{{ ♣ အမြတ်ဆုံးတရားလေးပါး ♣ }}
********************************
တိုးတက်မှုတွေထဲမှာ အသိဉာဏ်တွေရဲ့တိုးတက်မှုဟာ အမြတ်ဆုံးပါ၊
အသိဉာဏ်ပညာတိုးတက်မှုရှိတဲ့သူတွေဟာ အရာရာမှာ အောင်မြင်ပါတယ်၊
မသိနားမလည်ဘူးဆိုရင် အရာရာမှာ မအောင်မြင်နိုင်ပါဘူး၊
အသိဉာဏ်ပညာရဲ့အစစ်ဟာ တိုးတက်ခြင်း၊ကြီးပွါးခြင်းဟာအမြတ်ဆုံးပါဘဲ။
ငွေကြေးချမ်းသာတာထက် အသိဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာ ပို၍ချမ်းသာစေပါတယ်။
အသိဉာဏ်ကဆင်းရဲဒုက္ခကို အဆုံးထိ ချုပ်ငြိမ်းပေးနိုင်တယ်။ ချမ်းသာသုခကို ဆောင်ကျဉ်းပေးနိုင်တယ်။
အသိဉာဏ် မရှိတဲ့သူဟာ ဒုက္ခတရားတွေနဲ့ပဲကြုံတွေ့နေရမှာပဲ။
ချမ်းသားခြင်းဆိုတဲ့ သုခကို မဆောင်နိုင်ပါ။ ကောင်းမှုကိုမြတ်နိုးသောသူဟာချမ်းသာ၏ ၊
မမြတ်နိုးသောသူဟာဆင်းရဲ၏။
ဝိပဿနာအကြောင်း ၊ခန္ဓာအကြောင်းမသိတဲ့သူတွေဟာ
ဘဝမှာအင်မတန်မှ ဒုက္ခမီးတွေနဲ့ဆင်းဆင်းရဲရဲနေရပါတယ်။
အသိဉာဏ်ရှိတဲ့သူတွေဟာ ပုထုဇဉ်အဆင့်မှအရိယာမဂ်အဆင့်သို့
့တက်သွားပြီး ဒုက္ခတွေကကင်းပြီး ချမ်းသာမှုနယ်ထဲသို့ရသွားပါတယ်။
ဘာကြောင့်လဲဆိုတော့ အသိဉာဏ် ပညာတွေကြောင့်ပါ။
လောကကြီးမှာ အရေးကြီးဆုံးကအသိဉာဏ်ပညာပါ။ မိမိတို့ကြိုးစားဖို့လိုတယ်။
အဝိဇ္ဇာ မသိမှုနိမ့်ကျသွားတဲ့အရာတွေထဲမှာ အမြတ်ဆုံးအကောင်းဆုံးပါဘဲ။
သိမှုတွေမြင့်တင်ပေးဖို့လိုတယ်။ မသိမှုတွေကိုနဲနဲသွားအောင် လျော့ချပေးရမယ်။
အမှောင်ကိုဖျောက်၊ အလင်းကိုအစားထိုးဖို့လိုတယ်။
ကံ၊ကံ၏အကျိုးကို သိနားမလည်သေးဘူးဆိုရင် သိမှုတွေဖြစ်အောင် မြင့်တင်ပေးရပါမယ်။
မသိတာတွေကိုလျော့ချဖို့အတွက်နည်းသွားအောင် လုပ်ပေးရမှာ။
သိမှုတွေဖြစ်အောင် လုပ်ပေးရမယ်။ ဘဝဟာမမြဲဘူးဆိုတာက သိဖို့လိုပါတယ်။
မသိမှုက လျော့ပေးရမှာပါ။ သစ္စာလေးပါးကိုသိဖို့ရန်အတွက်မသိမှုကိုလျော့ပေးရမှာပါ။
သစ္စာလေးပါးသိရန်အတွက် ဝိဇ္ဇာဉာဏ်ပညာဖြစ်အောင် လုပ်ဖို့လိုပါတယ်။
သစ္စာလေးပါးကိုသိအောင် ဘယ်လိုလုပ်ရမလဲ၊
ဤခန္ဓာကိုယ်ကြီးသည်ဆင်းရဲခြင်း ၊ ဒုက္ခဖြစ်ရခြင်းပါဘဲ။
{{ပဋိသန္ဓေ ၊ အို၊ နာ ၊သေ ၊ ဟုလေးထွေရင်းမြစ် ၊ဒုက္ခဖြစ်၏။ }}ဟု
မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမခဲ့၏။
ငါရဲ့ဘဝဟာ သေဆုံးခြင်းနဲ့အဆုံးသတ်ရမှာဘဲလို့ဆင်ခြင်ရမှာဘဲ။
မသေတဲ့သတ္တဝါဆိုတာမရှိပါဘူး။ နောက်ဆုံးဘာတွေဘဲဖြစ်ဖြစ်၊
ဖြစ်ပြီးရင် အားလုံးဟာပျက်စီးခြင်းသို့ရောက် ရှိရတာပါဘဲ။
{{ မချစ်ယှဉ်တွဲ၊
ချစ်သူကွဲနဲ့၊
လိုလည်းမရ၊
အကျဉ်းပြသော် ပဉ္စဥပါဒါနက္ခန္ဓာ၊
သစ္စာဒုက္ခမက်မောလှ။ }}
(လောဘ)လိုခြင်တဲ့အရာအားလုံးဟာ ဒုက္ခကြီးတွေပါဘဲ။
ဆင်းရဲကြီးဆိုရင် လောဘကြောင့်ပါဘဲ။ လောဘမလျော့ရင် ဒုက္ခမလျော့။
လောဘမရှိမှဘဲ ဒုက္ခမရှိမှာပါ။ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်သည်သာလျှင်
ဒုက္ခတွေကိုချုပ်သွားစေနိုင်တယ်။ ဒါဟာအမှန်တရားပါဘဲ။ မိမိသန ္တာန်မှာ မှန်ကန်သောအမြင်
တွေ့မြင်လာပြီဆိုရင် သမ္မာဒိဌိဘဲပေါ့၊ အဲဒီသမ္မာဒိဌိခေါင်းဆောင်ဟာအရေးကြီးဆုံးပါဘဲ။
သစ္စာလေးပါးထဲမှာ အဓိကသိအောင် ရှာရမှာက ဒုက္ခသစ္စာကိုသိမြင်အောင်
လုပ်ရမှာပါ။ ဒုက္ခသစ္စာကိုသိအောင် မြင်အောင်အရင်းနီးဆုံးကြိုးစားရမှာပါ။
ဆင်းရဲတာကိုမသိလို့ လိုခြင်တာပေါ့။ ဒုက္ခသစ္စာကိုတွေ့သွားပြီဆိုရင် သမုဒယကိုပယ်ပါတယ်။
ဒုက္ခသစ္စာကိုတွေ့သွားပြီဆိုရင် မဂ္ဂင်ရှစ်ပါးပွားနေရာရောက်ပါတယ်။
အလင်းရောင်ကိုများများမြင်အောင်လုပ်လေ အမှောင်တွေဟာပျောက်သွားလေပါဘဲ၊
ပိုပြီးလင်းသွားလေ အမှောင်တွေကိုရှင်းသွားသလိုပါဘဲ။
လောကကြီးမှာအသိဉာဏ်မြင့်ဖို့၊မသိတာကိုလျော့ဖို့အတွက် အရေးကြီးပါတယ်။
ခြေဖြင့်သွားတဲ့သတ္တဝါတို့တွင် သံဃာဟာအမြတ်ဆုံးပါဘဲ။ သံဃာဟာအပေါင်းအစုပါ၊
အယူနဲ့သီလ တူမျှသူတို့၏ အပေါင်းအစုကို သံဃာဟု ခေါ်ပါတယ်။
သံဃာ(၂)မျိုးရှိ၏ ၊ သမုတိသံဃာ နှင့် ပရမတ္ထသံဃာဟူ၍၂မျိုးရှိ၏။
သိမ်ထံမှာ သမုတ်ထားတဲ့သံဃာဟာ သမုတိသံဃာပါ။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရှိထားတဲ့အရိယာပုဂ္ဂိုလ်တွေကို ပရမတ္ထသံဃာဟုခေါ်ပါတယ်။
အဲဒီ၂မျိုးဟာမြင့်မြတ်ဆုံးဖြစ်ပါတယ်။
လောကမှာအမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဟာဘယ်သူလည်းဆိုတော့မြတ်စွာဘုရား
ကိုယ်တော်မြတ်ကြီးဘဲပေါ့။ မြတ်စွာဘုရားဟာ ကိလေသာတွေကိုအမြစ်ပြတ်ဆုံး၊ အသန့်ရှင်းဆုံး၊အစင်ကြယ်ဆုံး ဖြစ်တဲ့အတွက်အမြင့်မြတ်ဆုံးလို့သတ်မှတ်တာပါ။
သံဃာတော်တွေဟာ
(၁)ကုသိုလ်ကောင်းမှုပေးပါတယ်၊ များစွာအထောက်အကူပြုပါတယ်။
(၂) အသိဉာဏ်ကိုလည်းပေးတယ်၊ မြတ်စွားဘုရားရဲ့တရားဒေသနာတော်တွေ
ကိုတစ်ဆင့်ပြန်ပို့ချပေးတဲ့အတွက် အသိဉာဏ်ကိုပေးခြင်းဖြစ်တယ်။
(၃)ငြိမ်းချမ်းမှုကိုပေးတယ်။
ငြိမ်းချမ်းတဲ့သံဃာကိုမြင်ရလို့နေထိုင်ရတာ
အင်မတန်မှ အေးချမ်းပါတယ်။
ဆိုကြပါစို့….လူအချင်းချင်းတောင်မှ
တရားဓမ္မနဲ့နေထိုင်ပြီးလုပ် နေတဲ့သူကိုမြင်ရင် အင်မတန်ဘဲ ငြိမ်အေးတာပါဘဲ၊
ငါလည်းအားကျလိုက်တာလို့ သူ့လိုဘဲငြိမ်းချမ်းခြင်လိုက်တာလို့ စိတ်ထဲမှာမဖြစ်ကြဘူးလား?၊
စကားကောင်းကို ပြောကြားတတ်သူတွေထဲမှာ မြတ်စွာဘုရားသည်အမြတ်ဆုံးပါဘဲ။
ဆိုလိုတာက မြတ်စွာဘုရားပြောကြားခဲ့တဲ့ စကားတော်တွေထဲမှာအမြင့်ဆုံးဖြစ်လို့ပါ။
ကောင်းမြတ်တဲ့စကားတွေထဲမှာ ဘယ်ပုဂ္ဂိုလ်မှမယှဉ်နိုင်ပါဘူး။
စကားတကာ စကားထဲမှာမြတ်စွာဘုရားရဲ့ စကားဟာအမြတ်ဆုံးပါ။
ဘာကြောင့်အမြတ်ဆုံးဖြစ်ရသလဲဆိုတော့
အချက်သုံးချက်ဖြင့်ဖေါ်ပြထားတယ်…။
(၁)ချမ်းသာစစ်၊ချမ်းသာမှန်ဖြစ်တဲ့နိဗ္ဗာန်ကိုရစေ၊ရောက်စေပါတယ်။
(၂)ဆင်းရဲ့ဒုက္ခတို့၏ အားလုံးကိုအဆုံးသတ်ပေးလိမ့်ပါမယ်၊ အဆုံးဖြတ်ပေးပါတယ်။
(၃)ဘေးအန္တရာယ်၊ရန်အသွယ်သွယ်ကိုငြိမ်းသတ်ပေးနိုင်တယ်။
နိဂုံးချုပ်ပေးလိမ့်မည်။
ဆိုလိုတာကချမ်းသာသုခတွေရလေလေ၊ မြတ်စွာဘုရားကိုကြည်ညိုလေ။
တရားရဲ့အရသာကိုခံစားရလို့တရားရဲ့အသံကိုကြားရလို့ဆို ပိုပြီးမြတ်စွာဘုရားအပေါ်မှာကြည်ညိုကြပါလိမ့်မယ်။
မြတ်စွာဘုရားရဲ့တရားအသံသည် သတ္တဝါတွေရဲ့စိတ်သန ္တာန်ကို အေးချမ်းမှုတွေအပြည့် အဝပေးပါတယ်။
ဒါကြောင့်မြတ်စွာဘုရားသည်သာလျှင် အမြတ်ဆုံးဖြစ်၏ဟုဦးဇင်း
တို့နိဂုံးချုပ်ရင်း အမျှဝေ သာဓုခေါ်နိုင်ကြပါစေ။
သာဓု၊သာဓု၊သာဓုပါဘုရား။
သစ္စာရွှေစည်ဆရာတော် အသျှင် ဥတ္တမ
credit to: https://www.facebook.com/japu.ma.52
-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထို
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment