”ကျေးဇူးတရားအလေးထားခြင်း ”
★★★★★★★★★★
ကျေးဇူးဆိုတဲ့ မြန်မာစကားဟာ
တစ်ဖက်သားက ကိုယ့်အပေါ် မှာ
တစ်စုံတစ်ခု လုပ်ခဲ့တဲ့ ကူညီခဲ့တဲ့ စောင့်ရှောက်ခဲ့တဲ့
ဖေးမခဲ့တဲ့ အရာတစ်ခုကို အသိအမှတ်ပြုခြင်းပဲလို့ဒီလိုပြောတာ။အသိအမှတ်ပြုဖို့လိုတယ်။
အသိအမှတ်ပြုရင် လူတော်လူကောင်း
သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား။
အသိအမှတ်မပြုဖူးဆိုလို့ရှိရင်
လူယုတ်မာတို့ရဲ့စိတ်နေသဘောထားလို့ ဒီလိုခွဲခြားမှတ်သားရတယ်ပေါ့။
အဲ့တော့ ကျေးဇူးသိသူကို ကတင်ညူလို့ခေါ်တယ်.
ကျေးဇူးမသိသူကိုကျတော့ အကတင်ညူ လို့ခေါ်တယ်။




ကျေးဇူးသိသူနဲ့ ကျေးဇူးမသိသူဟာ အင်မတန်မှ ကွဲပြားခြားနားတယ်။
လောကမှာ ကျေးဇူးသိသူတွေဟာ လူတော် လူကောင်းလို့သတ်မှတ်ခံရပြီးတော့
ကျေးဇူးမသိသူတွေဟာ သူယုတ်မာလို့ အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့
ပညာရှိများက ရှုံ့ချကြတယ်။

အဲ့ဒီထဲမှာ ကျေးဇူးမသိယုံမျှ မက
ကျေးဇူးတရားကို ချေဖျက်တယ်ဆိုတဲ့စကားကျတော့ မက္ခလို့ခေါ်တယ်။
မက္ခဆိုတဲ့ စကားလုံးက ချေဖျက်ပစ်တာ။
ရှိတဲ့အရာတစ်ခုကို ချေဖျက်ပြစ်တာ။

ဘောပေါ်မှာ ရေးခဲ့တဲ့ အရာတစ်ခုကို ဖျက်ပစ်လိုက်တာ။
တကယ်ရေးခဲ့တာကို အသိမှတ်ပြုယုံမျှ မက ဖျက်စီးပြစ်လိုက်တာ။

အများအပေါ်မှာဖြစ်စေ သတ္တဝါ သက်ရှိအပေါ်မှာပဲဖြစ်စေ
အကျိုးလိုလားတဲ့ သဘောတရားကို မေတ္တာလို့ခေါ်တာ။
မေတ္တာဆိုတာ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ်
ဆူကြုံနိမ့်မြင့်မရွေး
ပုဂ္ဂိုလ်အားလုံးရဲ့ အကျိုးစီးပွားကို လိုလားတယ်ဆိုတဲ့စိတ်ဓာတ်ဟာ
အလွန်မွန်မြတ်တဲ့ စိတ်ဓာတ်ပဲ။
ကိုယ်ဆောင်ရွက်နိုင်တာ မဆောင်ရွက်နိုင်တာ အဓိက မဟုတ်ဘူး။
စိတ်ထားဖြူစင်မှုဆိုတာ မုန်းတီးမှုရဲ့ ဆန့်ကျင်ဘက်။
အလကားနေရင် လူတွေဆိုတာ မုန်းတီးမှုတွေဆိုတာ ရှိတက်တယ်။
အဲ့ဒီမုန်းတီးမှုရဲ့ ဆန့် ကျင်ဘက်ဆိုတာ
အကျိုးစီးပွားကို လိုလားတဲ့
မေတ္တာတရားဆိုတာပဲဖြစ်တယ်။

ဒ့ါကြောင့်မို့အားလုံးသတ္တဝါတွေရဲ့ အကျိုးစီးပွား
ဟိတ- ဆိုတာ အခြေကောင်း အနေ ကောင်းတွေဖြစ်ပါစေ။
လူတိုင်း အဆင်ပြေကြပါစေဆိုတဲ့ စိတ်နေသဘောထားတွေပဲ။

အေး ..လောက လူသားတွေက
ကိုယ်လိုရင် တစ်မျိုး..မလိုရင် တမျိုးဆိုတဲ့ စိတ်နေသဘောထားတွေရှိမယ်။
လူတွေက စိတ်မမှန်ဘူးဆိုတာ အရူးသာပြောနေကြတာ
ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်ရော
ငါရော စိတ်မှန်ရဲ့လားလို့။
မမှန်ကန်တဲ့စိတ်တွေထားတဲ့ ပုဂ္ဂိုလ်ဟာ
“ပုထုဇနော ဥမ္မာတကော” ဆိုသလိုပဲ အရူးပဲဲ။
လိုရင်တမျိုး မလိုရင် တမျိုးဆိုတာ မမှန်ကန်တဲ့စိတ်ပါပဲ။
ဒါကြောင့်စိတ်ဟာ အင်မတန်မှ အရေးကြီးတယ်။
စိတ်ဖြူစင်မှုဟာ အင်မတန်မှ အရေးကြီးတယ်။

အဲ့တာကြောင့်မို့လိုတမျိုး မလိုတမျိုးဆိုတဲ့စိတ်ဓာတ်မျိုးမထားဘူး။
အားလုံးအပေါ်မှာတစ်ညီတည်း
ကိုယ့်မိတ်ဆွေပဲဖြစ်စေ၊ ကိုယ့်ရန်သူပဲဖြစ်စေ၊ကိုယ်နဲ့မသိသူပဲဖြစ်စေ
အဲ့ဒီပုဂ္ဂိုလ်တွေ အားလုံးအပေါ်မှာ အကျိုးစီးပွားကိုလိုလားတယ်။
အားလုံးအဆင်ပြေကြပါစေ၊သူ့ဘဝမှာပျော်ရွှင်ကြပါစေ၊
ဘဝမှာ အဆင်တပြေ ရှိကြပါစေဆိုတဲ့ စိတ်ထဲမှာထားနိုင်ပြီဆိုရင်
ကိုယ့်ရင်ထဲ နှလုံးထဲမှာ အေးချမ်းလာတယ်။

မေတ္တာဆိုတဲ့ အေးချမ်းတဲ့နှလုံးသား
လောက လူသားတွေက မေတ္တာပို့လေးသာ နားထောင်ကောင်းအောင် ရွတ်နေတာ။
တကယ်စိတ်ထဲ နှလုံးထဲမှာ အေးချမ်းအောင် မထားတက်ဘူး။
ကိုယ့်မေတ္တာစွမ်းဆိုပြီးတော့ ခုန မေတ္တာပို့တွေရွတ်ကြတယ်။
ဆိုကောင်းလို့ဆိုနေတာမျိုး မဖြစ်စေရဘူး။

အားလုံးမေတ္တာဆိုသည်မှာ
တကယ့်စိတ်ထဲမှာ ရှိနေဖို့လိုအပ်တယ်။
စိတ်ထဲကိုက ဘယ်သူ့အပေါ်မှာ
အမုန်းတရား ကိုယ့်မှာ မရှိသင့်ဘူး။
အဲ့သလို မြင့်မြတ်တဲ့ စိတ်နေသဘောထားတွေရှိနေဖို့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။
မေတ္တာဆိုတဲ့ စကားလုံးလေးဟာ အင်မတန် သန့်စင်တဲ့ စကားလုံးဖြစ်လင့်ကစား
လောက လူသားတွေက မဟုတ်တဲ့ဘက်မှာ အသုံးပြုပြီးတော့
သူ့မေတ္တာရှိရင် ငါ့မေတ္တာရှိတယ်နဲ့
တဏှာ ရာဂ အတွေးတွေကိုလည်း
မေတ္တာလို့သုံးနေကြတယ်။
တကယ်ကတော့ မေတ္တာဆိုတာ အလွန် သန့်စင်တယ်ပေါ့။
ကိုယ့်အတွက် စဉ်းစားတာမဟုတ်ဘူး။သူ့အတွက် စဉ်းစားတာ။
တဏှာဆိုတာ ကိုယ့်အတွက် စဉ်းစားတာ။
မေတ္တာရဲ့နောက်မှာ အေးချမ်းမှုတွေရှိတယ်။
တဏှာရဲ့နောက်မှာ ပူလောင်မှုတွေရှိတယ်။

လောဘ မပြည့်လို့ရှိရင်
တဏှာဟာ မုန်းတီးမှု့ဘက် သယ်ဆောင်သွားတယ်။
မေတ္တာဟာ ကိုယ့်လောဘ နဂိုတကည်းက ထားတာမဟုတ်ဘူး။
တဖက်သားရဲ့ အကျိုးကို မျှော်ကိုးတာဖြစ်သောကြောင့်
ကိုယ့်လောဘ ပြည့်သည်ဖြစ်စေ…မပြည့်သည်ဖြစ်စေ
မေတ္တာဟာ အပြောင်းအလဲ မရှိဘူး။
ဒီလိုဆိုတာနော်။

အေး ..ဒါကြောင့်မို့လို အကျိုးစီးပွားကို လိုလားတာဟာ
မြင့်မြတ်တဲ့ စိတ်နေသဘောထားသာဖြစ်တယ်။
ဒါက အားလုံးကို ချု ံငုံပြီးတော့ ပြောလို့ရှိရင် မေတ္တာဟာ
အရေးကြီးဆုံးပဲလို့။

မေတ္တာပျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ကရုဏာလည်း မထားနိုင်ဘူး။ မုဒိတာလည်းမထားနိုင်ဘူးတဲ့။
ဒါကြောင့်မို့မေတ္တာဟာ အရေးကြီးတယ်လို့ဒီလိုပြောတာ။

ဒီမေတ္တာတရား ကြာရှည်စွာခံဖို့အတွက် နောက်က ဘာလိုက်ရသလဲဆိုတော့
ဥပေက္ခာလိုက်ရတယ်။ ဥပေက္ခာဆိုတာ ကိုယ့်စိတ်ကို
ကိုယ်က အကျိုးစီးပွားလိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က
ကိုယ့်က အကျိုးစီးပွားကို လိုလားလို့ဆောင်ရွက်ပေးတယ်။
ဆောင်ရွက်ပေးတဲ့ အခါမှာ ဥပေက္ခာ မထားနိုင်ရင် ဘာဖြစ်လဲဆိုတော့
သူ့ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလေးက အစ မျှော်လင့်လာတယ်။

ကိုယ်က ဘယ်လိုလုပ်ပေးထားတဲ့ အပေါ်မှာ
သူ့ဆီက တုန့်ပြန်မှုမလာဘူး ..ကျေးဇူးတင်တဲ့သဘောတွေမလာဘူး
ကိုယ့်အပေါ် ကျေးဇူးကန်းတယ်ဆိုရင် မခံမရပ်တွေဖြစ်လာတယ်။
ဒါဘာဖြစ်လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဥပေက္ခာမထားနိုင်လို့ဖြစ်တာ။

မျှော်လင့်ချက်နဲ့လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ
ဥပေက္ခာမထားနိုင်ဘူးဖြစ်တယ်။

ငါ ငယ်ငယ်တုန်းကတော့ သူ့ကိုစောင့်ရှောက်ထားလိုက်ရတာ။
ငါ့ အပေါ်မှာ ကျေးဇူးမတင်ဘူးလို့ ဒီလိုဖြစ်လာ အပြစ်တင်လာတက်လို့ရှိရင်
ဘာကြောင့်လဲဆိုရင် ဥပေက္ခာ မရှိလို့တဲ့ ဒီလိုပြောတာ။

ကိုယ်လုပ်တာ ကိုယ့်အတွက်ပဲလေ။
ကိုယ်လုပ်တာကိုယ်ပဲ။
သူမလုပ်တာ ကိုယ်နဲ့မဆိုင်ဘူး..သူနဲ့ဆိုင်တယ်။
ဒီလိုထားနိုင်ရမယ်။

လောကလူတွေသားတွေဟာ လုပ်တော့ပေးတယ်။
သို့သော် မျှော်လင့်တယ်။
မျှော်လင့်ချက်ကြီးနဲ့လုပ်ပေးတယ်။
အဲ့တာဘာလို့လဲဆိုရင် ဥပေက္ခာပါရမီ အားနည်းနေတယ်ပေါ့။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)

#credit Thant Gyi 
-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ