ကိုယ်ကျင့်တရား
🍂🍂🍂🍂🍂🍂

🍂လူတစ်ယောက် ဘယ်လိုပင် အဝတ်ကောင်းအစားလှဆင်မြန်းထားပါစေ။
ကိုယ်ကျင့်တရားမရှိရင် တန်ဖိုးမရှိတဲ့လူပဲ။



🍂လူတစ်ယောက် ဘယ်လိုပင် ဟောင်းနွမ်းစုတ်ပြတ်နေပါစေ။
ကိုယ်ကျင့်တရားကောင်းမွန်နေရင် ဒီလူဟာ တန်ဖိုးရှိတဲ့လူပါပဲ။

🍂ဘယ်လိုပင် ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံနေပါစေ။
ကိုယ်ကျင့်တရား မပြည့်စုံရင် အဲဒီလူ တန်ဖိုးမရှိတဲ့လူပဲ။

🍂ဘယ်လိုပင် ချို့တဲ့ဆင်းရဲနေပါစေ။ ကိုယ်ကျင့်တရားကောင်းမွန်နေရင် အဲ့ဒီလူ တန်ဖိုးရှိတဲ့ လူပါပဲ။

🍂လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ.. ချမ်းသာခြင်း၊ဆင်းရဲခြင်း၊ ရာထူးရှိခြင်း ရာထူးမရှိခြင်းတ့ိုနဲ့ တိုင်းတာလို့မရနိုင်ပဲ အဲ့ဒီလူမှာ ကိုယ်ကျင့်တရားရှိမရှိနဲ့တိုင်းတာပြီး တန်ဖိုးရှိတဲ့လူလို့ သတ်မှတ်တာမျိုးပါ။

🍂လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ကိုယ်ကျင့်တရားနဲ့ထိန်းချုပ်နိုင်စွမ်းအားပါပဲ။
အဲ့ဒီတန်ဖိုး ပိုင်ဆိုင်ထားတဲ့လူဟာ ဘဝမှာ ဘယ်လိုအခြေနေရောက်ရောက် မနိမ့်ကျတော့ပါဘူး။

🍂ဆင်းရဲလို့ လူမသေနိုင်ဘူး။
ကိုယ်ကျင့်တရားဆင်းရဲရင်တော့ ဘဝပါသေသွားနိုင်ပါတယ်။

🍂ကိုယ်ကျင့်တရားကောင်းမွန်ရင် ရနံ့မွေးသောပန်းထက်လည်း ပိုပြီးမွေးကြိုင်တတ်သလို ကိုယ်ကျင့်တရားမကောင်းရင် မစင်ထက်လည်း ပိုပြီးအနံ့ဆိုးသွားနိုင်ပါတယ်။

🍂ဂုဏ်ဒြပ်နဲ့အလှတရားတွေဟာ မမြဲတရားနဲဆက်ဆံနေရတာမို့ တစ်သက်လုံးစိတ်ချမ်းသာအေးချမ်းမှုကို ပေးစွမ်းဖို့ဆိုတာ မသေချာဘူး။

🍂ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းသည်သာ တစ်သက်တာလုံး စိတ်ချမ်းသာအေးချမ်းမှု့ကို ပေးစွမ်းသွားနိုင်ပါတယ်။

🍂ဘယ်လောက်ပင်ဆင်းရဲပါစေ
ဘယ်လောက်ပင် ပင်ပန်းပါစေ၊
နောက်ဆုံးဆင်းရဲလို့ သေချင်သေသွားပါစေ..
သင်ရဲ့အဖြူစင်ဆုံး ကိုယ်ကျင့်တရားလေးကို ဘယ်အရာနဲမှ အပွန်းပဲ့မခံပါနဲ့။

🍂 နောက်ဆုံး လောကကြီးထဲက သင်ထွက်ခွာသွားရင်တောင် သင့်ရဲ့ နာမည်လေးတစ်လုံးကိုတော့ ထာဝရရှင်သန် ကျန်ရစ်သွားခဲ့နိုင်ပါစေ...။

Cridet:မူရင်းရေးသူ
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------------------------------
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ