ဘဝ တစ်ခု ရလာပြီဆိုရင် ရလာတဲ့ ဘဝဟာ
ထာဝရ တည်ငြိမ်တဲ့ ဘဝလား ?

❖ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။
မနက်မိုးသောက် အလင်းရောက်ပြီးတဲ့အခါ ။
နေဝင်ပြီးနောက် ညချမ်းရောက်လာလို့ အိပ်ရာ
ဝင်တော့မယ့်အခါ ငါ့မှာ ညက အိပ်ပျော်နေတုန်း
က စိတ်တွေ ရုပ်တွေ မနက်တုန်းက ရှိတဲ့
စိတ်တွေ ရုပ်တွေ အခုမရှိတော့ဘူး။
ဒီကနေ့ရှိတဲ့ စိတ်တွေ ရုပ်တွေ နောက်ရက်ရှိ
တော့မှာ မဟုတ်တော့ဘူး။



❖ ငါဟာ အမြဲတမ်းရွေ့နေတာပဲ။
ဧရာဝတီ မြစ်ရေကြီးဟာ တရွေ့ရွေ့ စီးဆင်းနေ
သလို ငါ့ရဲ့သန္တာန်မှာရှိတဲ့ စိတ်တွေ ရုပ်တွေ
ငါ့ရဲ့ဘဝကြီးဟာ တဖြည်းဖြည်း ရွေ့နေတာပါ
လားလို့ ဆင်ခြင်သုံးသပ်ထိုက်တယ်။
ဒီဓမ္မာရုံကြီးပေါ် တက်လာတယ် ဆိုပါစို့။
ခြေတစ်လှမ်းပြီးတစ်လှမ်း တက်လာတာ မဟုတ်
လား။

❖ ပထမဆုံး ခြေလှမ်းပြီးတော့ ဒုတိယခြေလှမ်း
ဒုတိယခြေလှမ်းပြီးတော့ တတိယခြေလှမ်း
ဟောဒီလိုလှမ်းလာတယ်။
ဒုတိယခြေလှမ်းရောက်လာတာနဲ့ တစ်ပြိုင်နက်
ပထမခြေလှမ်း ရှိသေးလား။
တတိယခြေလှမ်း ရောက်လာတာနဲ့ ဒုတိယခြေ
လှမ်း ရှိသေးလား။
ဒီအတိုင်းပဲ ရှေ့ကဟာ ပျောက်ပျောက်သွားပြီး
နောက်က ရောက်ရောက် လာနေတာ ။
အမြဲတမ်း ရှိနေတာ မဟုတ်ဘူးတဲ့။
တကယ်အစစ်က မရှိတော့ဘူး။
ကော်ပီတွေပဲ ကျန်နေတာ။

❖ ကော်ပီတောင်မှ ပုံတူဟုတ်ရဲ့လား။
အမေမွေးစ ငယ်ငယ်တုန်းက ဓာတ်ပုံကလေးနဲ့
အခု အသက် ၅၀- ၆၀ အရွယ် ဓာတ်ပုံ ယှဉ်ပြီး
ချိတ်ကြည့်ပါလား။
အဲဒါ ကော်ပီလို့တောင် ဘယ်သူပြောဦးမလဲ။
အလွန်ကွဲပြား ခြားနားသွားပြီ။
ချက်ချင်းကြီး ပြောင်းသွားတာ မဟုတ်ဘူးတဲ့။
ဖြစ်စဉ် process အတိုင်း အဆင့်ဆင့် ပြောင်း
သွားတာ ။

❖ သို့သော် မတူဘူးဆိုတဲ့ ခြားနားချက် difference ကိုတော့ မသိဘူး။
ပြောင်းတာတွေ ကြာလာလေလေ ခြားနားမှုက
သိသာလာလေ။
ဥပမာ။ ၁၀ နှစ် ၁၅ နှစ်ဆို အရမ်းကွာသွားပြီ။
အဲဒါ ၁၀ နှစ်မှာ တစ်ခါပြောင်းတာ မဟုတ်ဘူး။
စက္ကန့်တိုင်းမှာ ပြောင်းနေတာ။
သဘာဝတရားက အမြဲတွန်းပို့တာ push လုပ်
တာ ခံနေရတယ်။

❖ မယုံရင် အိပ်ရာပေါ် အိပ်နေပေါ့။
အိုချိန်တန် အိုသွားမှာပဲ။
ရပ်နေတာမဟုတ်ဘူး။သွားနေတာ။
ဒီလို သွားနေတာကြီးကို မသွားအောင် ဘယ်သူ
က ထိန်းထားနိုင်သလဲ။ဘယ်သူမှ မထိန်းနိုင်ဘူး။
ထိန်းလို့လည်း မရဘူးတဲ့။
ဘယ်သူကမှလည်း အကာအကွယ် မပေးနိုင်ဘူး။
ဘဝအသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ရင် ယခုလိုပဲ
မြင်ရမှာပါ။

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဘဝ
အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း တရား
တော်မှ ထုတ်နှုတ် ပူဇော်ပါသည်။

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ -----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်