🕯ကိလေသာမီး၊ ညီးညီးလောင်ပြီ။
⏳တွန်းလှန်နိုင်ငြား အားမရှိပြီ။
🔥 မီးကိုလွတ်ရေး၊ ထွက်ပြေးကြံစည်၊
⌛️ အချိန်ကုန်သွား၊ အင်အားမရှိပြီ။
      🍃🍂🍃🍂🍃🍂🍃🍂🍃🍂



ဤလင်္ကာကလေးကို သတိထားကြည့်ပါ။
ငယ်ရွယ်စဉ် တရားအားထုတ်မှုမရှိသောသူသည် အသက်ကြီးမှ တရားအားထုတ်လေတော့၊ ကိလေသာတွေကို မကျော်နိုင်တော့ဘူး။ ကြိုးစားအားထုတ်ပေမဲ့ ဝီရိယတင်လို့ မတက်တော့ဘူး။ သဒ္ဓါနှင်လို့ မရတော့ဘူး။ စိတ်ကလည်း မပါ့တပါနဲ့၊ ကိလေသာကသာ အနိုင်ယူပြီး တရားအသိမဖြစ်တော့ဘူး။ အသိဉာဏ်ထိုင်းမှိုင်း၊ မောဟတွေက တနေ့တခြား ထူပြောပြီး ဘယ်လောက်ပင် ထိုင်မှတ်နေပေမယ့် မောင်ထိုင်၊ မယ်ထိုင်က များလာကုန်ပြီ။

အချိန်တွေကုန်လာသလောက် ဉာဏ်အရည်အသွေးတွေက ထင်သလောက်မပေါ်၊ ထင်သလောက်မကိန်းတော့ဘူး။
ထိုင်တော့ထိုင်နိုင်ပေမယ့် ဉာဏ်သတ္တိတွေ ဖြစ်မလာတော့ဘူး။

မောဟ၊ ဒိဋ္ဌိတွေကသာ များပြားလာနေလေတော့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့ အသိဉာဏ်ညွတ်လို့မရတော့ပြီ။
ဒါကြောင့်မို့ ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် မည်သူမဆို ကျန်းမာပြီး သဒ္ဓါတရားတင်လို့ရနေချိန်မှာ ကိုယ်ပိုင်တရားအသိထူး မပေါ်၊ပေါ်အောင် ကြိုးစားအားထားကြပါဟု တိုက်တွန်းလိုက်ပါရစေ။
         ☸️ မြောက်ဦးဆရာတော် ☸️
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
-----------------
 á€á€…်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ