“တရားသိလျှက် အကျင့်ခက်”
★★★★★★★★★★★★★★
သိတော့ သိတယ် ၊ သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့မလွယ်ကူဘူးတဲ့။
သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့သိတယ်ဆိုတဲ့ အသိက တစ်မျိုးပေါ့။
လက်တွေ့ကျင့်သုံးပြီး သိတဲ့ အသိက တစ်မျိုး။
အဲ့ဒီ နှစ်မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိဟာ
လက်တွေ့ကျင့်သုံးပြီး သိတဲ့ အသိလောက်
ခိုင်မှာမှု ၊ ရင့်ကျက်မှု မရှိဘူးပေါ့။ဘာဖြစ်လို့သတ္တဝါတွေဟာ
သိရဲ့ သားနဲ့မကျင့်နိုင်ကြတာလဲဆိုတော့
မကျင့်နိုင်ခြင်းရဲ့ အ ကြောင်းဖြစ်တဲ့ လောဘ ဒေါသ မောဟ စတဲ့
ကိလေသာတွေရဲ့ လွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့
အသိဉာဏ်လေးက အားပျော့သေးသိမ်နေလို့ပဲ ဖြစ်တယ်ပေါ့။
အကယ်၍သာ အသိဉာဏ်လေးက လွှမ်းမိုးသွားမယ်ဆိုလို့ရှိရင်
လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေက
အင်အားပျော့ညံ့သွားပြီး အသိဉာဏ်တွေက လွှမ်းမိုးလာမယ်ဆိုလို့ရှိရင်တော့
တရားသိလျှက် အကျင့်ခက်စရာ မရှိတော့ဘူးတဲ့။
တရားသိတဲ့အတိုင်း ကျင့်ကြံကျိုးကုတ် အားထုတ်နေမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ သတိထားဖို့ရာက
ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနဲ့ကြုံတွေ တဲ့အခါမှာ
သိအောင် သင်ကြားရမှာကတော့ နံပါတ်တစ်၊
မလွှဲမသွေ လုပ်ကြရမယ်။
ဒါကြောင့်မို့မြတ်စွာဘုရားကလည်း သာသနာတော်မြတ်ကြီးကို
နံပါတ်တစ် ပရိယတ္တိသာသနာ
ပရိယတ္တိဆိုတာ သင်ယူခြင်းလို့အဓိပ္ပါယ်ရတယ်။
မသင်ယူဘဲ မည်သူတစ်ဦးတစ်ယောက်မှ
တရားဓမ္မကို သိလာနိုင်စရာ အကြောင်းမရှိဘူး။
တရား နာတာဟာ သင်နေတဲ့သဘောပဲ။
နားက ကြားနာနေတာ သင်ယူခြင်းပဲ။
အေး သင်ယူပြီးတဲ့နောက်မှာ
လက်တွေ့ကျင့်သုံးမှုဆိုတာ နောက်ကလိုက်ရတယ်။
မြတ်စွာဘုရား အဆူဆူက ဆုံးမသြဝါဒပေးခဲ့တယ်။
“သဗ္ဗပါပဿ အကရဏံ” တဲ့။
ရုပ်မှာညစ်ကျု့၊ အကုသိုလ်မှန်သမျှ၊ မပြုလုပ်နဲ့။
ဒါက ဘုရားဟောတာ။
အဲ့တာကို ဘုန်းကြီးတို့တတွေ သင်ရမယ်။
ရုပ်မှာ ညစ်ကျု့အကုသိုလ်မှန်သမျှ ရှောင်ရမယ်ဆိုတာ
ဒီလို သင်လိုက်ပြီးတဲ့နောက်မှာ ဒါက သင်တာ။
သင်လိုက်ပြီးတဲ့နောက်မှာ
အကုသိုလ်ဆိုတာ မလုပ်ရဘူးဆိုတဲ့ အသိလေး
ကိုယ့်သန္တာန်မှာရှိတယ်။
ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်နိုင်ဖို့
မရှောင်ဘူးဆိုရင် ဒါ တရားသိလျှက် အကျင့်ခက်တာပေါ့။
ကုသိုလ်တရားတွေ မိမိသန္တာန်မှာ အပြည့်ရှိရမယ်တဲ့။
ကုသိုလ်တရားဆိုတာလည်း အဆင့်ဆင့်ရှိတယ်။
ဒါန ကုသိုလ်ရှိတယ်။
စွန့်ကျဲပေးကမ်း လှူဒါန်းခြင်းဖြင့်
ဖြစ်ပေါ်လာတဲ့ကုသိုလ် ဒါန ကုသိုလ်။
ကျင့်သုံးဆောက်တည်ခြင်းဖြင့် ဖြစ်ပေါ်လာတာ သီလကုသိုလ်။
မိမိစိတ်ကလေး ကောင်းတဲ့ အာရုံနဲ့ ပွားများတာ ဘာဝနာကုသိုလ်။
ရှေးဦးစွာသင်လိုက်ရမှ။
အဲ့ဒီကုသိုလ်တွေ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့အသိလေးရတာ။
အဲ့ဒီသိထားတဲ့အတိုင်း ဒါနကောင်းမှုလည်းလုပ်တယ်၊
သီလ ကောင်းမှုလည်း ဆောက်တည်တယ်၊
ဘာဝနာ ကမ္မဋ္ဌာန်းလည်း ကြိုးပမ်းအားထုတ်တယ်။
ကုသိုလ်တွေ ရအောင် ကျင့်သုံးတယ်ဆိုရင် ကျင့်သုံးတယ်လို့ခေါ်တယ်။
အကယ်၍ သိတော့သိတယ်။
ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံစေရမယ်ဆိုတဲ့ အသိလေးရှိသော်လည်း
ကုသိုလ်ကောင်းမှုကိုမလုပ်ဘူး မလုပ်ဘူးဆိုလို့ရှိရင်
ဒါလည်း တရားသိလျှက် အကျင့်ခက်ပဲတဲ့။
နောက်တစ်ခုက ကိုယ်စိတ်လေးကို ဖြူစင်အောင်ထားတဲ့။
စိတ်ဖြူစင်တယ်ဆိုတာက ညစ်နွမ်းတဲ့စိတ်တွေမရှိစေဘူး။
ညစ်နွမ်းတဲ့ စိတ်ဆိုတာ ဘာတုန်းဆိုရင်
လောဘဆိုတဲ့ အညစ်အကြေး
မောဟ ဆိုတဲ့ အညစ်အကြေး
ဒေါသဆိုတဲ့ အညစ်ကြေး
မာန် မာနဆိုတဲ့ အညစ်အကြေးတွေ္ပ
ဣဿာဆိုတဲ့ အညစ်အကြေးတွေ
မစ္ဆရိယဆိုတဲ့ အညစ်အကြေးတွေ
အဲ့ဒီတရားတွေ စိတ်ထဲမှာ ပေါ်လာပြီဆိုလို့ရှိရင်
စိတ်ဟာ ညစ်နွမ်းသွားတယ်လို့ခေါ်တယ်။စိတ်ဆိုတာ ညစ်နွမ်းသွားလို့
သဘာဝအားဖြင့်ပြန်ဖြူအောင် လုပ်လို့ရတယ်။
စိတ်ဟာ ပင်ကိုယ်သဘာ၀ အားဖြင့် ဖြူစင်တယ်။
စိတ်ဆိုတာ သန့်ပြန့်ဖြူစင်နေတဲ့ သဘာဝတရား။
သူက အာရုံကို သိရုံသိတာ။
တွယ်တာမှုဆိုတာလည်း မဖြစ်ဘူး။
မုန်းတီးမှုဆိုတာလည်း မဖြစ်ဘူး။
သိယုံမှ သက်သက်သိတာဆိုတော့ ဖြူစင်တယ်။
အခိုက်အတန့်ဖြစ်ပေါ်လာတဲ့ ဒေါသကြောင့်ညစ်နွမ်းသွားရတယ်။
ဒေါသဝင်လာလို့ရှိရင် ညစ်နွမ်းသွားရတယ်။
မာန်မာနတွေ ဣဿာတွေ မစ္ဆရိယတွေ ဝင်လာလို့ရှိရင်လည်း ညစ်နွမ်းသွားရတယ်။
နောက်မှ ဝင်လာတဲ့ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယဆိုတဲ့ အညစ်အကြေးတွေကို စနစ်တကျ သန့်စင် ဆေးကြော လိုက်မယ်ဆိုရင်
ပင်ကိုယ်က အနေအထား အတိုင်း ပြန်ရောက်သွားတယ်။
ဒါကိုပြောတာ….ကိုယ်စိတ်လေးကို စင်ကြယ်အောင်လုပ်လို့ဆိုတာ။
( ကျေးဇူးတော်ရှင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
source: https://www.facebook.com/mawkon.thakhin.1
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment