" စိတ်နောက်ကို လူမပါစေနဲ့ "
*****************
သံသရာ တစ်လျှောက်လုံး
စိတ်နောက်ကို လူပါလို့
မောခဲ့တာတွေ
များလှပြီ။



ဒီတော့
လူနောက်ကို
စိတ်ကလေးပါအောင်
ဆွဲနိုင်မှ ချမ်းသာရာ
ရလိမ့်မယ်။

ကိုယ်နောက်ကို
စိတ်ကလေးပါအောင်
ဆွဲဖို့ဆိုတာကလည်း
သူတော်ကောင်းတရားကို မကြာမကြာ
နာပေးမှ ဖြစ်လိမ့်မယ်။

တရားနာရရင်
ကိုယ်မသိတာလေးတွေ သိလာလိမ့်မယ်။
ကိုယ်သိပြီးသားတွေ
ဆိုရင်လည်း
တရားသတိပေါ်လာမယ်။

အဲဒါမှ ကိုယ့်စိတ်ကို
ကိုယ်နိုင်အောင်
ဆုံးမနိုင်လိမ့်မယ်။

တရားကို အသက်ကြီးမှ
လုပ်မယ်လို့
စိတ်မကူးပါနဲ့။

လေ့ကျင့်မထားတဲ့
စိတ်ဟာ
အသက်ကြီးလေ
ဆိုးလေ ဆိုးတတ်လို့ပါ။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်