((ထာဝရအိမ်))
=============
🌷ယုံကြည်မှုသဒ္ဓါနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်သလို


🌷အယူသီလနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်တယ်…။

🌷ပေးလှူမှုစာဂနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်သလို

🌷အသိပညာနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်တယ်…။

🌷မတ်တောနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်သလို

🌷ကရုဏာနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်တယ်…။

🌷မုဒိတာနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်သလို

🌷ဥပေက္ခာနဲ့
တည်ဆောက်တဲ့အိမ်က
ထာဝရအိမ်ဖြစ်တယ်…။

တူလေးဖြာနဲ့ ညီညွတ်စွာ
တည်ဆောက်တဲ့အိမ်က
ကောင်းသော ထာဝရအိမ်ဖြစ်သလို

ဗြဟ္မစိုရ်တွေနဲ့ ချမ်းမြေ့စွာ
တည်ဆောက်တဲ့အိမ်ကလည်း
သာယာဖွယ်ရာ ထာဝရအိမ်ဖြစ်ပါတယ်။

🌷ဒါ့ကြောင့်…။

ဘဝရဲ့ချမ်းမြေ့မှုကို
အလိုရှိတဲ့သူတိုင်းဟာ
မိမိတို့အိမ်ကို မယိုင်မလဲခိုင်မြဲတဲ့
ထာဝရအိမ်ဖြစ်အောင် ကိုယ်စီပဲ
တည်ဆောက်ဖို့လိုအပ်ပါတယ်လေ…။
==========================
မေတ္တာဖြင့်
အရှင်စိတ္တိကရ(ရမ္မာမြေ)
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်