(၁) ပစ္စုပ္ပန်တိုင်း တွေ့သမျှအာရုံနှင့် အဆင်ပြေအောင် တည်ငြိမ်ရင့်ကျက်အေးချမ်းစွာ နေတတ်ရမယ်၊ သတိဉာဏ်ချိန်သီး အမြဲ တပ်ထားရမယ်၊ သဒ္ဓါဝီရိယလက်တံ အမြဲ လည်ပတ်ပေးနေရမယ်။


(၂) မိမိရဲ့ ကိုယ်အား ၊ ဉာဏ်အား ပစ္စည်းအားနဲ့ မိမိ၊ သူတပါး၊ လောက၊ သာသနာ စွမ်းနိုင်ရာဖက် သဒ္ဓါ၊မေတ္တာ ၊ပညာအားနဲ့ လှပတင့်တယ်။ ထည်ဝါခန့်ညားကျက်သရေရှိအောင် အလှတန်ဆာ ဆင်ပေးနိုင်ရမယ်၊ ကောင်းကျိုးပြုဘဝမှတ်တိုင် စိုက်ထူပေးနိုင်ရမယ်၊ နာမည်ကောင်း ကျန်ရစ်ရမယ်၊
(၃) ဘဝကူး စိတ်အေးရအောင် ကိုယ်ပိုင်တရားများကို အချိန်မီ စုဆောင်းထားနိုင်ရမယ်၊ အချိန်မီဆိုတာ ယနေ့တိုင်း ယနေ့တိုင်း ယနေ့ လုပ်ရမယ့် အလုပ်ကို ယနေ့ပြီးအောင် လုပ်သွားရုံပေါ့၊ ဘဝလွတ်မြောက်ရေးထိ တိကျတဲ့ ဦးတည်ချက် ရှိထားဖို့လည်း အထူး လိုအပ်မယ်။

ဒါဆို လူဖြစ်ကျိုး၊ ရှင်ရဟန်းဖြစ်ကျိုး နပ်ပြီပေါ့။

ကျမ်းကိုး။         ။တိပိဋကယောဆရာတော်၏ ၄၅နှစ်တရားသက်မှ

--------

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)

-------

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ

ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်

ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော

သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။

-----------

ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍

ကောင်းကျိုးကိုယ်၌ တည်ပါစေ

#ဝေလင်းထိုက်



----------------- 

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ