အရှုပ်တွေ လုပ်နေလို့ အလုပ်တွေ ရှုပ်နေရတာ
******************************
ရှုပ်တာတွေရှင်းရင်းနဲ့ ရှင်းနေရတာနဲ့ဘဲ
ရှုပ်နေပြန်တယ် ။
အဆုံးမရှိတဲ့ အရှုပ်တွေ အအားမရှိအောင်
ရှင်းနေရတာ လောက ။
အရှုပ်တွေ လုပ်နေလို့ အလုပ်တွေ ရှုပ်နေရတာ ။
အပိုတွေ လုပ်နေလို့ အလုပ်တွေ ပိုနေရတာ။
မခိုင်မြဲတာ အစွဲနာနေလို့ ခိုင်မြဲတာ မသိတာ။
ချမ်းသာမဟုတ်တာကို အစွဲနာနေလို့
ချမ်းသာစစ် မသိတာ ။
မရှိတာတွေကို အစွဲနာနေလို့ တကယ်ရှိတာ
မသိတာ ။
တငါငါနဲ့ အစွဲနာနေလို့ ငါမဟုတ်တာ မသိတာ။
ဖြစ်ချင်မှုနဲ့ မပေါင်းနဲ့ ။
အခုဖြစ် အခုပျက်ကလွဲလျှင် ဖြစ်ချင်စရာ
ဘာမှမရှိတာကို သိတဲ့ဉာဏ်နဲ့သာ အမြဲနေ
နိုင်အောင် ကျိုးစား ။
ဖြစ်ချင်စိတ် မရှိရင် ချမ်းသာပြီ ။
သံသယနဲ့ မပေါင်းနဲ့ ။ အခုဖြစ် အခုပျက်ကလွဲရင် သံသယဖြစ်စရာ ဘာမှမရှိတာကို သိတဲ့ဉာဏ်နဲ့သာ အမြဲနေနိုင်အောင် ကြိုးစား ။
ဒီအမှန်တရားအပေါ်မှာ သံသယစိတ် လုံးဝမရှိရင် ချမ်းသာပြီ ။
သေရမှာလဲ မပူနဲ့ ။ အခုဖြစ် အခုပျက်ကလွဲရင် သေစရာ ဘာမှမရှိတာကို
သိတဲ့ဉာဏ်နဲ့သာ အမြဲနေနိုင်အောင် ကြိုးစား ။
ပူပန်တဲ့စိတ်မရှိရင် သေစရာမရှိတော့ဘူး ။
သေတာဘဲ သိနေလို့ သေရတာ ။ အသေမရှိတာ သိရင် သေစရာမရှိတော့ဘူး။
တကယ်သိအောင် မကျိုးစားလို့ အထင်သံသယ ရှိနေတာ ။ တကယ်သိရင်
အထင် သံသယ မရှိတော့ဘူး ။
သဘာဝရိပ်သာဆရာတော် #ဦးဥတ္တမသာရ
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment