နေနိုင်လို့လား?
*********
ဆံပင်တွေနဲ့လှတဲ့မင်း
ဆံပင်တွေရှင်းပီးတော့
နေနိုင်လို့လား.…?
ရောင်စုံအဝတ်တွေနဲ့လှတဲ့မင်း
တရောင်ထဲ ၃ စုံလဲလှည်ပီးတော့
နေနိုင်လို့လား…?
၃ ကြိမ်မက ဆာတိုင်းစားနေတဲ့မင်း
၂ ကြိမ်နဲ့ သင့်လောက်ရုံသုံးစွဲပီး
နေနိုင်လို့လား…?
ကျင့်ဝတ် ၅ ခုလောက်နဲ့ နေတဲ့မင်း
ကျင့်ဝတ် ရာကျော်တွေ ကျင့်ပီး
နေနိုင်လို့လား…?
သီချင်းလေး တညီးညီးနဲ့နေတဲ့မင်း
ဓမ္မစာတွေ ၅နာရီထိုင် ကျက်ပီး
နေနိုင်လို့လား…?
ချစ်ခင်သူတွေနဲ့ ရောပျော်နေတဲ့မင်း
သံဃာ အသင်းထဲမှာ ပျော်နေပီး
နေနိုင်လို့လား…?
တရား/မတရားနဲ့စီးပွားရှာနေတဲ့မင်း
တရားသဖြင့် ဆွမ်းခံရှာမှီးပီးတော့
နေနိုင်လို့လား…?
အစားမှာ ကြိုက်ရာဝယ်စားတဲ့မင်း
ကြိုက်/မကြိုက်ရောတဲ့ဆွမ်းစားပီး
နေနိုင်လို့လား…?
ဘေးသင့်အစာတွေ ရှောင်တဲ့မင်း
ကြက်သား/ကြက်ဟင်းခါးတွဲစားပီး
နေနိုင်လို့လား…?
မလိုတာတွေ့ရင် ပေါက်ကွဲတဲ့မင်း
မလိုတာတွေ့ရင် သည်းခံပီးတော့
နေနိုင်လို့လား…?
လိုတာတွေ့ရင် ရယူတက်တဲ့မင်း
လိုတာတွေ့ရင် တင်းတိမ်ပီးတော့
နေနိုင်လို့လား…?
နေနိုင်လို့လား…?
နေနိုင်လို့လား…?
နေနိုင်လို့လား…?
သံဃာတော်တို့၏ဂုဏ်ကိုရည်လျက်'
(စာသင်သားလေးများ၏ ဘဝပုံရိပ် မှ ကူးယူပါသည်)
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment