ဘာလို့ ပျော်နိုင်ကြတာလဲ
~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~
တကယ်က ကြည့်လိုက်မယ်ဆိုရင်
လူ့ခန္ဓာဟာ ရုပ်သေးရုပ်နဲ့ အလားသဏ္ဍာန်တူတယ်။
ရုပ်သေးရုပ်ဟာ ကြိုးဆွဲတဲ့အတိုင်းပဲ လှုပ်ရှားနိုင်တာပဲဖြစ်တယ်။
လူ့ခန္ဓာကိုယ်လည်းပဲ စိတ်ဆိုတဲ့ ကြိုးဆွဲဆရာက ဆွဲတဲ့အတိုင်းပဲ လက်မြှောက်ဆို မြှောက်တယ်၊ခြေမြှောက်ဆို မြှောက်တယ်၊ရယ်ဆို ရယ်တယ်၊ငိုဆို ငိုတယ်ဆိုတဲ့ ဒီသဘာဝတရားတွေဟာ
ဖြစ်ပေါ်လာတယ်ဆိုတာကို မြတ်စွာဘုရားက ရှင်းရှင်းလင်းလင်း မိန့်
ကြားတော်မူတယ်၊၊
အေး အဲဒီလိုခန္ဓာကိုယ်ထဲမှာ ရှာကြည့်လိုက်ရင်ဘယ်ဟာဖြင့်တန်
တော့ မွှေးကြိုင်တယ်ဆိုတာအနံ့အားဖြင့်
အဲဒီလို မရှိတဲ့ခန္ဓာကိုယ်ကြီးရထားပြီးေ
လူတွေဟာ နေ့စဉ်စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊
ပျော်လိုက်အလုပ်လုပ်ကြတယ်၊ ဘယ်ကိုသွားနေတုန်းဆိုလို့ရှိရင်
သေခြင်းတရားစီကို သွားနေကြတာသေတဲ့စီကို သွားနေကြတာပဲ၊၊
တနေ့ပြီးတနေ့ သေတဲ့စီကိုသွားနေတယ်၊
သို့သော်လူတွေဟာ မသိဘူးလားဆိုတော့ သိတယ်၊
သိလို့ စဉ်းစားပြီးတော့ တန်ဖိုးရှိတာ လုပ်မလားဆိုတော့ မလုပ်ဘူး၊ မလုပ်နိုင်ဘူး။
ဘာကြောင့်မလုပ်နိုင်လည်း တွယ်တာမှုကအလွန်အားကြီးတယ်
အမှန်မသိမှုတွေက လွှမ်းမိုးထားတယ်၊ ဒါကြောင့်ဘဝတစ်ခုရလာတဲ့အခါ မအိုတော့မဲ့ ပုံ၊ မနာတော့မဲ့ ပုံ၊ မသေတော့မဲ့ ပုံ၊ လူတွေဟာ နေထိုင်ကြတာဖြစ်တယ်။
အဲဒါ လောဘ ၊ဒေါသ ၊မောဟ လွှမ်းမိုးထားသည့်
အတွက်ကြောင့်လူတွေဟာ အမေ့ကြီး မေ့နေကြတယ်၊
ဘာနဲ့ ဥပမာ-
တူတုန်းဆို စဉ်းစားကြည့်လေ မကြာခင်ဟင်းအိုးထဲရောက်တော့မဲ့ ကြက်တွေ ကြက်ကုလားက ကြက်ခြင်းထဲမှာ ထည့်ပြီးဝယ်သွားပြီ၊၊
သို့သော်
ကြက်ခြင်းထဲက ကြက်တွေက တွန်နေကြသေးတယ်၊
တစ်ကာင်နဲ့တစ်ကောင်ဆိတ်သေးတယ်သူ
ထမင်းဆိုင်မှာ ရောင်းနေကြတဲ့ကြက်တွေ ခြေထောက်လည်း ကြိုးချည်ထားတယ်၊
ဘယ်မှလည်း မသွားနိုင်အောင်ကြိုးထုပ်တားတယ်
အဲဒီ ကြက်တွေဟာ တစ်ကောင်ကို တစ်ကောင်လှမ်းပြီးတော့
ဆိတ်နိုင်သေးတယ်၊ တွန်နိုင်သေးတယ်၊ သူတို့မျက်နှာကပြုံးမရလို့ ပြုံးတာလည်း ပါကောင်းပါလိမ့်မယ်၊မျက်စောင်း
ကြည့်တာလည်း ပါကောင်းပါမယ်၊၊
သို့သော်သူတို့ဟာမကြာခင်သေရ
တော့မှာပါလားဆိုတဲ့ အသိမရှိကြဘူးဆိုလိုတယ်၊
တကယ်တော့ မကြာခင်မှာပဲ သေဆုံးခြင်းရောက်သွားတယ်၊၊
လူတွေမှာလည်း ထို့အတူပဲ အသိမရှိတဲ့ပုဂ္ဂိုလ်တွေဟာ
ကြက်ခြင်းထဲက ကြက်တွေ ပမာပဲ၊
မကြာခင်ဒို့တတွေ သေခြင်းတရားသို့ ရောက်ရှိကြမယ်၊ သေကြရမယ်ဆိုတာကို မစဉ်းစားကြဘူး၊ သေခြင်းတရားဟာ
သေချာပေါက်ပါပဲ၊ ကျန်တာတွေကတော့ မသေချာဘူး၊ သေမှာကတော့သေချာတယ်လို့ ဆိုလိုတယ်၊၊
သေမင်းရဲ့လက်ထဲမှာရောက်သွားပြီ ဆိုလိုက်တာနဲ့
ဘာဖြစ်လည်းသတ္တဝါဆိုတာ၊ဒီဘယ်လော
တွေ ရှာရှာ နေ့နေ့ညည မအားရအောင်ပစ္စည်းဥစ္စာတွေ ရှာရှာ သေရင်အားလုံးထားခဲ့ရတယ်၊ တစ်ခုမှ ယူမသွားနိုင်ဘူး၊ ယူသွားလို့ရတဲ့ အရာတစ်ခုမှ မရှိဘူး၊ဘာကိုမှ ယူသွားလို့မရဘူး၊၊
အဲဒါကိုပြောတာ ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း ဒီမှာထားပစ်ခဲ့ရမယ်၊၊ ကိုယ်ပိုင်သမျှတွေလည်း အကုန်ထားပစ်ခဲ့ရမယ်၊
ထားခဲ့ရပြီးတော့ သတ္တဝါဆိုတာ ကံရှိရာ ကံပစ်ချ
ရာ သွားရမှာဖြစ်တယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ်ဒီအနေအထားမျိုးရှိတယ်၊၊
ဘယ်သူမှ နိစ္စထာဝရ မရှိဘူးနော်၊
ငယ်သူရော ကြီးသူးပါ၊ပညာရှိရောလူမိုက်ပါ ဘယ်သူမှ မနေရဘူး။ နောက်ဆုံးမှာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊၊
ဆိုလိုတာက စဉ်းစားကြည့်မယ်ဆိုရင်လူခန္ဓာကို
အားလုံးဟာ အိုမင်းခြင်းမှာ အဆုံးသတ်တယ်၊၊
အသက်ရှင်ခြင်းဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊၊
ကျန်းမာခြင်းဟာ ရောဂါဖြစ်ခြင်းမှာ အဆုံး
သတ်တယ်၊ မွေးဖွားခြင်းဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်။
ဒါက
မလွှဲနိုင်တဲ့ သဘာဝနိယာမတရားပဲ ဖြစ်တယ်၊၊
သို့သော်နိယာမတရားကြီးကို သိသိနဲ့ လူတွေဟာ
ဘာကြောင့်ပျော်နိုင်တာလည်း၊
ဘာကြောင့်ပျော်နေကြတာလည်းဆိုရင်
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာေ
ဟောကြားတော်မူအပ်သော
တရားတော်အား နာယူမှတ်သား၍ ရေးသားပူဇော်ခြင်း သာဖြစ်ပါသည်။ အမှားတစုံတစ်ခုပါခဲ့သော်ခွင့်လွှ
______________________________
သတ္တဝါမှန်သရွေ့ တရားတွေ့
အေးငြိမ်းချမ်းသာ ရှိကြပါစေ။
မေတ္တာအရင်းခံဖြင့်ပူဇော်ပါသည်။
Kyaw Min Tun {Dhamma Darna}
Cdt...thanks
---------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
0 Comments
Post a Comment