လောက တက္ကသိုလ်ကြီး
****************
 “ လောကကြီးဟာ သတ္တဝါတွေအတွက် အကျိုးအပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်”
ဆိုတာ ကြားဖူးကြမှာပါ။ နိတိကျမ်းတွေထဲမှာလည်း ဒီသဘောမျိုး ဆုံးမတာတွေ အများကြီးရှိပါ
တယ်။ စာဏကျနီတိကျမ်းမှာဆိုရင်---


        ခြင်္သေ့ဆီက သားကောင်ဖမ်းတဲ့အခါ ကြီးကြီးငယ်ငယ် စွမ်းအားမလျော့ဘူးဆိုတဲ့ အတတ်
ပညာ တစ်ခုကို ယူရမယ်။
        ဗျိုင်းဆီက သူ ငါးဖမ်းတဲ့အခါ အာရုံတခြား မပျံ့လွင့်စေဘဲ စူးစူးစိုက်စိုက် တည်တည်ငြိမ်
ငြိမ် စောင့်ဖမ်းတတ်တဲ့ အတတ်ပညာတစ်ခု ယူရမယ်။
        ခွေးများဆီက အရင်သခင်ရဲ့ အလိုကို သိတတ်ခြင်း၊ ကျွေးသမျှနဲ့ ရောင့်ရဲခြင်း၊ အိပ်လွယ်
ခြင်း၊ နိုးလွယ်ခြင်း၊ အရှင်သခင်ကို ခယဆည်းကပ်တတ်ခြင်း၊ ရောင့်ရဲလွယ်ခြင်းဆိုတဲ့ အတတ်
ပညာ ခြောက်မျိုးကို ယူရမယ်။
       မြည်းဆီက ဘယ်လောက် အလုပ် လုပ်ရလုပ်ရ မပင်ပန်းခြင်း၊ အချမ်းအပူကို မမူခြင်း၊
ရောင့်ရဲလွယ်ခြင်းဆိုတဲ့ အတတ်ပညာ သုံးမျိုးကို ယူရမယ်။
       ကျီးကန်းဆီက လျှိုးဝှက်တဲ့နေရာမှာသာ ကာမဂုဏ်ခံစားခြင်း၊ အရေးကြုံတဲ့အခါ စုပေါင်း
ညီညွတ်ခြင်း၊ ဘယ်တော့မှ မမေ့မလျော့ဘဲ ရန်သူက အငိုက်ဖမ်းလို့ မရအောင် နေခြင်း၊ မပျင်း
မရိခြင်းဆိုတဲ့ အတတ်ပညာ လေးမျိုး ယူရမယ်။
       ကြက်ဖဆီက တိုက်ခိုက်ခြင်း၊ စောစောထခြင်း၊ တွန်ချိန်တန်ရင် တွန်ခြင်း၊ ဆွေမျိုးများနဲ့
အတူတကွ စားသောက်ခြင်း၊ ကြက်မ ဒုက္ခရောက်ရင် ကူညီစောင့်ရှောက်ခြင်းဆိုတဲ့ အတတ်ပ
ညာ လေးမျိုးကို သင်ယူရမယ်။ အဲဒါတွေဟာ တိရစ္ဆာန်များဆီက လူတွေ သင်ယူသင့်တဲ့ အတတ်
ပညာတွေလို့  ညွှန်ပြထားတာ ရှိပါတယ်။
          ယူတတ်တဲ့ အသိဉာဏ်ရှိသူအတွက် သက်ရှိသက်မဲ့ လောကကြီးတစ်ခုလုံးဟာ အတတ်
ပညာစုံကို သင်ပြပေးနေပြီး အခကြွေးငွေလည်း မပေးရ။ အမြဲတမ်းလည်း ဖွင့်ထားတဲ့ တကယ့်
တက္ကသိုလ်ကြီးပါပဲ။ ရှေးက နီတိကျမ်းတွေကို ပြုစုခဲ့တဲ့ ပညာရှိကြီးတွေဆိုတာလည်း လောက
ကြီးကပေးတဲ့ အတတ်ပညာတွေကို သူတို့ကယူတတ်တဲ့ဉာဏ်နဲ့ယူပြီး တစ်ဆင့်ညွှန်ပြပေးကြတာ
ပါပဲ။ တစ်စတစ်စကျတဲ့ ရေတွေကြောင့် အိုးကြီးပြည့်လာတာပါ။ မြေကြီး တစ်မှုန့်ချင်းကိုစုပြီး
ခြတောင်ပို့တွေ တည်တာကို ကြည့်ပြီး စီးပွားရေး၊ ပညာရေးအတွက် ညွှန်ပြခဲ့တာတွေကို ကြည့်
ရင် လောကတက္ကသိုလ်ကြီး ဘယ်လောက်ကြီးကျယ် ပြည့်စုံတယ်ဆိုတာ မြင်တဲ့အတိုင်းပါ။
  { ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်နှင့် မထေရ်မြတ်
    တို့၏ စကားဝိုင်းကို ကိုးကားရေးသားပါသည်။ }

--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်