တန်ဖိုးရှိသော အသိ
<><><><><><><>

အသိဟာ သိပ်အရေးကြီးပါတယ်
အဲဒီ အသိဆိုတဲ့နေရာမှာ
ဉာဏ်နဲ့ယှဉ်တဲ့ အသိကို ဆိုလိုတယ် …

စားဖို့ အသိ, အိပ်ဖို့ အသိ, မေထုန်မှီဝဲဖို့ အသိကို
ဆိုလိုတာ မဟုတ်ဘူး …



အဲဒီ အသိမျိုးကို
" တိရစ ္ဆာန်သိ " လို့ ခေါ်တယ် …

လူဟူသည်
- ကောင်းမှုကိုလည်း သိရမယ်
- မကောင်းမှုကိုလည်း သိရမယ်

ယင်းသို့
သိသည့် အားလျော်စွာ
ကောင်းမှုကို ပြုစုပျိုးထောင်ပြီး ,
မကောင်းမှုကို ရှောင်ကြရမယ် …

ဒါကြောင့်
ဉာဏ်နဲ့ယှဉ်တဲ့ အသိရှိလို့ရှိရင်
ထိုပုဂ္ဂိုလ်ရဲ့ ဘဝလမ်းကြောင်းဟာ
ဖြောင့်မတ်သွားပါလိမ့်မယ် …

ပြစ်မှုတစ်ခုကို လွန်ကျူးထားသော ပုဂ္ဂိုလ်သည်
လွန်ကျူးမှန်း သိပြီးသည့်နောက်
တောင်းပန်ဝန်ချတယ် ဆိုရင် " ရှင်ဒေဝဒတ် " ကဲ့သို့
ကောင်းကျိုးသုခကို ရနိုင်ပါတယ် …

သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ရန်
သေချာနေတဲ့ အဇာတသတ် ရှင်ဘုရင်ကြီးဟာ
ဖခမည်းတော်ကို သတ်မိတယ် …

ဖခမည်းတော်ကို သတ်ပြီးတဲ့ အချိန်မှာ
စားလို့လည်း မဝင်တော့ဘူး ,
အိပ်လို့လည်း မပျော်တော့ဘူး …

သောကရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့
ထို အဇာတသတ်မင်းကြီးကို
ဆရာဇီဝကက တန်ဆောင်းမုန်း လပြည့်နေ့မှာ
ဘုရားဆီ ပို့ပေးလိုက်သောကြာင့်
အဇာတသတ်ဟာ " သာမညဖလသုတ္တာန်တရား " ကို
နာလိုက်ရတယ် …

တရားနာလဲပြီးရော
မြတ်စွာဘုရားကို တောင်းပန်ဝန်ချ ကန်တော့တယ်
အဲဒီတော့ ဘုရားက ဘာပြောသလဲ …

" မင်းကြီး အပြစ်ကို အပြစ်မှန်း သိလို့
ဝန်ခံခြင်းသည် ကြီးပွားခြင်း၏ အကြောင်းပဲ
နောက်နောင် မလွန်ကျူးမိအောင် စောင့်ရှောက်ပေါ့ " လို့
မိန့်တော်မူလိုက်တယ် …

ဒီလို
တောင်းပန်လိုက်တဲ့ အတွက်ကြောင့်
အဇာတသတ်ဟာ " ပစ္စေကဗုဒ္ဓ " ဖြစ်အုံးမယ် …

လူတိုင်းလူတိုင်းရဲ့ နှလုံးသားထဲမှာ
ကုသိုလ်ကောင်းမှု မျိုးစေ့တွေ ,
သူတော်ကောင်း မျိုးစေ့တွေ ရှိကြတယ် …

သူတော်ကောင်းမျိုးစေ့ ဖြစ်နိုင်ခွင့်ရှိတဲ့ ဒီဘဝမှာ
အခွင့်အရေး ဆုံးရှုံးမသွားအောင်,
မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်းနေတဲ့
သူတော်ကောင်းမျိုးစေ့ကို သေမသွားအောင်
ဉာဏ်နှင့်ယှဉ်သော အသိဖြင့် ထိန်းထားကြရမယ် …

#သီတဂူဆရာတော်ကြီး
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်