ကိုယ့်ကိုကိုယ် ဆုံးမခြင်း
**************
ကိုယ့်ကို ကိုယ် သိပ်အထင်မကြီးနဲ့
ကိုယ်ရှာထားတဲ့ ဥစ္စာ သံသရာမှာ မပါဘူး။
ကိုယ် ရထားတဲ့ ရာထူး သံသရာမှာ မထူးဘူး။
ကိုယ်တတ်ထားတဲ့ ပညာ သံသရာမှာ ဗလာပဲ။



ကုသိုလ်ရှိမှ သံသရာအထိ ပါမှာ။
ကုသိုလ်ပါမှ သံသရာမှာ မနာမှာ။

လောကသားတွေရဲ့ လောကအရှိတရားတွေ ဆိုတာ
ဒီဘဝအတွက်ပဲ။ ဒါတောင် အမြဲမဟုတ်ဘူး။ တဒင်္ဂပဲ။
အချိန်မရွေး ပျောက်ပျက်သွားနိူင်တယ်။

လောကပညာရပ်လည်း တစ်ဘဝပဲ။
ရာထူးပါဝါလည်း တစ်ခဏပဲ။
စည်းစိမ်ဥစ္စာလည်း အချိန်အခိုက်အတံ့ပဲ။

ဒါတွေ တအားရှိနေလို့လည်း
သိပ်ပြီး မောက်မာနေဖို့ မရှိဘူး။

ခဏအရှိအပေါ် ဓမ္မအသိချော်ရင်
ဘဝအတိ မပျော်နိူင်ဘူး။

တချို့က တဒင်္ဂ အရှိတရားတွေ အပေါ်မှာ
အသိတရားတွေ ချော်ပြီး

ငွေရှိတဲ့သူကလည်း ငွေကြောင့် မောက်မာတယ်။
ရာထူးရှိတဲ့သူကလည်း ရာထူးကြောင့် မောက်မာတယ်။
ဂုဏ်ရှိတဲ့သူကလည်း ဂုဏ်ကြောင့် မောက်မာတယ်။

လောကအရှိတရားဆိုတာ ဘယ်လောက်ပဲရှိရှိ
ဒီဘဝအတွက်ပဲ အသုံးတည့်တာ။ ဒါတောင် အချိန်မရွေး ပျက်စီးတာတွေ ရှိတတ်တော့ ဒီဘဝမှာတောင် မသေချာဘူး။

အဓိက ကုသိုလ်ရှိရမှာ၊ ကုသိုလ်ပါရမှာ။
ဒီဘဝ အရှိတရားကို အသုံးချပြီး သံသရာကုသိုလ်အဖြစ် ထုတ်ယူသွားရမှာ။

# လောကပညာက ယူသွားလို့ မရဘူး။
ပညာဒါနကုသိုလ်ကပဲ ယူသွားလို့ရတယ်။

# လောကရာထူးဋ္ဌာနန္တရတွေက ယူသွားလို့ မရဘူး။
ရာထူးရှိခိုက် အများအကျိုးဆောင်ရွက်မှုကပဲ ယူသွားလို့ရတယ်။

# ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေက ယူသွားလို့ မရဘူး။ စည်းစိမ်ဥစ္စာကို ရင်းပြီး ဒါနအလုပ် အနှစ်ထုတ်ခြင်းကပဲ
ယူသွားလို့ ရတယ်။

# ဒါကြောင့် ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲ မြင့်မြင့်၊ ဘယ်လောက်ပဲ ကျော်ကျော် ကုသိုလ် အဖော်မပါရင်
အားလုံးက တစ်ခဏ ဒီဘဝအတွက်မျှသာ ဖြစ်တယ်
ဆိုတာ မမေ့ပါနဲ့။

# ပညာရှာရင်း ကုသိုလ်ရှာပါ။ ဥစ္စာရှာရင်း ကုသိုလ်ရှာပါ။

ဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်