#အကြည့်တစ်ချက်
***********
#လူတိုင်းကို
သံသယနဲ့မကြည့်ပါနဲ့။
မေတ္တာနှင့်ယှဉ်ပြီးကြည့်ပါ။



#လူတိုင်းကို
အပြစ်ရှာပြီးမကြည့်ပါနဲ့။
ကိုယ်ချင်းစာတရားနဲ့ကြည့်ပါ။

#လူတိုင်းကို
အနိုင်ယူလိုစိတ်တွေနဲ့မကြည့်ပါနဲ့။
မျှတခြင်းတရားနဲ့ကြည့်ပါ။

#လူတိုင်းကို
မနာလိုမှုတွေနဲ့မကြည့်ပါနဲ့။
ဝမ်းမြောက်အတုယူခြင်းတွေနဲ့ကြည့်ပါ။

#လူတိုင်းကို
အမုန်းတရားတွေနဲ့မကြည့်ပါနဲ့။
အပြုံးတရားတွေနဲ့ကြည့်ပါ။

#လူတိုင်းကို
ရလိုမှုတွေနှင့်မကြည့်ပါနဲ့
စွန့်လွတ်အနစ်နာခံမှုတွေနဲ့ကြည့်ပါ။

ဒါမို့
#မျက်လုံးဟာနှစ်ဖတ်ပါတယ်။
မျှမျှတတကြည့်ပါ။
မေတ္တာနဲ့ယှဉ်ပြီးကြည့်ပါ။

#မိမိကြည့်လိုက်တဲ့
အကြည့်တစ်ချက်က
အမြဲတမ်းဆေးဖက်ဝင်နေပါလိမ့်မည်။

အရှင်စန္ဒာဝရ။(မြိုင်နံ့သာ)
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ