သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား ??
••••••••••••••••••••••••••••••••••••••••••••••••••••••
``သီလရှင်´´ စတင်ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင်သိထားဖို့လိုပါတယ်။ မြတ်စွာဘုရား လက်ထက်တော်အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး ``အမျိုးသမီးသာသနာ´´ စတင်ပေါ်ထွန်း ခဲ့ပါတယ်။



စာလိုပေလို့တော့ ``ဘိက္ခူနီ သာသနာ´´ လို့ခေါ်တာပေါ့။

အဲဒီသာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်းငါးရာလောက်မှာပဲ အပြီးတိုင် ပျောက်ကွယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။

မြန်မာနိုင်ငံတွင် သာသနာနှစ် ``၉၀၀-၁၄၀၀´´ အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှစ၍ ``သီလရှင် သာသနာ´´ စတင် ပေါ်ထွန်းခဲ့ပါတယ်။ ကုန်းဘောင်ခေတ် အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ ညီမအရင်းဖြစ်ပြီး အလွန်နာမည်ကြီးတဲ့ သီလရှင် ``မယ်ကင်း´´(ဘွဲ့အမည်ကတော့ ``မယ်ခေမာ´´)ရဲ့ကြိုးစားအားထုတ်မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာဟာ ထွန်းတောက်လာခဲ့ ပါတော့တယ်။
ဒါဟာ ``သီလရှင် သာသနာသမိုင်း´´ အကျဉ်းချုပ်ပါ။

အမျိုးသမီးတွေဟာ သီလရှင် ဝတ်ပြီဆိုတာနဲ့ ရဟန်းတော် တစ်ပါးပါးထံမှာ ရှစ်ပါး သို့မဟုတ် ကိုးပါးသီလကို ခံယူ ဆောက်တည်ကြရပါတယ်။ သီလရှင် အချင်းချင်းထံမှာ သီလရှင်ဝတ်လို့ မရပါဘူး။ သီလရှင်ဖြစ်ပြီ ဆိုတာနဲ့ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ(၇၅)ပါးစတဲ့ ကျင့်ဝတ်တရားတွေကို စောင့်ထိန်းကြဖို့ ဆရာတော်က မိန့်ကြားရပါတယ်။

ဒါဆိုရင် ``သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့် မသင့်´´ ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်။

ဗုဒ္ဓသာသနာတော်မှာ ရှိခိုးပူဇော်ခြင်းဆိုတာဟာ သီလနဲ့ သာသနာတော်ကိုသာ ရှိခိုးပူဇော်တာဖြစ်ပြီး ပုဂ္ဂိုလ်ကို အဓိကထားတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ကို ကြည့်မယ်ဆိုရင်တော့ သူလည်း ခန္ဓာငါးပါး ကိုယ်လဲခန္ဓာငါးပါး ထူးခြားမှုမရှိပါဘူး။ များသောအားဖြင့်ငါးပါးသီလသာ စောင့်ထိန်းကြတဲ့ အမျိုးသားတွေဟာ သီလရှင်တွေကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့စောင့်ထိန်းထားတဲ့ သီလသိက္ခာတွေ ကျင့်ဝတ်တရားတွေကို ပူဇော်တယ်လို့ သဘောထားပြီး ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်တွေ ပွားနိုင်ပါတယ်။

ထို့အပြင် မိန်းမတွေဟာ ယောကျ်ားတွေထက် ယုတ်ညံ့တယ်ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် ကိုယ့်ထက် အသက် သိက္ခာကြီးမားတဲ့ အမျိုးသမီးတွေ သီလရှင်တွေကို ကန့်တော့ခြင်းဟာ ဘုန်းနိမ့်တယ်ဆိုတာ မမှန်ကန်ပါဘူး။ တစ်ချို့အမျိုးသမီးတွေတောင် မရှိခိုးကြပါဘူး။ သီလရှင် ရှိခိုးရင် ဘုန်းနိမ့်သလို လိုဘာလို့လိုနဲ့ မရှိခိုးကြဘူး တစ်ကယ်တော့ သီလရှင်မှာ လဲ သိက္ခာပုတ်တွေအများကြီးရှိပါတယ် လူတွေမှာက ငါးပါးသီလပဲ စောင့်ကြတယ်။

ငါးပါးသီလတောင် လူတိုင်းမမြဲကြပါဘူး။

ဆရာတော်ပြောသလိုပေါ့ ပုဂ္ဂိုလ်ကို အဓိကထားတာမဟုတ်ပါဘူး သီလကို အဓိကထားတာပါ ဒါကြောင့် အမှန်တကယ် သီလရှင်ကို ရှိခိုးသင့်ပါတယ်။

ကိုယ်ရဲ့ အမေ အမတွေတောင် ရှစ်ခိုးသေးတာပဲ သိက္ခာပုတ်စောင့်ထိန်းပြီး ဘုရား သာသနာတွင်းမှာနေတဲ့ သီလရှင်ဆိုတော့ ပိုပြီးတော့တောင် ရှိခိုးရမှာပါ ။

သီလရှင်တွေကို ရှိခိုးရင် ဘုန်းနိမ့်သလိုလို ကံနိမ့်သလိုလိုနဲ့ မရှိခိုးပဲ လူနဲ့ တန်းတူ ဆက်ဆံတာတွေ တွေ့ရမြင်ရတာ တကယ် စိတ်မချမ်းသာစရာတွေပါ ။ အားလုံး တရားအမှန်ကို သိကြပါစေလို့ ရှင်းပြရင်း နိဂုံးချုပ်လိုက်ရပါတယ်……။

ရွှေဘုန်း(စေတနာပန်းခင်းဆရာတော်)
စာအုပ်မြို့တော် မှ ပြန်လည်မျှဝေသည်။
------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ