ဘာဝနာတရားဖြင့် နေနည်း။
*****************
ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့ နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ဝိပဿနာအလုပ်၊ ဝိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ် အား
ထုတ်ရတဲ့ နည်းပါပဲ။
ပုံမှန်နေစဉ်အလုပ် အားထုတ်တဲ့ နည်းနဲ့သာ အချိန်မရွေး၊ အမူအရာမရွေး၊ ဂရုတစိုက်
အားထုတ်ရင် တရားလို့ခေါ်တဲ့ ဒီ သဒ္ဒါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေက မိမိတို့ရဲ့စိတ်
အတွင်းကို အားကောင်းစွာနဲ့ ဝင်ရောက်လာပါတယ်။
အဲဒီလို သူတော်ကောင်း တရားတွေ ဝင်လာမှာကျတော့ ကိုယ်ကဂရုမစိုက်၊ ဒီဘက်
လှည့်ဝင်တော့လည်း ကိုယ်က ဂရုမစိုက်၊ ဟိုဘက်လှည့်ဝင်တော့လည်း ကိုယ်ကဂရုမစိုက်
တော့ တရားတက်ဖို့ကို ကိုယ်ကိုယ်တိုင် ပိတ်ထားသလို ဖြစ်နေကြပါတယ်။
သူတော်ကောင်းတရား အစစ်တွေက ဟိုဘက်ကလှည့်ဝင် ဒီဘက်က လှည့်ဝင်တော့
လည်း ဖြစ်တဲ့အခိုက် နေစဉ်အလုပ် အားမထုတ်ဘဲ စိတ်မပါ လက်မပါဆိုတော့ တရားအ
လာ ပိတ်ထားသလို ဖြစ်နေကြပါတယ်။ ဘာတံခါး ပိတ်တာလဲဆိုရင် သဒ္ဓါမရှိ၊ သတိမရှိ၊
ဝီရိယမရှိ၊ သမာဓိမရှိ၊ ပညာမရှိ၊ ဂရုမစိုက်တဲ့အတွက် တံခါးပိတ်ထားတာပါ။
ဒါကြောင့် တရားထိုင်ရင်လဲ အသိဉာဏ်နဲ့ စိတ်ပါလက်ပါ ထိုင်ရပါမယ်။ အစာစားရင်
လည်း သတိဉာဏ်နဲ့ စိတ်ပါလက်ပါ စားရပါမယ်။ သွားရင်းလာရင်းလည်း ဂရုတစိုက်လေး
နဲ့သာ မိမိတို့ အသိဉာဏ် ကလေးနဲ့မိမိတို့ တကယ် အလုပ်လုပ်ရင်၊ထိုင်ရင်းလည်း ထိုင်
မှန်းသိပြီး ဂရုစိုက်ရင် ဓမ္မသဘောတွေ သေချာသိပါတယ်။
ရပ်ရင်လည်း ရပ်မှန်း သိရာကနေ ဂရုစိုက်ရင် ဓမ္မသဘောတွေကို သေချာသိပါတယ်။
လမ်းလျှောက်လို့ လျှောက်မှန်း သိရာကနေ ဂရုစိုက်ရင် ဓမ္မသဘောတွေကို သေချာသိပါ
တယ်။ စားရင်လည်း စားမှန်း သိရာကနေပြီးတော့ စားတဲ့အထဲ ဂရုစိုက်ရင် ဓမ္မသဘောတ
ရားတွေကို သေချာသိပါတယ်။
သေချာသိတယ်ဆိုတော့ ဘယ်ဓမ္မသဘောတွေကို သိတာလဲလို့မေးရင် ဘာတွေကို
သိတယ်လို့ တစ်မျိုးတည်းကို မပြောလိုပါ။ တစ်ဦးနဲ့တစ်ဦး ဓမ္မသဘောတွေကို သိပုံချင်း
အာရုံပြုပုံချင်း နှလုံးသွင်းပုံချင်း အမြင်ချင်းက မတူညီနိုင်ကြပါဘူး။ ဒါပေမဲ့ ဂရုစိုက်ရင်
တော့ သဒ္ဒါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တရားငါးမျိုး ရပြီဆိုရင်တော့ တရားသတ္တိချင်း
တူတာကိုတော့ ပြောဝံ့ပါတယ်။ ဘာဝနာ တရားအလုပ် ဖြစ်ပြီလို့ ပြောဝံ့ပါတယ်။
အဲဒီလို သူတော်ကောင်း တရားတွေ တိုးပွားအောင် လုပ်တာကို”ဘာဝနာ လုပ်တယ်“
လို့ခေါ်ပါတယ်။ ဒါကြောင့် မိမိတို့တစ်တွေ ဘာဝနာအလုပ် အားထုတ်တဲ့အခါ စိတ်ပါလက်
ပါ အားထုတ်ပါ။ ဂရုတစိုက် အားထုတ်ပါ။ စိတ်ပါလက်ပါ ဂရုတစိုက် အားထုတ်ဖို့ အခြေခံ
အနေနဲ့ ထိုင်ရင်ထိုင်မှန်း သိပါ။ ထိုင်တဲ့ဆီ စိတ်ထားပါ။
ရပ်ရင် ရပ်မှန်းသိပါ။ ရပ်တဲ့ဆီ စိတ်ထားပါ။လျောင်းရင် လျောင်းမှန်းသိပါ။ လျောင်းတဲ့
အထဲ စိတ်ထားပါ။ လမ်းလျှောက်ရင် လမ်းလျှောက်မှန်း သိပါ။ လမ်းလျှောက်တဲ့ဆီ စိတ်
ထားပါ။ လက်လှုပ်၊ ခြေလှုပ်၊ မျက်တောင်ခတ်၊ ပါးစပ်ဟ စတဲ့အချိန်တွေမှာလည်း သိပါ။
သေချာသိအောင် စိတ်ထားပါ။
နေ့စဉ်အလုပ်ကို နေစဉ်လုပ်သွားတယ်ဆိုတာ ပင်ပင်ပန်းပန်း ဣရိယာပုတ် ပြောင်းစ
ရာ၊ နေရာတစ်ခု အသီးအခြား ယူစရာ မလိုတော့ပါဘူး။ နေရာ ရွေးစရာ မလိုတော့ပါဘူး။
အမူအရာ ရွေးစရာ မလိုတော့ပါဘူး။ အလုပ်ရွေးစရာ မလိုတော့ပါဘူး။ အချိန် ရွေးစရာ မ
လိုတော့ပါဘူး။ သူများတွေနဲ့ ပြဿနာ ဖြစ်စရာ မလိုတော့ပါဘူး။
ဒါကြောင့်မို့ မိမိတို့ တတွေလည်း နေစဉ်အလုပ် ဝိပဿနာ အားထုတ်မှုကြောင့် တစ်
ဆင့်ပြီးတစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်
ကြတဲ့၊ စံစားနိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။
{ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၏ “နေ့စဉ်အလုပ် နေစဉ်လုပ်” တရားတော်မှ
ကောက်နုတ် ရေးသားပါသည်။}
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment