အနိစ္စေ ဒုက္ခသညာ
*****************
မိမိရဲ့ စိတ်ကလေးကို မိမိနူးညံ့သွားအောင် ပျော့ပျောင်းသွားအောင် ဆိုဆုံးမနေ
တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ အနိစ္စသညာကို ကြိမ်ဖန်များစွာ လေ့လာပြီးတဲ့
အခါ အနိစ္စဖြစ်တဲ့ ဒီခန္ဓာငါးပါးအပေါ်မှာ အနိစ္စသညာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း
သိမြင်ပြီးတဲ့အခါ ဒီအနိစ္စဖြစ်နေတဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့်
လည်းကောင်း, ပျက်ခြင်းဒဏ်ချက်ဖြင့်လည်းကောင်း
အမြဲမပြတ် အညှဉ်းဆဲအနှိပ်
စက်ခံနေရသည့်အတွက် ဒုက္ခဖြစ်ပုံအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်
ကြည့်ကာ ဒုက္ခသညာကို ဆက်ပြီးပွားရတယ်။ ပွားလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်
လာသလဲ? မိမိကိုအသေသတ်ဖို့ရန် သန်လျက်ကို မြှောက်ချီကာမိုးထားတဲ့ လူ
သတ်သမားအပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမှတ်သညာသည် ရှေးရှုတည်
လာသလိုပဲဒီခန္ဓာငါးပါးတို့အပေါ်၌ ကြောက်ရွံ့နေတဲ့ အမှတ်သညာ = ဘယသညာ
သည် ရှေးရှုတည်လာမယ်။ ဒီလို ခန္ဓာငါးပါးအပေါ်မှာ ကြောက်ရွံ့နေတဲ့အမှတ်သ
ညာက ဘာလုပ်မလဲ? ဘာဝနာကို ပွားများအားထုတ်ဖို့ရန်အတွက် ပျင်းရိနေတဲ့
ဒီစိတ်ဓာတ်ကိုလည်း တိုက်ဖျက်ပေးမယ်။ ]တပည့်တော်လည်း ကြိုးစားပါဦး
မယ်ဘုရား}ဆိုပြီး အိမ်ပြန်ပြန်သွားတတ်တဲ့ စိတ်ထားမျိုးကို ဖယ်ရှားပေးနိုင်တယ်။
နောက်တစ်ခု - ကောသဇ္ဇေ = ပေါ့ဆတယ်။ တွန့်ဆုတ်နေတယ်။ ဘာဝနာလုပ်
ငန်းခွင်ကို လေးလေးနက်နက် အားမထုတ်ဘူး။ ပေါ့ပေါ့ဆဆလေး အားထုတ်
တယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စိတ်မပါ့တပါ အားထုတ်နေတယ်။ ဒီလို စိတ်ထား
တွေကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးမယ်။
နောက်တစ်ခု ဘာဝနာလုပ်ငန်းခွင်မှာ ရဲရဲရင့်ရင့်နဲ့ တကယ် ထက်ထက်မြက်မြက်
ဖြစ်အောင်မကြိုးစားချင်တဲ့ စိတ်ထားရှိတယ်။ အဲဒီစိတ်ထားကိုလည်းဒီဒုက္ခသညာ
က တိုက်ဖျက်ပေးလိမ့်မယ်။ ဘာဝနာလုပ်ငန်းခွင်ကို မေ့မေ့လျော့လျော့နဲ့နေထိုင်
တယ်။ တရားကို သွားလည်း ရှုနေပါ။ ရပ်လည်း ရှုနေပါ။ ထိုင်လည်း ရှုနေပါ။
အိပ်နေလည်း ရှုနေပါ။ ဒီလိုတော့ သင်ပေးလိုက်တယ်။ ဒါပေမဲ့လို့ ရှုဖြစ်တဲ့အခါ
လည်း ရှိတယ်။ မရှုဖြစ်တဲ့အခါလည်း ရှိနေတယ်။ ဒါက မေ့လျော့မှု = ပမာဒလို့
ခေါ်ပါတယ်။ အဲဒီ မေ့လျော့မှု = ပမာဒဆိုတဲ့သဘောတရားကိုလည်း ဒီဒုက္ခ
သညာက တိုက်ဖျက်ပေးနိုင်ပါတယ်။
နောက်တစ်ခု - တစ်ခါတလေကျတော့လည်း ကာမဂုဏ်တွေမှာမွေ့လျော်နေတဲ့
စိတ်ဓာတ်တွေက လွှမ်းမိုးလာပြီဆိုလို့ရှိလျှင်တော့ ဘာဝနာကို အားမထုတ်ဘဲ
သော်လည်း နေချင်နေမယ်။ အနနုယောဂလို့ ခေါ်ဆိုပါတယ်။ အဲဒီလို အားမ
ထုတ်ဘဲနေတဲ့ စိတ်ဓာတ်ကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးလိမ့်မယ်။
တစ်ခါတစ်ရံ အနိစ္စလို့ ရှုပါဆိုပြီး သင်ပေးလိုက်သော်လည်း အနိစ္စလို့ မဆင်ခြင်မိ
ဘူး။ ဒုက္ခလို့ ရှုပါပြောလည်း ဒုက္ခလို့ မဆင်ခြင်မိဘူး။ အပေစ္စဝေကဏာလို့ ခေါ်ဆို
ပါတယ်။ မဆင်ခြင်မိတဲ့ ဒီစိတ်ဓာတ်ကိုလည်း စွမ်းအင်ပြည့်ဝလာတဲ့ ဒီဒုက္ခသညာ
က တိုက်ဖျက်ပေးပါလိမ့်မယ်။
အကယ်၍ အနိစ္စသညာ ဒုက္ခသညာတွေကို ခပ်များများ ပွားများနေထိုင်ခဲ့မယ်ဆို
လျှင် အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးအပေါ်မှာ ဒုက္ခသညာဖြင့်, မိမိရဲ့စိတ်ဓာတ်ကို ဒုက္ခ
သညာ ဘာဝနာစွမ်းအင်ဖြင့် ထုံမွမ်းထားလိုက်လျှင် အကြောင်းတရားနှင့်တကွ
သောခန္ဓာငါးပါးဆိုတဲ့ ဒီသင်္ခါရတရားတွေအပေါ်မှာ ထက်မြက်စူးရှတဲ့ ကြောက်ရွံ့
မှု ဘယသညာဟာလည်း ရှေးရှုတည်လာပါလိမ့်မယ်။ မိမိကို အသေသတ်ဖို့ သန်
လျက်မိုးကာ စောင့်နေတဲ့ လူသတ်သမား အပေါ်မှာ ကြောက်ရွံ့တုန်လှုပ်သလို
ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိကြတဲ့ သင်္ခါရတရားတွေ အပေါ်မှာ
ကြောက်လန့်တဲ့ ဘယသညာဟာလည်း ရှေးရှုတည်လာမှာ ဖြစ်ပါတယ်။
အကယ်၍ အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးတို့အပေါ်မှာ ဒုက္ခသညာကိုကြိမ်ဖန်များစွာ
အထပ်ထပ်အခါခါ ပွားများပေမဲ့လို့ ကမ္မဋ္ဌာန်းလုပ်ငန်းခွင်၌ ပျင်းရိမှု, စိတ်ဓာတ်
တွန့်ဆုတ်မှု, ကမ္မဋ္ဌာန်းကို အားမထုတ်ဘဲ စွန့်လွှတ်ထားမှု, ကမ္မဋ္ဌာန်းကို မေ့
လျော့နေမှု, ကမ္မဋ္ဌာန်းကို အားမထုတ်ဘဲ နေထိုင်မှု, ကမ္မဋ္ဌာန်းကို မဆင်ခြင်မိမှု
ဆိုတဲ့ ဆန့်ကျင်ဘက်သဘောတရားတွေက အားကောင်းနေတဲ့အတွက် သင်္ခါရ
တရားတွေအပေါ်မှာ ကြောက်လန့်တဲ့ ဘယသညာဟာလည်း ရှေးရှုမတည်
လာဘူးဆိုလျှင် ဆန့်ကျင်ဘက် သဘောတရားတွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းအင်
တွေ မရှိသေးဘူးဆိုလျှင်တော့ မိမိရဲ့ဒုက္ခသညာဘာဝနာလုပ်ငန်းခွင်သည် အရှိန်
အဝါ အားမကောင်းသေးဘူး။ တိုက်ဖျက်နိုင်ပြီဆိုလို့ရှိလျှင်တော့ အရှိန်အဝါသိပ်
အားကောင်းပြီ။ အားကောင်းတဲ့အဆင့်အထိ ကျင့်ကြံကြိုးကုတ် ပွားများအား
ထုတ်ထားမယ်ဆိုလျှင်ဒီဒုက္ခသညာက မသေရာ အမြိုက်နိဗ္ဗာန်လျှင် တည်ရာရှိ
တယ်။
ဖားအောက်တောရဆရာတော်ဘုရားကြီး
(အနိစ္စေ ဒုက္ခသညာ)
www.dhammaweb.net မှတဆင့်ခံစားတင်ပြသည်။
--------------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment