ကျေးဇူးရှိကသိတတ်ရ
***************
လောကမှာ ကျေးဇူးတင်တတ်လို့ရှိရင်
သစ်ပင်လေးတစ်ပင်အောက် ဝင်ပြီးတော့
အရိပ်နားခိုရင်တောင်မှပဲ
ထိုမိမိနားခိုရတဲ့ အခိုက်အတန့်လေးဟာ
အပူအပင်တွေ ငြိမ်းပြီးတော့


အပန်းအနွမ်းတွေ ပြေသွားတဲ့အတွက်ကြောင့်
ဒီသစ်ပင်လေးရဲ့ကျေးဇူးတရားဆိုတာကို
သိရှိနားလည်နိုင်တယ်ပေါ့။
ဒါကြောင့်မို့ ရှေးသူတော်စင်တွေက
"သစ်ပင်ရိပ်ကို နားခိုပြီးလို့ရှိရင်
အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရဘူး၊
ကျေးဇူးတရားကို သိရတယ်" လို့
ဒီလို ဆုံးမခဲ့ကြတယ် ...။
မြန်မာနိုင်ငံမှာလည်းပဲ မိမိအပေါ်မှာ
ကျေးဇူးရှိခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့
"တစ်လုပ်ကျွေးဖူး သူ့ကျေးဇူး" စသည်ဖြင့်
ကျေးဇူးတရားတွေကို ထုတ်ဖေါ်ပြီးတော့
ပြောကြားလေ့ရှိကြတယ်ပေါ့ ...။
လောကလူတွေဟာလည်းပဲ ..
တစ်ဦးတစ်ယောက်က မိမိကို
ကူညီလုပ်ဆောင်ပေးတယ် ဆိုလို့ရှိရင်
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားကို
တွင်တွင်ကျယ်ကျယ် ပြောလေ့ရှိကြတယ်။
တစ်ကယ် ကျေးဇူးတင်သလား၊
မတင်ဘူးလားဆိုတာ ..
အနှစ်သာရပိုင်းကတော့ မတူညီတတ်ဘူး။
သို့သော် ...
"ကျေးဇူးတင်ပါတယ်"ဆိုတဲ့ စကားတစ်ခုဟာ
ယဉ်ကျေးမှုတစ်ခုအနေနဲ့ သုံးလာတဲ့
စကားတစ်ခု ဖြစ်ပြီးတော့
တစ်ခါတစ်ရံကျတော့ နှုတ်ဖျားက
ကျေးဇူးတင်ပါတယ် ပြောပေမယ့်လို့
ရင်ထဲက ကျေးဇူးတင်တာမျိုး မဟုတ်ဘဲ
ဖြစ်တတ်တယ်ပေါ့ ...။
အဲဒီလိုမျိုး နှုတ်ကသာပြောပြီးတော့
ရင်ထဲနှလုံးထဲက မပါလို့ရှိရင်
နှုတ်ကပဲ အကူအညီပေးမယ့်စကားပြောပြီး
တကယ့်လက်တွေ့မပါတဲ့ မိတ်ဆွေကို
ဝစီပရမ မိတ်ဆွေလို့ ခေါ်သလို ဖြစ်မှာပဲနော်။
နှုတ်နဲ့ပဲ ဧည့်ခံတယ်၊
တကယ်လက်တွေ့ မပါဘူး။
အဲဒီလိုပုဂ္ဂိုလ်မျိုးကို ...
မိတ်ဆွေတုလို့ သတ်မှတ်ကြတယ်ပေါ့။
အဲဒါကြောင့်မို့လို့ ...
ကျေးဇူးတင်ပါတယ် ဆိုတဲ့အခါမှာ
နှုတ်ကပြောတဲ့အတိုင်း ..
ရင်ထဲကလည်း တကယ်ကျေးဇူးတင်ပြီး
ဆပ်ဖို့ကြုံလာလို့ရှိရင် ...
ဆပ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။
ကျေးဇူးတော်ရှင် #ပါချုပ်ဆရာတော်ကြီး(ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်)
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ