တစ်ဘဝ အလကား မဖြစ်စေနဲ့"
******************
အလုပ်တွေပြီးမှ
တရားအားထုတ်မယ်ဆိုရင်
အလုပ်က ဘယ်တော့ပြီးမှာလဲ



အိမ်အလုပ်ဆိုသည်မှာ
အိမ်ရှိသမျှရှုပ်နေဦးမှာပဲ

ရုံးအလုပ်ဆိုသည်မှာ
ရုံးရှိသမျှရှုပ်နေဦးမှာပဲ

ကျောင်းအလုပ်ဆိုသည်မှာ
ကျောင်းရှိသမျှရှုပ်နေဦးမှာပဲ

အပူဆိုသည်မှာ
ခန္ဓာကြီးရှိနေသမျှရှိနေဦးမှာပဲ

အိမ်အလုပ် စတာတွေ ဦးစားပေးလို့
ဘယ်ဖြစ်မလဲ
ခန္ဓာကိုယ်ကြီးက ကိုယ့်အတွက်
ဘယ်တုန်းကများ အနားပေးဖူးပါသလဲ

နာခြင်းသေခြင်းတွေ လက်ဦးသွားရင်
တစ်ဘဝ အလကား ဖြစ်သွားမှာပေါ့

( တိပိဋကဓရ ယောဆရာတော်ဘုရားကြီး )
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်