ယုတ်မာဆိုးရွားသော စိတ်များကို အမြန်ဆုံး ပြင်ထိုက်ကြပေသည်
******************
ငြူစူခြင်း၊
မနာလိုခြင်းသဘောထားတို့သည်
” ဣဿာ ” ပင်တည်း။ထို့ကြောင့်” ဣဿာလျှံမူ၊လွန်ငြူစူ၏ ” ဟုဆိုခဲ့သည်။
သူတစ်ပါး လှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတက်ကြောင်း၊
အကျင့်ကောင်းကြောင်းစသော ဂုဏ်သတင်းများ
ပြောပြလာလျှင် မနာလိုခြင်း( နားမထောင်လိုခြင်း)
နားမထောင်လိုရုံသာမက
” ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့ ၊
သည်လို ယုန်တော့ ချုံတိုင်းရှိရဲ့ ” စသည်ဖြင့်
နှုတ်ခမ်းစူကာ ၊
ပါးစပ်ရွဲ့ကာ ၊
မျက်စောင်းထိုးကာနှင့်
ပြောဆို ကဲ့ရဲ့တက်ခြင်းသည်
ဣဿာသဘောချည်းတည်း။
” ကိုယ့်ထက်သာ မနာလို၊ အကြံတူရန်သူ၊ အလုပ်တူငြူစူ ”
ဟုဆိုရိုးရှိသည့်အတိုင်း
ဤဣဿာသည်
အလုပ်တူ၍
ကိုယ့်ထက် သာနေသူ၏ အပေါ်မှာ ဖြစ်တက်သည်။
ငါးပိသည်က ရွှေသည်အပေါ်မှာ ဣဿာဖြစ်ဖို့ခဲရင်းသော်လည်း
ရွှေသည်အချင်းချင်း၊
ငါးပိသည် အချင်းချင်း၊
ရဟန်းသံဃာ အချင်းချင်း၊
ဓမ္မကထိက အချင်းချင်း၊
စာချဘုန်းကြီး အချင်းချင်း၊
ဆရာတော် အချင်းချင်း အတင်းပြောကာ
ဣဿာ ဖြစ်တက်ကြသည်။
သူ၏ ကံစွမ်း ဉာဏ်စွမ်း ဝီရိယစွမ်းကြောင့်
မိမိထက် သာလွန်၍
တိုးတက်နေသူကို
အတင်းပြောကာ
ဣဿာဖြစ်မှုကြောင့်
ထိုသူမှာ အကျိုးမယုတ်ဘဲ
မိမိမှာသာ ပညာရှိတို့၏ အထင်သေးခံရမည့်အပြင်
သံသရာ ဘဝ၌လည်း
ယခုထက် အောက်ကျဖို့အကြောင်း
မကောင်းသော တရားတမျိုးဖြစ်၍
စင်စစ် ပယ်ရှားထိုက်လှပါပေသည်။
စကားပြောသော အခါဖြစ်စေ၊
စာရေးသော အခါဖြစ်စေ၊
မိမိကိုယ်ကို မြှောက်၍ မြှောက်၍ (ဂုဏ်ဖော်၍)
ပြောဆိုရေးသားခြင်းကို
” အတ္တုက္ကံသန ” ဟုခေါ်၏ ။
[ အတ္တ= မိမိကိုယ်ကို + ဥက္ကံသန = ချီးမြှောက်ခြင်း၊]
သူတစ်ပါးကို ရှုတ်ချ၍ (အပြစ်တင်၍)
ပြောဆိုရေးသားမှုကို
” ပ၇၀မ ္ဘန ” ဟုခေါ်၏။
[ပ၇= သူတစ်ပါးကို + ဝမ ္ဘန= ရှုတ်ချခြင်း ]
ထိုတွင် အတ္တုက္ကံသန အမှု၌
မိမိဂုဏ်ကို သာယာသော လောဘနှင့်
အထင်ကြီးသော မာနများဖြစ်တက်၏။
ပ၇၀မ္ဘန အမှု၌ကား
ယခုပြနေသော ဣဿာ နှင့်
ယုတ်မာဆိုးရွားသော စိတ်များကို အမြန်ဆုံး ပြင်ထိုက်ကြပေသည်
************************************
မလိုမုန်းထားသော ဒေါသ သဘော
ဖြစ်တက်လေသည်။
စိတ်ဆိုး စိတ်ယုတ်မာရှိနေသူသည်
ယခုတစ်ဘဝတာ ယုတ်မာမည်မဟုတ်၊
ဖြစ်တိုင်း ဖြစ်တိုင်းသော စိတ်ယုတ်မာများက
တစ်သန ္တာန်လုံး (တစ်ကိုယ်လုံး)
ထုံမွှန်းနေရကား နောက်နောက် ဘဝပေါင်းများစွာသို့လည်း
စိတ်ယုတ်မာ အဆက်ဆက်ဓာတ်သတ္တိ
ကူးစက်နေသောကြောင့်
ထိုသူကို ရင့်မာသော ပါရမီရှင်ဟုဆိုဖို့ရန်
လွန်စွာခဲယဉ်းသည်။
ထို့ကြောင့် မိမိကိုယ်ကို
ပါရမီရှင်များစာရင်း
မပါဝင်မည်စိုး၍လည်း
ယုတ်မာဆိုးရွားသော
စိတ်များကို
အမြန်ဆုံး ပြင်ထိုက်ကြပေသည်။
(ကျေးဇူးတော်ရှင် ဆရာတော်ဘုရား အရှင်ဇနကာဘိဝံသ )
source: https://www.facebook.com/mawkon.thakhin.1
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
0 Comments
Post a Comment