ကိုယ့်သိက္ခာကိုယ်ယုံရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး
*****************************
ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။

ကိုယ့်အရည်အချင်း ကိုယ်ယုံရင်

ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာ မလိုဘူး။

ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင်

ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုဘူး။





ကိုယ့်စေတနာ ကိုယ်မှန်နေရင်

ဘယ်သူ့ကိုမှ ဟန်လုပ်စရာ မလိုဘူး။

ကိုယ့်အကြောင်း ကိုယ်သိနေရင်

ဘယ်သူ့ကိုမှ ကြွားပြောစရာ မလိုဘူး။

သီလ မလုံတဲ့သူက လူတိုင်းကို

ကြောက်နေရတတ်တယ်။



အရည်အချင်းမရှိတဲ့သူက

ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်တယ်။

ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူက

သူများကို မယုံမကြည် ဖြစ်တတ်တယ်။

ကိုယ့်စေတနာ မမှန်တဲ့သူက

စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်။


ကိုယ့်အကြောင်းကိုယ်ကာင်းကောင်းမသိတော့

သူများသိအောင် ကြွားတတ်ကြတယ်။

အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။

ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး။

ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး။ ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး။ ကိုယ်ကောင်းအောင် နေဖို့ပဲလိုတယ်။
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ