* ဘယ်တရားက အိပ်ပြီး၊ ဘယ်တရားက နိုးပါသလဲ ?
***********************************
    သာဝတ္ထိပြည် ဇေတဝန်ကျောင်း ညချမ်းမှာ နတ်သားတစ်ယောက်က ဘုရားရှင်အား
မေးမြန်းရာတွင် (၁) ဘယ်တရားက အိပ်နေပြီး၊ ဘယ်တရား နိုးသလဲ ?၊ (၂) ဘယ်တရား နိုးပြီး
ဘယ်တရား အိပ်သလဲ ?၊ ဘယ်တရားက ကိလေသာကို သိမ်းပိုက်မလဲ ?။


   ဘုရားရှင်က ငါးပါးသော တရားတွေ အိပ်နေတဲ့အချိန်မှာ ငါးပါးသောတရားတွေ နိုးနေပါ
တယ်။ ငါးပါးသော တရားတွေ နိုးနေချိန်မှာ၊ ငါးပါးသော တရားတွေ အိပ်နေပါတယ်လို့ ဘုရားက
ဖြေကြားပါတယ်။ နီဝရတရားငါးပါး အိပ်နေရင် ဣန္ဒြေငါးပါးက နိုးနေပြီး၊ နီဝရတရားငါးပါး နိုးနေ
ရင် ဣန္ဒြေငါးပါးက အိပ်နေပါတယ်။
         အဲဒီငါးပါးသော တရား ၂ မျိုးရဲ့ ရှင်းလင်းချက်ကတော့ #နီဝရဏတရား ငါးပါးဆိုတာ 
၁။ #ကာမစ္ဆန_နီဝရဏ၊ 
၂။ #ဗျာပါဒ_နီဝရဏ၊ 
၃။ #ထိနမိဒ္ဓ_နီဝရဏ၊ 
၄။ #ဥဒ္ဓစ္စ_ကုဣစ္စ_နီဝရဏ၊ 
၅။ #ဝိစိကိစ္ဆာ_နီဝရဏ၊ 
သတိကို အကြီးအမှူးထားပြီး အားထုတ်ရင် နှောက်ယှက်မဲ့ တရားပါ။ နိုးနေတဲ့ ဣန္ဒြေငါးပါးဖြစ်တဲ့ 
၁။ #သဒ္ဓါ၊ 
၂။ #ဝီရိယ၊ 
၃။ #သတိ၊ 
၄။ #သမာဓိ၊ 
၅။ #ပညာပဲ ဖြစ်တယ်။
         သူတော်ကောင်းတို့ကို သံသရာမှာအိပ်အောင် လုပ်စေတာ နီဝရဏတရားငါးပါး၊ သူတော်
ကောင်းတို့ကို သံသရာမှာနိုးအောင် လုပ်စေတာ ဣန္ဒြေတရားငါးပါး၊ သူတော်ကောင်းတို့   တရား အလုပ် လုပ်ပြီဆိုရင် သဒ္ဓါနဲ့ နိုးနေရမယ်၊ သတိနဲ့ နိုးနေရမယ်၊ ပညာနဲ့ နိုးနေရမယ်၊ ဝိရိယနဲ့ နိုးနေ
ရမယ်၊ သမာဓိနဲ့ နိုးနေရမယ်။ အဲဒီလို သဒ္ဓိဣန္ဒြေတွေနဲ့ မနိုးရင် နီဝရဏက ဉာဏ်ပညာတွေကို ဖုံး
အုပ်လိုက်တယ်။ ဘုရား၊ တရား၊ သံဃာ အပြင် နောက်ထပ် ယုံကြည်စရာ ကိုးကွယ်စရာ မရှိတော့မှ
“ဉာဏ်” ဖြစ်မယ်။
         ကာမစ္ဆန္ဒဆိုတာ ကိုယ်သက်သာမှုရှာတာလည်း ကာမစ္ဆန္ဒပါပဲ။ တရားအားထုတ်တယ်ဆိုတာ
ကာမစ္ဆန္ဒကို နားလည်အောင် အရင်လုပ် နားလည်မှ အားထုတ်ပါ။ တရားအားထုတ်မှုမှာ သဒ္ဓါ၊ ဝီရိ
ယ၊ သမာဓိ၊ သတိ၊ ပညာကို နိုးအောင် နှိုးနိုင်ရမယ်။ တရားအားထုတ်ရင် ကာမစ္ဆန္ဒကို မောင်းထုတ်
နိုင်ရမယ်။ ကာမစ္ဆန္ဒရှိတဲ့သူမှာ ဣန္ဒြေငါးပါး လုံးဝအိပ်နေတယ်။ နီဝရဏဆိုတာ ဖုံးအုပ်ထားတာ။
အိပ်ပျော်နေတာနဲ့ တူတယ်။
         ကိလေသာတွေကို ဆွဲခေါ်တာ နီဝရဏ နိုးနေလို့ပါ။ ဆင်းရဲကို ပေးစေတာဟာလည်း နီဝရဏ
တရားကြောင့်ပါ။ သူတော်ကောင်းတို့ ရင်ထဲမှာ လောဘ၊ ဒေါသ၊ မောဟရှိနေရင် ဆင်းရဲမှုတွေ ရှိ
နေတယ်။ အဲဒီတရားတွေကို စင်ကြယ်စေချင်ရင် ဣန္ဒြေငါးပါးကို အမြဲမပြတ် ရင်ထဲကိန်းဝပ်နိုးကြား
စေခြင်းဖြင့် အချိန်တိုင်း အချိန်တိုင်း ပညာတွေနိုး၊ သဒ္ဓါတွေနိုး၊ သတိတွေနိုး၊ သမာဓိတွေနိုး၊ ဝီရိယ တွေနိုးနေနိုင်မှ တရားရမယ်။
         ငါဘုရားရဲ့ သာသနာမှာ ဘုရားရဲ့ အဆုံးအမတွေကို မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်
လိုက်နာကျင့်သုံး နေကြသရွေ့ ရဟန္တာမဆိတ်သုဉ်းဟု သုဘဒ္ဒရဟန်းကို ပြောကြားခဲ့တယ်။ အဲဒီ
စကားတော်ကိုထောက်၍  နီဝရတရား၊ ကိလေသာတရားတွေကို ရှောင်ကွင်းပြီး ဣန္ဒြေငါးပါးတို့ဖြင့်
မိမိတို့ရဲ့ စိတ်တွေကို နိုးကြားစေပြီး ကြိုးစားအားထုတ်နိုင်ရင် မဂ်ခရီးဟာ မဝေးပါဘူး။
         ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း တရားနာချိန်မှာ ဣန္ဒြေငါးပါး
နိုးကြားစေဖို့အတွက် မိမိတို့ရဲ့ သဒ္ဓါတရားကို ခိုင်မြဲသထက် ခိုင်မြဲစေဖို့ နှိုးရမယ်။ သတိ၊ ပညာ၊ ဝီရိ
ယ၊  သမာဓိတွေ လုံလကြီးစွာ ထားပြီး နှိုးရမယ်ဆိုတာ သိရှိကာ ကျင့်ကြံအားထုတ်နိုင်ကြကာ မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

ကျေးဇူးတော်ရှင် #ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)
ဟောကြားတော်မူသော
#အိပ်သူနဲ့_နိုးသူ_တရားတော်  
----
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ