁။ယခု ငါသည် ဖြစ်ဆဲလော။
၂။ယခု ငါသည် ဖြစ်ဆဲ မဟုတ်လေသလော။
၃။အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။
၄။အဘယ် အဆင်းသန္တာန်အားဖြင့် ဖြစ်လေသနည်း။
၅။အဘယ် ဘဝမှ လာခဲ့သနည်း။
၅။အဘယ် ဘဝသို့ သွားရမည်နည်း။
ဤငါး ပစ္စုပ္ပန်၌ ယုံမှားခြင်း ၅ ပါး တည်း။

ဝိပဿနာ တရား
ကျင့်ကြံအားထုတ်တော်မူကြကုန်သော
ယောဂီသူတော်ကောင်းတို့၏သန္တာန်၌
ဤ ဝိစိကိစ္ဆာ ၁၆ ပါး ခိုအောင်းနေပါက
မဂ်ဖိုလ် မရနိုင်ပါ။
မှီငြမ်း
*****
ပိဋကလမ်းညွှန်ကျမ်းပြုအရှင်
ဦးသီဟဗလ ( ပါဠိပါရဂူ ) ရေးသားပြုစုတော်မူသော
အရိယာစစ်တမ်း (စာ ၁၅၁)
https://www.dhammaransi.com/index.php/new/447-2016-12-14-21-45-07.html
------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ