အလုပ်မအားလို့တဲ့လား
****************
တရားအားထုတ်ဖို့ပြောတော့ အလုပ်တကယ်
မအားလို့ပါတဲ့ လွယ်လွယ်နဲ့တော့ ရမယ်မထင်နဲ့
ဘုရားရှင်လက်ထက်တော်အခါကတည်းက
တရားထူးလိုချင်သူတော်တော်များများဟာ
နှစ်ပေါင်းသုံးလေးဆယ် မအိပ်မနေ ကြိုးစားပြီး
မှ တရားထူးရ ရှိခဲ့ကြပါတယ်
ပေါဠိလ မထေရ်ကြီးတို့ဆိုရင် နှစ်ပေါင်းသုံးဆယ်
လောက် ကျောမခင်း ခြေမဆေးပဲကို အားထုတ်
ခဲ့ကြရတာ အဲဒီလိုမထေရ်ကြီးတွေလည်းအများ
ကြီးရှိပါတယ်
ခု မျက်မှောက်ခေတ်မှာလည်း လယ်တီဆရာတော်ဘုရားကြီးဆိုရင် အုန်းသီးကို
ခေါင်းအုံးပြီးအိပ်ခဲ့တယ် ပြုတ်ကျလိုက် နိ ုးလိုက်
တားမှတ်လိုက်နဲ့ သင်္ကန်းမှာ သန်းတွေ ကြမ်းပိုး
တွေရှိတာတောင် မဖယ်ရှားခဲ့ဘူးတဲ့ အကြာကြီး
အိပ်ပျော်ရင်တရားမှတ်ချိန်နည်းမှာစိုးလို့တဲ့
တရားပြ စာချ ကျမ်းပြုစု ပြီး အလုပ်တွေမအား
မလပ်ကြားထဲကတောင် တရားထူးရဖို့ အဲဒီလောက်ထိ လုံ့လဝိရိယစိုက်ပြီး ရှာဖွေခဲ့ရတာပါ
မိုးညှင်းဆရာတော်ဘုရားကြီးဆိုရင်လည်း
ဆယ်နှစ်တိတိစကားမပြောပဲနဲ့ကို တရားကို
ကြိုးစားပမ်းစား ရှာဖွေခဲ့ရလို့တရားထူးရခဲ့ကြတာပ့
ဗုဒ္ဓကလည်း
ချစ်သားတို့ အမြတ်စားနိဗ္ဗါန်ကို အညံ့စား လုံ့လ
ဝိရိယနဲ့ ရောက်ရိုးထုံးစံမရှိဘူးလို့မိန့်ခဲ့ပါတယ်
ကျွန်တော်တို့တတွေက လောကီမှာနေ
လောကီအလုပ်တွေအတွက်နဲ့အချိန်ကုန်
တရားစာတိုပေစလေးတွေလောက်သာဖတ်
တနေ့တနာရီတောင်အားထုတ်နိ ုင်အောင်
အချိန်မပေးနိ ုင်ကြပဲနဲ့
မဂ် ဖိုလ် ကို ရက်တိုတို ဆိုပြီး
နိဗ္ဗါန်ကို လိုချင်နေကြမယ်ဆိုရင်တော့
မတန်မရာတောင်းတတ်တဲ့လူစာရင်းမှာများ
ပါနေမလားမသိဘူးနော်
ပေးဆပ်မှု့ထက် လိုချင်မှု့က ပိုများနေရင်တော့
မိုးကုတ်ဆရာတော်ဘုရာားကြီးပြောသလို
အတောင်းအရမ်းထူတာ ဘာမျိုးလဲ သိတယ်မလား ဆိုသလိုမျိုး ဖြစ်နေမလားပဲ
တကယ်ပဲနိဗ္ဗါန်လိုချင်တာဆိုရင်တော့
ထိုက်သင့်တဲ့ ဇွဲ လုံ့လ ဝိရိယ တော့
ထုတ်သင့်တယ်လို့ ယူဆမိပါကြောင်း
စေတနာကောင်းကောင်းနဲ့
ထပ်လောင်းသတိပေးပါရစေ
share
ဒါဖြင့် တရားအလုပ်ဆိုတာ အားမှ အားထုတ်လို့
ရမှာလားတဲ့ မေးစရာရှိတယ်
လောကီအလုပ်ကတော့ ထမင်းစားနေတုန်း
တခြားအလုပ်လုပ်လို့မရဘူး ရေချိုးနေတုန်း
တခြားအလုပ်လုပ်လို့မရဘူး ချီးပါနေတုန်း
လမ်းလျှောက်နေတုန်း စတဲ့ တခုခုလုပ်နေချိန်မှာ
အခြားတခုလုပ်လို့မရဘူး
ဝိပဿနာအလုပ်ကျတော့ အဲဒီလိုမဟုတ်ပါဘူး
မဟာသတိပဋ္ဌာန်အဖွင့်ကျမ်းမှာဆိုရင် စားရင်လည်းစားမှန်သိ သွားရင်လည်း သွားမှန်းသိ
သောက်ချင်လည်းသောက်မှန်းသိ ပေါက်ချင်လည်း ပေါက်မှန်းသိ ရမယ် လို့
ဖွင့်ဆိုထားတော့
ထမင်းစားနေတုန်းလည်း ထမင်းလုပ်ပြုလုပ်တာ
လက်ကယူတာ ပါးစပ်ဟတာ ထမင်းလုပ်ခံတွင်းကိုသွင်းတာ ဝါးတာ မြိုတာ
စသဖြင့်အမူအယာတိုင်းကို သတိလေးကပ်ပြီး
ရှု့မှတ်တာဟာ ဝိပဿနာရှု့နေတာပါပဲ
ရေချိုးနေတုန်းလည်း လက်သွားတာ ရေခွက်ယူတာ လောင်းတာ ရေထိလို့အေးတာကို
အေးမှန်းသိတာ အဲဒါတွေဟာလည်း ဝိပဿနာ
ရှု့မှတ်နေတာပါပဲ
အဲဒီလို မိမိရဲ့ အမူအယာတိုင်း အမူအယာတိုင်း
သတိလေးကပ်ပြီးရှု့မှတ်တက်သွားမယ်ဆိုရင်
လောကီအလုပ်လည်းပြီးမယ် လောကုတ္တရာ
အလုပ်လည်းပြီးမယ်
ဘုရားရှင်လက်ထက်က ရိပ်သာဆိုတာ မရှိပါဘူး
သာဝတ္တိမှာ ခုနှစ်ပုံပုံရင်ငါးပုံကအရိယာတွေတဲ့
သီဟိုဠ်မှာ အရိယာမဖြစ်ဘူးတဲ့ဇရပ်မရှိဘူးတဲ့
သူတို့တွေဟာလည်း မိမိတို့ရဲ့ နေ့စဉ်လုပ်ဆောင်
ချက်တွေရဲ့အမူအယာတွေကို ခုလိုပဲ ရှု့မှတ်ရင်း
တရားထူးရသွားကြတာပါ
ကဲ ဘယ်လောက်လွယ်သလဲ
ကမ္ဘာပေါ်မှာ အလွယ်ဆုံးနဲ့ တန်ဘိုးအကြီးဆုံး
အလုပ်ဟာ ဝိပဿနာပါပဲ
အချိန်တချိန်တည်းမှာ အလုပ်နှစ်ခု လုပ်နိ ုင်တာဟာလည်း ဝိပဿနာပါပဲ
မအားလို့မလုပ်ဖြစ်တာဆိုတာ
မဖြစ်နိ ုင်ဘူး
မလုပ်ချင်လို့ မလုပ်တာပဲနေလိမ့်မယ်
မသိလို့ မလုပ်ဖြစ်သေးတာဆိုရင်လည်း
ခုချိန်ကစလို့ ကိုယ့်အလုပ် လုပ်ရင်းနဲ့သာ
တရားစခန်းဝင်ကြပါတော့လို့ တိုက်တွန်းပါရစေ
စိတ်ပါရင် အိပ်ယာဟာ ရိပ်သာပါပဲဗျာ
credit #dhammasarpay
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment