ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး
*******************************

လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင်
သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့သည်
ကောင်းမှု ( ၄ ) ပါး ကိုပြုကြရမည် ဟု ကျမ်းဂန်တို့ ၌
ဆိုကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား......



၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း
၂။ အစာအဟာရ လှူဒါန်းခြင်း
၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း
၄။ တံမြတ်လှည်းခြင်း

ဤ( ၄)ပါးသည် ရုပ်အဆင်းလှပခြင်း၏အကြောင်းရင်း ဖြစ်လေ၏ ။
ထိုကုသိုလ်( ၄ )ပါးကိုပြုပါက
ရုပ်အဆင်းလှပခြင်းအပြင်
သက်ဆိုင်ရာကောင်းကျိုးများကိုလဲ ထပ်မံရသေး၏။
ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာ ဘဝတိုင်း
သူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည်
မလွဲ မသွေ ပြုကြရပေမည်။

••••••••••••••••••••••••••

တစ်ချို့လူတွေက
ရုပ်လှတယ် စိတ်မလှဘူး ။

*ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှ
သူများတွေရဲ့ မေတ္တာတွေကို
ရသင့်သလောက် မရကြတော့ဘူး ။

တစ်ချို့လူတွေက
ရုပ်ဆိုးတယ် စိတ်ထားဖြူတယ် ။

*ဒီစိတ်တွေကြောင့်ပဲ
ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး
သူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေ
အဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံသူတွေ
ပေါများတတ်တယ် ။

တစ်ချို့လူတွေက
ရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။

*ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲ
တလောကလုံးကို အပြစ်မြင်ပြီး
ပူလောင်နေရတယ် ။

*ရုပ်လှပြီး စိတ်လှဖို့ ဆိုတာကလည်း
ဘဝပေးကုသိုလ်ကံ ကောင်းလေး
ကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။

*ဒါပေမယ့် အရင်ဘဝက
ဘာကောင်းခဲ့ ကောင်းခဲ့
မကောင်းခဲ့ မကောင်းခဲ့....

*ဒီဘဝမှာ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကတော့
ပြုပြင်လို့မရရင် စိတ်ကလေးကိုတော့
ကောင်းတာ မလုပ်နိုင်သေးရင် သူများကို ဒုက္ခမပေးမိအောင်နေ။

*လူ့တန်ဖိုးဆိုတာ
ရုပ်ရည် ငွေကြေးအပေါ်ကနေ
အပေါ်ယံရှပ်ကြည့်လို့ မသိရဘူး ။

*တန်ဖိုးတက်အောင်
မနေနိုင်သေးရင်တောင် ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုးကျအောင် မနေနဲ့။

*စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။
စိတ်ကောင်းရှိရင် ကံကောင်းတယ် ။
စိတ်မကောင်းနိုင်သေးရင်တောင်
စိတ်မယုတ်ညံ့နဲ့ ။

*ကိုယ်ဒေါသထွက်ချိန်
အငြိုးတေးကြီးချိန် တုန်းကလည်း
တအားကို ပူလောင်ပြီး ရုပ်ကျခဲ့ရတဲ့
အချိန်အခိုက်တန့် ရှိခဲ့ဖူးတယ် ။

*အဓိကကတော့ စိတ်ထား ပေါ့ပါးသွားရင်
အရာအားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာပါ...။

#Credit - Snow
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်