အကြင်သူသည် ခန္ဓာ၊အာယတန၊ ဓာတ်၊ သစ္စာ ၊ ပဋိစ္စသမုပ္ပာဒ်၊သတိပဋ္ဌာန် စသည်တို့၌ သင်ခြင်း၊ မေးခြင်း၊ ဆုံးဖြတ်ခြင် းကင်းသောကြောင့် ဒိဋ္ဌိကို တားမြစ် ပယ်ခွာတတ်သော ပရိယတ်လည်းမရှိ။ ပဋိပတ်ဖြင့် ရောက်အပ်သော မဂ်ဖိုလ်ကိုလည်းမရ။ ပရိယတ်ဉာဏ် ပဋိပတ်ဉာဏ် မရှိ ခြင်းကြောင့်အကြားအမြင် မရှိသူ၊ ပညာမျက်စိကန်းသူဟု ဆိုရ၏။



 အန္ဓပုထုဇဉ် ၏အင်္ဂါရပ်များ
****************
၁။အထူးထူးအထွေထွေကိလေသာကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ်မည်၏။

၂။ဘုရား အမည်ခံ ပုဂ္ဂိုလ်ထူးအမည်ခံ ဆရာမျိုးစုံကို ကိုးကွယ်တတ်သောကြောင့် ပုထုဇဉ် မည်၏။

 ၃။မပယ်ရသေးသည့် သက္ကာယဒိဋ္ဌိ များစွာ ရှိသောကြောင့် ပုထုဇဉ် မည်၏။

 ၄။အပါယ်ဘုံ၊လူ့ဘုံ အလုံးစုံတို့မှ မလွတ်နိုင်သောေြ ကာင့် ပုထုဇဉ် မည်၏။

 ၅။အထွေထွေ အလီလီသော ကုသိုလ် အကုသိုလ်တို့ကို ပြုတတ်သောကြောင့်ပုထုဇဉ်မည်၏။

 ၆။သြဃ ၄ မျိုးမှ မလွတ်နိုင်အောင် နစ်မြုပ်၍ နေသောကြောင့် ပုထုဇဉ် မည်၏။

 ၇။အပူမျိုးစုံဖြင့် ပူလောင်၍နေတတ်သောကြောင့် ပုထုဇဉ် မည်၏။

 ၈။ကာမဂုဏ်အာရုံတို့၌လွန်စွာအလိုရှိခြင်း၊ မလွတ်မြောက်နိုင်အောင် စွဲလန်းတပ်မက်ခြင်း၊ ကိလေသာတို့ဖြင့် ကပ်ငြိခြင်းထွေးယှက်နေတတ်ခြ င်းတို့ကြောင့် ပုထုဇဉ် မည်၏။

 ၉။နီဝရဏတရားတို့ဖြင့် ပိတ်ဆို့ထားသောကြောင့် ပုထုဇဉ် မည်၏။

 ၁၀။ယုတ်ညံ့သော အကျင့်ရှိသောကြောင့် ပုထုဇဉ်မည်၏။

 ၁၁။ကိုယ်ကျင့်သိက္ခာ ဖြူစင်သော အရိယာတို့နှင့် သီးခြားဖြစ်သောကြောင့် ပုထုဇဉ် မည်၏။

 
ဤသည်မှာ အန္ဓပုထုဇဉ်တို့၏ ယုတ်ညံ့ နိမ့်ကျပုံကို စက်ဆုပ်ဖွယ်ဖြစ်အောင်ထင်ထင်လင်းလင်း ဖော်ပြထားခြင်းဖြစ်ပါသည်။ 
အန္ဓပုထုဇဉ်ဘဝ မကျရောက်အောင် သတိဆောင် နိုင်ကြပါစေ။

 (မလေးငြိမ် ၏သစ္စဉာဏ်၌ဦးတိုက်ခြင်း စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်။)
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ