* ဘဝလွတ်မြောက်နိုင်တဲ့ လမ်း ?။
ဘဝမှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီနဝ” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘဝမှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ
ထဲမှာ ထွက်ပေါက်ကို ရှာရမယ်။ “ဘဝနိရောဓ” ဆိုတဲ့ ထွက်ပေါက်ကို ဘဝထဲမှာပဲ တွေ့နိုင်တယ်။
ဒီမှာ..ဘဝဆိုတာကို ယခု ရ ထားကြပြီ။ အဲဒီ ဘဝကို “ဘဝသမုဒယ” ဆိုတဲ့ “ တဏှာ”
လုပ်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဂဟကာရက ဒိဌောသိ၊ ပုန ဂေဟံ နကာဟသိ” လို့ မိန့်
ကြားခဲ့ပါတယ်။ ငါ့ရဲ့ ဘဝခန္ဓာအိမ်ကြီးကို ဆောက်နေတဲ့သူ “တဏှာ” ကို တွေ့ပြီ။
တဏှာက “အဝိဇ္ဇာ” ရဲ့ အကူအညီနဲ့ ဆောက်နေတာ။ “အဝိဇ္ဇာ” က အမှန်မမြင်အောင်
ဖန်တီးထားတယ်။ တဏှာက တွယ်တာတယ်။ တွယ်တာသည့် အတွက်ကြောင့် ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် လုပ်တယ်။ ကောင်းတာ ဆိုးတာတွေ လုပ်တော့ “ကံတရား” တွေ စုမိတယ်။ အဲဒီ
ကံတရားတွေက “အဝိဇ္ဇာ တဏှာ” တို့ရဲ့ အကူအညီနဲ့ တွန်းပို့လိုက်တော့ ဟော.. ဘဝသစ်တစ်ခု
ရကြတယ်။ ဒီ “ဘဝ” ဆိုတာကို “အဝိဇ္ဇာ” ရယ်၊ “တဏှာ” ရယ်၊ “ကံ” ရယ် ဒီ ၃ ခုက လုပ်နေတာ။
ဒါကြောင့်မို့ “ဘဝဆိုတာ သိရမယ်၊ ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို သိ
ရမယ်၊ ဘဝချုပ်ငြိမ်းတာကို သိရမယ်၊ ဘဝချုပ်ငြိမ်းကြောင်း နည်းလမ်းကို သိရမယ်” အဲဒီလိုသိပြီး
အလုပ်လုပ်တာဟာ ဒီ.. မဂ္ဂင် ၈ ပါးပဲ။
မှန်မှန်ကန်ကန်မြင်တယ်၊ မှန်မှန်ကန်ကန်စဉ်းစားလို့ မှန်မှန်ကန်ကန် မြင်တာ၊ အဲဒီလို မှန်
မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် သိမြင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားရမယ်။ ကြိုးစားတဲ့အခါ
မှန်ကန်တဲ့သတိ ရှိရမယ်။မှန်ကန်တဲ့ စူးစိုက်မှု စိတ်တည်ငြိမ်အောင် ထားမှု ရှိရမယ်။ ဟောဒီ..
မဂ္ဂင် ၅ ပါးဟာ ဝိပဿနာရှုတဲ့အခါမှာ စုပေါင်း အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ရင်း ဘဝရဲ့
ထွက်ပေါက် “ဘဝနိရေဓ” ဆိုတာကို တွေ့သွားနိုင်တယ်။
ယခုလို ဘဝရဲ့ အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါ ဘဝမှာ သာယာစရာတွေ
ရှိသလို အပြစ်တွေလည်း ရှိတယ်။ ဘဝရဲ့ ထွက်ပေါက် ဆိုတာလည်း ရှိတယ်။ အဲဒီ ထွက်ပေါက် ဆိုတာ ဘဝကို ဖြစ်ပေါ်စေတဲ့၊ ဘဝကို တွယ်တာတဲ့ “တဏှာ ” ကို ဖယ်ရှားပစ်တာ ဖြစ်တယ်။ တ
ဏှာကို ဖယ်ရှားပစ်ဖို့က “မဂ္ဂင် ၈ ပါး အကျင့်တရားကို ကျင့်ရမှာပဲ” ဖြစ်တယ်။ ဒီ အကျင့်လမ်း
ကြောင်းအတိုင်း လျှောက်လှမ်းမယ် ဆိုရင်တော့ “ဘဝနိရောဓ” ဆိုတဲ့ ပန်းတိုင်ကို မျက်မှောက်ပြု
နိုင်ကြမှာကို တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် နားလည် သဘောပေါက်ကြပြီး ကျင့်ကြံ
အားထုတ်နိုင်ကြကာ “ဘဝနိရောဓ” လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်
ကြပါစေ ကုန်သတည်း။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပါသည်။ }
----
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment