တရားမပါသော နေ့တစ်နေ့
*******************
တရားမသိဘဲ တစ်ရက်အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမသိ
ဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွန့်တက်တယ်။ အာရုံတစ်ခုခုကို တ
ရားနဲ့ယှဉ်စပ် သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိချေလျှင်




- သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ပါတယ်။

- မုန်းငြိုးပြစ်မှားမှုပေါ်လာပြီး ပြစ်မှားကျူးလွန်မိတတ်ပါတယ်။

- မသိမှုဖုံးအုပ်ခံရပြီးတော့လည်း ပြစ်မှားကျူးလွန်မိတတ်ပါတယ်။

သာယာမှုနဲ့ ပြစ်မှားနေရင် ဘေးကမသိသော်လည်း မိမိကိုယ်တိုင်တော့ သိ
လောက်ပါတယ်။ မုန်းငြိုးမှုနဲ့ ပြစ်မှားနေပြန်ရင်တော့ ဘေးက သိလွယ်မြင်လွယ်
ပါတယ်။ မသိမှုနဲ့ ပြစ်မှားနေရင်တော့ ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင်
မသိလိုက်ရတော့ပါဘူး။

တရားမပါတဲ့ နေ့တစ်နေ့ ဘယ်လောက်အပြစ်ကြီးနေပြီလဲ။

အယုတ်အလတ် အမြတ်တို့ အပေါ် ပြစ်မှားခဲ့သမျှ ကိန်းဂဏန်းချကြည့်ရင် အ
ကြွေးစာရင်းက ကြောက်ဖွယ်လိလိ။ တရားဆိုတဲ့ အသိမရမချင်း တစ်သံသရာ
လုံး ကြွေးဆပ်နေရလိမ့်မယ်နော်။

မဟာဗောဓိမြိုင်ဆရာတော်
----
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်