ဗုဒ္ဓဟောကြားသော မိတ်ကောင်းဆွေကောင်း အကဲဖြတ်နည်း
******************************************
မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုးလူကောင်းလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ မသိနိုင်ပါ။ အ
ပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ပါ။ လူမြင်ရုံနဲ့ လူဆိုးလား၊ လူကောင်းလား မသိနိုင်ပေမယ့် သူတို့ရဲ့
လုပ်ရပ်အပေါ် မူတည်ပြီး သိနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းနဲ့ ပက်သတ်ပြီးတော့ အကဲ
ခတ်လို့ရတဲ့ အခြေအနေမျိုးတွေကို မြတ်စွာဘုရားက ===
၁။ ဒုဒ္ဒဒံ ဒဒါတိ = ပေးနိုင်ခဲတဲ့အရာကို ပေးတတ်လို့ရှိရင် မိတ်ကောင်းဆွေကောင်းပါ။
(အခု လောကမှာ ပေးနိုင်သားရဲ့နဲ့ မပေးရက်ကြဘူး။ )
၂။ ဒုက္ကရံ ကရောတိ = သာမန်ပုဂ္ဂိုလ်တွေ လုပ်ဖို့ မလွယ်နိုင်ဘူး၊ လုပ်နိုင်ခဲတဲ့ အရာကိုပဲ
လုပ်ပေးတယ်ဆိုရင် မိတ်ကောင်းဆွေကောင်းပါ။
(ဘယ်လောက် ခဲယမ်းတယ်ဆိုတော့ အတိုင်းအတာတစ်ခုရှိမှာပါ။ )
၃။ ဒုက္ခမံ ခမတိ = သည်းခံနိုင်ခဲတဲ့ အရာကိုလည်း သည်းခံတတ်တယ်ဆိုရင် မိတ်
ကောင်းဆွေကောင်းပါ။
( မိတ်ဆွေကောင်း ပီသရင်တော့ သည်းခံပြီး ပေါင်းသင်းကြပါတယ်၊ )
၄။ အာပဒါသု န ဇဟတိ= ဒုက္ခရောက်နေတဲ့အချိန်မှာ စွန့်ခွါပြီးမသွားပါ။ ဒီအချက်လည်း မိတ်
ကောင်းဆွေကောင်းပါ။
( အခု လောကမှာ အများက ရာထူးလေးရှိရင် ပေါင်းကြတယ်၊ ပိုက်
ဆံလေးရှိရင် ပေါင်းကြတယ်၊ ရာထူးလည်းကျသွားရော မမြင်ချင်
ယောင် ဆောင်သွားကြတယ်။ )
ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘဝမြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{#ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ ဟောကြားတော်မူသော
#မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပါသည်။ }
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment