ဘဝတစ်ခု၏ အနှစ်သာရ
=============
ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့ အနှစ်သာရကို ရအောင်ယူတတ်ဖို့ လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ
တစ်ခုမှာ သက်သက်သာသာနဲ့ ဘဝခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အကြောင်းအရာဟာ
ကောင်းမှုကုသိုလ်ပဲ ဖြစ်ပါတယ်။
”သုခေါ ပုညဿ ဥစ္စယော။ ပုညဿ-ကုသိုလ်ကောင်းမှု၏၊ ဥစ္စယော-စုမိဆောင်းမိခြင်း
သည်၊ သုခေါ-ချမ်းသာသုခ ရခြင်း၏ အကြောင်းရင်း ဧကန်စင်စစ် မှန်ပါပေ၏။” လို့မြတ်ဗုဒ္ဓ
ကဟောတော် မူပါတယ်။ ဘဝတစ်ခု ရလာတာနဲ့ကုသိုလ်ကောင်းမှု စုဆောင်းမိဖို့ပါ။ ကု
သိုလ်ကောင်းမှုကို အကြောင်းပြုပြီးတော့ ရလာတဲ့ ချမ်းသာသုခဟာ အင်မတန်မှ ကြီးမားတဲ့
ချမ်းသာသုခ ဖြစ်တယ်။ ဥစ္စာဓနကို အကြောင်းပြုပြီး ရလာတဲ့ ချမ်းသာသုခဆိုတာ အလွန်တ
ရာမှ နည်းတယ်။ အတိုင်းအတာတစ်ခု အနေနဲ့လည်း နည်းတယ်။ အချိန်အခါ အနေနဲ့လည်း
နည်းပါတယ်။
ပိုက်ဆံရှိလို့ချမ်းသာတယ်ဆိုတာ ”ရှိချမ်းသာ”ပဲ ခံစားလို့ရတယ်။ ပိုက်ဆံရှိတယ်ဆိုတဲ့
အတွေးလေးနဲ့ စိတ်ထဲမှာချမ်းသာတယ်။ သို့သော် ရှိချမ်းသာဆိုလို့ ရှိတိုင်းချမ်းသာတာလား
မေးရင်၊ ရှိလို့ ဆင်းရဲနေတာတွေလည်း ရှိသေးတယ်။ စဉ်းစားကြည့် ရှိချမ်းသာဆိုတာ ရှိလို့
ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ရှိလို့မချမ်းသာမှုက ဘာတွေလဲဆိုရင် ပိုက်ဆံချမ်းသာတဲ့
ပုဂ္ဂိုလ်တွေ၊ စည်းစိမ် ဥစ္စာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်၊ ရှိတဲ့ စည်းစိမ် ဥစ္စာတွေပေါ်မှာ
ကြောင့်ကြ စိုးရိမ်မှု ဖြစ်ကြတယ်။ တို့ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်စုံတစ်ခုကြောင့် ပျက်စီးသွားမှာ
လားလို့ တွေးပူရတယ်။ ရှိတဲ့ ပစ္စည်းကို အကြောင်းပြုပြီး ချမ်းသာတာ တစ်ခုတည်း မဟုတ်
ဘူး။ ဆင်းရဲတာလဲ ပါလာတယ်။ စိုးရိမ်ကြောင့်ကြမှု ဖြစ်တတ်တယ်။
အဲဒီ ”အတ္ထိသုခ” ဆိုတဲ့ ရှိချမ်းသာဟာ တစ်စိတ်တစ်ဒေသလောက်ပဲ ချမ်းသာတယ်လို့
ပြောရမယ်။ အပြည့်အ၀ ချမ်းသာတာ မဟုတ်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက” စည်းစိမ်
ဥစ္စာရှိရင် ချမ်းသာလိမ့်မယ်၊ စည်းစိမ်ဥစ္စာ များများရအောင်စုကြ” ဒီလို မဟောဘူး။”ကုသိုလ်
ကောင်းမှု စုဆောင်းမိအောင်လုပ်၊ ကုသိုလ်ကောင်းမှုရှိမှ ချမ်းသာတယ် ”လို့သာဟောတာ။
အင်မတန်မှ လေးနက် မှန်ကန်တယ်။ ပိုက်ဆံရှိတာနဲ့ ကုသိုလ်ရှိတာ မတူဘူး။ ပိုက်ဆံရှိလို့
ငါရှိတယ်။ ငါသုံးနိုင်တယ်ဆိုတဲ့ အတွေးလေးဝင် လာတဲ့အခါမှာ ချမ်းသာတယ်။ အော် ငါပိုင်
ဆိုင်တဲ့ ပစ္စည်းတွေ လုံခြုံမှုရှိရဲ့လားလို့ တွေးလိုက်လို့ရှိရင် စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။
တစ်ဖက်ကကြည့်ရင် ချမ်းသာသော်လည်း တစ်ဖက်ကကြည့်ရင် ချမ်းသာတယ်လို့ ပြောလို့
မရဘူး။ စိတ်ဆင်းရဲ ရတယ်။
ကုသိုလ်ကောင်းမှုကတော့ အဲဒါမျိုး မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်
တစ်ယောက်ဟာ ကိုယ့်မှာ အားကိုးတစ်ခု ရှိနေတယ်။ ငါ့မှာ ကုသိုလ်ကောင်းမှု ရှိတယ်ဆိုတဲ့
အတွေးဝင်တဲ့ အခါမှာလည်း ချမ်းသာတယ်၊ ကုသိုလ်ကောင်းမှု ရှိသည့်အတွက် ထိုကုသိုလ်
ကောင်းမှုတွေ ပျောက်ပျက်သွားမလားလို့ တွေးပြီး ပူပင်စရာလည်း မရှိဘူး။ ရေ၊ မီး၊ မင်း၊
ခိုးသူ၊ မချစ်မနှစ်သက်အပ်သော အမွေခံ သားဆိုး၊ သမီးဆိုးတွေရဲ့ အန္တရာယ်ကြောင့် ကိုယ့်
မှာရှိတဲ့ ကုသိုလ်တွေ ပျောက်သွားမလားလို့ တွေးပြီး ပူပင်စရာလည်း မရှိဘူး။ အဲဒီတော့
ကုသိုလ်က ချမ်းသာသက်သက် ပေးပါတယ်။
စိန်၊ ရွှေ၊ ရတနာ၊ ကား၊ တိုက်တာအဆောက်အဦး၊ ရာထူး၊ အာဏာတွေ ဆိုတာ အကာ
တွေပါ။ အကာပေါ်မှာပဲ လူတွေက သံယောဇဉ် တွယ်ပြီးတော့ အကာနဲ့ပဲ အချိန်ကုန်သွား
တယ်။ အနှစ်မရလိုက်ဘူး၊ လောကမှာ အနှစ်ဆိုတာ ဘာလဲလို့ ရှေးဆရာတော်ကြီးတွေ
ဟောထားတာရှိတယ်၊ ”ယံ-ကိဉ္စ ဗာဟိယံ ဝတ္ထု၊ ယထာကာမံ ပဘိဇ္ဇတု” ကိုယ့်ခန္ဓာကိုယ်၊
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ တိုက်တွေ၊ စိန်တွေ၊ ကားတွေ၊ ရွှေတွေ၊ ငွေတွေ၊ အဝတ်အစား
တွေ ခန္ဓာကိုယ်ကြီး အပါအဝင်၊ ဒါတွေကို အပြင်ပစ္စည်းတွေလို့ခေါ်တယ်။
”ဗာဟိယ”ံ-အတွင်း အနှစ်သာရ မဟုတ်တဲ့၊ အပြင်မှာဖြစ်တဲ့၊ ”ယံကိဉ္စိ ဝတ္ထု”-မည်သည့်
ပစ္စည်းမဆို၊ ”ယထာကာမံ ပဘိဇ္ဇမှိ”-သူဟာသူ ပျက်ချင်ပျက်ပါစေ၊ ဘာတွေပျက်ပျက် ဂရုမ
စိုက်နဲ့လို့၊ ဒီလို ဆိုထားပါတယ်။ တန်ဖိုးမရှိတ၊ဲ့ အနှစ်သာရ မဟုတ်တဲ့ အကာတွေမှာ ပျက်
ချင်ပျက်ပါစေ။ ”အဇ္ဈတ္တမှိ အဘိန္နမှိ”-အတွင်းဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့
တကယ့်အနှစ်သာရ မပျက်စီးဘူးဆိုရင် (အကာတွေ ဘယ်လောက်ပျက်ပျက်) အနှစ်မပျက်
ရင် မပျက်ဘူးပါဘူ။ အနှစ်သာရ ရအောင်ယူဖို့ အရေးကြီးပါတယ်။ ဘဝတစ်ခုမှာ သက်သက်
သာသာနဲ့ ဘဝခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အနှစ်သာရကို ရအောင်ယူနိုင်တဲ့သူ ဖြစ်နိုင်
ပါစေသတည်း။ ။
{ ၁၃၆၉-ခုနှစ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ အကာကိုပစ်၍ အနှစ်ကိုရှာ တရားတော်
မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘဝသံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
#ဦးသိန်းဝေ။
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment