ရဟန်းခံပြီးသော်လည်း လူချွတ်ထိုက်သူ (၁၁)ယောက်နှင့် ရဟန်းမခံသင့်သူများ '

၁။ ပဏ္ဍက - ပဏ္ဍုပ် ဆိုတာ ပုံမှန် ယောင်္ကျားစိတ်မရှိသူ မစို မခြောက်များ၊

၂။ ထေယျသံဝါသက - ကိုယ့်ဘာသာ ဦးခေါင်းရိတ် သင်္ကန်းပတ်ကာ သာမဏေအစစ်ပုံစံ၊ ရဟန်းအစစ်ပုံစံ အယောင် ဆောင်ဖူးသူ၊ ရဟန်းများနှင့် အတူတူ စားသောက်နေထိုင်လေ့ရှိသူ၊

၃။ တိတ္ထိိယပက္က န္တက - အစပထမ ရဟန်းဘောင်မှ အခြားဘာသာသို့ပြောင်းလဲသွားပြီး နောက်တဖန် ရဟန်းဘောင်ဝင်လာသူ၊




၄။ တိရ စ္ဆာန - လူယောင်ဖန်ဆင်းနိုင်သော  နတ်၊ နဂါးများ၊ ဂဠုန်များစသည့် တိရိ စ္ဆာန်များ၊

၅။ မာတုဃာတက -  အမေကို သတ်ဖူးသူ၊

၆။ ပိတု ဃာတက - အဖေကို သတ်ဖူးသူ၊

၇။ အရဟ န္တဃာတက - ရဟ န္တာမထေရ်တပါးပါးကို သတ်ဖူးသူ၊

၈။ ဘိက္ခုနီ ဒူသက - ဘိက္ခုနီတပါးပါးကို ဖျက်ဆီးအနိုင်ကျင့်ဖူးသူ၊

၉။ သံဃဘေဒက - သံဃာကို သင်းခွဲသောသူ၊

၁၀။ လောဟိတုပ္ပါဒက - သက်တော်ထင်ရှား ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုလုပ်သူ၊

၁၁။ ဥဘတောဗျဉ္ဇနက - ဥဘတောဗျည်း ဆိုတာ ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးစလုံး ပါသူ၊

အထက်ပါ ( ၁၁ ) ယောက်တို့အား မည့်သည့်အကြောင်းနှင့်မျှ ရဟန်းခံမပေးရပါ၊ အကယ်၍ သံဃာက မသိလို့ ရဟန်း ခံ ပေး ပြီး သား ဖြစ်လျင်တောင်  ရဟန်းအသွင် ဖျက် ကာ လူထွက်စေရမည်၊ လူချွတ်ခိုင်းရမည်။

နောက်တဖန် …

၁၂။ အနုပဇ္ဈာယက - ရဟန်ခံပေးမည့် တာဝန်ခံ ဥပေဇ္ဈာယ်ဆရာ မရှိသူ၊

၁၃။  သံဃုပဇ္ဈာယက - ဥပေဇ္ဈာယ် ရှိသော်လည်းတပါးတည်းမဟုတ်ပဲ သံဃာအများကြီး ဖြစ်နေသူ၊

၁၄။ ဂဏုပေဇ္ဈာယက -  ဂိုဏ်းသံဃာဟူသော ဥပေဇ္ဈာယ် ရှိသူ၊

၁၅။ ဆရာဥပေဇ္ဈာယ်သည် ပဏ္ဍုပ်အခြောက်ဖြစ်နေလျင်၎င်း၊ အသွင်ခိုးဖူးသူ ဖြစ်နေလျင်၎င်း၊  တိရိ စ္ဆာန်ဇာတ် ဖြစ် နေလျင်၎င်း၊ ပဉ္စာနန္တရိယကံကြီး ၅ပါး တွင် တပါးပါး ကျူးလွန်ဖူးသူဖြစ်လျင်၎င်း၊ ဥဘတော ဗျည်းဖြစ်နေလျင်၎င်း ရဟန်းခံ မပေးကောင်းပါ၊ ( အရေအတွက်များသော်လည်း အင်္ဂါတပါးသာ ယူရပါမည် )

၁၆။ အပတ္တက - ကိုယ်ပိုင် သပိတ် မရှိသေးသူ၊

၁၇။ အစီဝရက - ကိုယ်ပိုင် သင်္ကန်း မရှိသေးသူ၊

၁၈။ အပတ္တ စီဝရက - ကိုယ်ပိုင် သပိတ်ရော သင်္ကန်းပါ မရှိသေးသူ၊

၁၉။  ယာစိတက ပတ္တ - ကိုယ်ပိုင်မဟုတ်ပဲ သူတပါးဆီက ခေတ္တငှါးရမ်းထားသော သပိတ်ဖြင့် ရဟန်းခံ လိုသူ၊

၂၀။ ယာစိတက စီဝရက - ခဏငှါးထားသော သင်္ကန်းဖြင့် ရဟန်းခံလိုသူ၊

၂၁။ ယာစိတက ပတ္တစီဝရက - ခဏငှါးထားသော သပိတ် သင်္ကန်း ၂ မျိုးလုံးဖြင့် ရဟန်းခံလိုသူ၊

အထက်ပါ နံပါတ်စဉ် ( ၁၂ ) မှ   ( ၂၁ ) အထိ သာသနာ့ဘောင် ဝင်လိုသူများသည် ရဟန်းခံလျင် ရဟန်း ဖြစ်၏၊ သို့ပါ သော် လည်း ဆရာဥပေဇ္ဈာယ်ဖြစ်သော ဆရာတော်မှာ ဒုက္ကဋ်အာပတ် သင့်၏။

_
ကျမ်းကိုး။   ။ န ဥပသမ္ပာဒေတဗ္ဗေက ဝီသတိဝါရ

မဟာခန္ဓက၊ ဝိနည်း မဟာဝါပါဠိတော်၊ ိနယပိဋက၊
-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ