သေခြင်း ၃မျိုး
မရဏ (သေခြင်း)...
.. (၂) သန္တတိမရဏ (အပိုင်း-၃)
++++++++++++++++++ <<
<အမြင်နာမ်ဓာတ်တို့၏ သန္တတိမရဏ>>> မှန်ဘီလူးကြီး ဥပမာမှအဆက်..... ၅။ ထိုစက္ခုမှာ ဖြစ်ပေါ်လာသော နာမ်တရားစုတွင်လည်း စက္ခု အတွေ့ဟုဆိုအပ်သော စက္ခုသမ္ဖဿမှုသည် ထိုအနာဟောင်း၌ ကျသော ပိုးတို့၏ကိုက်မှုနှင့်တူ၏။ ၆။ စက္ခု အတွေ့ကြောင့် ဖြစ်လာသော စက္ခုအရသာ ဟုဆိုအပ် သော စက္ခုသမ္ဖဿဇာ ဝေဒနာမှုသည် ထိုအနာဟောင်းမှာပိုးတို့၏ ကိုက်မှုကြောင့်ဖြစ်သော ယားယံမှုနှင့်တူ၏။ ၇။ စက္ခုအရသာကြောင့် ဖြစ်ပေါ်လာသော ရူပတဏှာသည် ထိုအနာဟောင်းမှာ ပိုးလောက်တို့၏ စားမှုကြောင့် ဖြစ်ပေါ်လာသော သွေးပုပ်ရည်,ပြည်ပုပ်ရည်နှင့်တူ၏။ ၈။ ကောင်းသောအာရုံကို မြင်ရ၍ တက်ကြမှု, ဝမ်းမြောက်မှု တဏှာဖြင့် ခံစားစံစားရ၍ တက်ကြမှု ဝမ်းမြောက်မှုသည် အနာကြီး ယာားယံ၍ ဝမ်းမြောက်မှု, အရည်ယို၍ ဝမ်းမြောက်မှုနှင့်တူ၏။ ၉။ မြတ်စွာဘုရားသည် အနာကုဆေးသမား ဆရာကြီးနှင့်တူ၏။ ၁၀။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ အစရှိသော ဤပဋိစ္စသမုပ္ပါဒ် ဒေသနာအတိုင်း ကိုယ်ခန္ဓာ၌ ကောင်းစွာ သိမြင်သောဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိသည်ဆေးဆရာကြီး၏ အလွန်လင်းလှစွာသော မှန်ဘီလူး ကြီးနှင့်တူ၏။ ၁၁။ ဤဒေသနာအရ အဇ္ဈတ္တဓာတ်တို့၏ အသီးသီးသော သဘောအစုဖြစ်မှုပျက်မှု ပဋိစ္စသမုပ္ပါဒ်မှု အာဂန္တုအချက်ကို ကောင်းစွာ အောင်မြင်သောအခါ အန္ဓပုထုဇဉ်အဖြစ်မှ ကျွတ်လွတ်၍ ပညာမျက်စိ အမြင်ရှိသော ကလျာဏပုထုဇဉ်, စူဠသောတာပန်အဖြစ်သို့ရောက်သော သူသည် မှန်ဘီလူးလက်ကိုင်ရ၍ သံသေဒဇ ပိုးငယ်တွေကို အကောင် အထည်နှင့်တကွ နဂါးတွေကသကဲ့သို့ တရွရွ နေသည်ကို မြင်ရသည် နှင့်တူ၏။ ၁၂။ မိမိကိုယ်မှာ တစ်ခုလုံး၏ ဖြစ်ချည်ပျက်ချည် အတည်မကျ အာဂန္တုဓမ္မ ပဋိစ္စသမုပ္ပါဒ်သဘောကို မြင်သောအခါ ငါ,ငါ-ဟူ၍ စွဲလမ်း သောသက္ကာယဒိဋ္ဌိကလည်း မကျေကျန်တည့်သေး ရှိနေသည်နှင့် သေမှု ကိုလည်း အစိုးမရ၊ ယခုထွက်သက်မှာ သက္ကာယဒိဋ္ဌိ တန်းလန်းနှင့် သေခဲလျှင် နောက်ဝင်သက်အခန်းမှာ အပါယ်ဘဝသို့လည်းကောင်း၊ သာသနာ မရှိရာ ဘဝသို့လည်းကောင်း ကျရောက်၍ သွားမည့်အရေးကို တွေးမိတိုင်း အကြောက်ပွားသဖြင့် တပါးသော ကိစ္စနှင့်မေ့မေ့ လျော့ လျော့ မနေဝံ့မူ၍ ဝိပဿနာ သမ္မာဒိဋ္ဌိကိုသာ မနေမနား ကြိုးစားအား ထုတ်သော သူသည် ထိုအနာမှ ကျရောက်သော ပိုးတို့အတွက် ကြက်သီး လည်းထ ကြောက်ရွံ့လှ၍ ဆေးအမှုကိုသာ မနေမနား အားထုတ်သည်နှင့်တူ၏။ ဤဥပမာဖြင့်ကား အနာရှိ၍ကျလာသော သံသေဒဇ ပိုးငယ်စု ကဲ့သို့ အဆင်းသဏ္ဌာန်နှင့် စက္ခုအကြည်ဝယ် ပြိုင်တွေ့ဆုံမိသောအခါမှ အမြင်ဓာတ်စု အာဂန္တုတို့ စက္ခုအကြည်ပေါ်မှာ တဖွားဖွားဖြစ်ပေါ်လာ ကြကုန်သည်၊ မျက်စိထဲမှာ အမြဲရှိနေကြသောဓာတ်စု မဟုတ်ဟူသော အဓိပ္ပါယ်ကို ပြလိုရင်းတည်း၊ တစ်နာရီအတွင်း, တစ်ထိုင်အတွင်းမှာပင် ထိုကဲ့သို့ အာဂန္တုက ပဋိစ္စသမုပ္ပါဒ် ဓာတ်သီးဓာတ်ခြား အနေနှင့် မြင်နိုင် ပါမှ မျက်စိအကြည်ပေါ်မှ အခါခါဖြစ်ပေါ်မှု,အခါခါသေမမှု, အခါခါ ဓာတ်သချုႋင်း ကျမှုကဲ့ငို့ မြင်နိုင်မည်၊ မရဏကို ပြဆိုသောအရာဖြစ်၍ ဓာတ်သင်္ချိုင်း ကျမှုကို သမ္မာဒိဋ္ဌိဉာဏ်မျက်စိ ိပေါက်အောင် ပြလိုရင်းပေ တည်း။ နာမ်တရားတို့ မည်သည် ရုပ်တရာကဲ့သို့ သဏ္ဌာန်ရှိကြကုန်သည် မဟုတ်၊ ထို့ကြောင့် မျက်စိမှ နာမ်ဓာတ်ဖြစ်ပေါ်မှု,နာမ်ဓာတ်သေမှ ဓာတ် သချုႋင်းကျမှုကို ဉာဏ်ဖြင့်ရှာကြသော သူသည် သဏ္ဌာန်အနေနှင့် ရှာကြံ၍မရအပ်၊ မြင်မှုနှင့်ရှာ ကြံမှု ရအပ်သည်၊ မြင်မှုသည်ပင် ထိုဓာတ်စု အမှန် ဖြစ်သည်၊ မြင်မှု ပျောက်ကွယ်ချက်သည်ပင်လျှင် ဓာတ်သေမှု ဓာတ်သင်္ချိုင်းကျမှုအမှန်ဖြစ်သည်၊ ဘယ်ဟာကို ယခု ငါမြင်၏ ဟု သိကြ၏၊ ဘယ်ဟာကို ယခု ငါမမြင်ပြီ ဟုသိကြ၏။ စိတ်ထဲမှာ ယခု ငါ၌ ဒေါသဖြစ်၍နေ၏ဟု သိကြ၏၊ ယခု ဒေါသပြေငြိမ်းပြီဟု သိကြ၏၊ ထု့ိထက်ပင်မြင်မှုဖြစ်ချက်, မြင်မှု ပျက်ချက် ထင်ရှား၏၊ စိတ်အစဉ်ကို လက်ကိုင်ပြု၍ ကြည့်ရမည်။ စိတ်အစဉ်မည်သည်ကား-မြေကို မြင်၍ သိပုံတမျိုး, ရေကို မြင်၍ သိပုံတမျိုး, တောကိုမြင်၍ သိပုံတမျိုး, တောင်ကို မြင်၍ သိပုံတမျိုး၊ ဤသို့အစရှိသည်ဖြင့် မြင်သော အထည် ဝထ္ထုကွဲလျှင် သိပုံအမျိုးမျိုး ကွဲပြားသည်၊ သိမှု အခြင်းအရာသည်ပင်လျှင် စိတ်တရားကိုယ်ရင်း ဖြစ်သည်။ မြေကို မြင်၍ သိသည်မှ ရေကိုမြင်ပြန်၍ ရေကိုသိသောအခါ မြေကိုသိမှု မရှိပြီ၊ ချုပ်ကွယ်ပြီ၊ ဤသို့ အစရှိသည်ဖြင့် ဓာတ်သေပုံ, ဓာတ်သင်္ချိုင်းကျပုံကို သိလေ၊ မြေကိုလည်း သည်စိတ်နှင့်ပင် မြင်သည် သိသည်၊ ရေကိုလည်း သည်စိတ်နှင့်ပင်မြင်သည်, သိသည်ဟု ထင်ယင်းစွဲ ရှိကြသည်။ ထိုသို့ကားမဟုတ်၊ မြေကို မြင်ပုံ, သိပုံ ကွယ်ပျောက်ပြီးမှ ရေကို မြင်ပုံ, သိပုံတစ်မျိုး ဖြစ်သည်၊ သိပုံကား ခြားပါ၏၊ စိတ်ကားတခြားမဟုတ်ပါဆိုငြားအံ့၊ သိပုံနှင့် စိတ်တခြားစီလော, တခုတည်းလောမေး၊တခြားစီဆိုပါလျင် သိပုံကား ဘယ်ဓာတ်နည်းဟု-မေး၊ စိတ်မှတပါးသိပုံ မရှိ၊ သိပုံမှတပါး စိတ်မရှိ၊ သိပုံပျောက်ကွယ်မှုသည်ပင်လျှင် စိတ် ကွယ်ပျောက်မှုတည်း။ ဥပမာကား-အလွန်ကောင်းသော ယမ်းကို အဖြူ,အနီ,အဝါ စသည်ဖြင့် အဆင်းအမျိုးမျိုးဆိုး၍ မုန်ညင်းစေ့ခန့် အလုံးငယ် တွေပြု၍ အစေ့ချင်း ထိစပ်အောင်စီစဉ်၍ ထားပြီးလျှင် အစအလုံးမှာမီးပေး၊ အစဉ်အတိုင်း မီးတောက်ဖြူ,မီးတောက်နီစသည် တဆက်တည်း တောက် ၍သွားလိမ့်မည်၊ ထိုသို့သွားရာ၌ အဖြူတောက်ကုန်မှု, အနီ တောက် ကုန်မှုစသည် ခြားနားစွာမြင်လိမ့်မည်၊ ထို့အတူအမိဝမ်း ကဖွားမြင် သည်မှစ၍ ယနေ့ထက်တိုင်မြင်မှု အမျိုးမျိုး,ကြားမှုအမျိုးမျိုး စသည် တစဉ်တည်း ဆက်လက်၍ လာခဲ့သော စိတ်အစဉ်၌ ရှေးရှေးမြင်မှု,ကြားမှု စသည် အစဉ်အတိုင်းကုန်၍,ကုန်၍ ပျောက်ကွယ်ပျက်ဆုံး၍လာခဲ့သည်ကိုသိလေ။ (ဤကား စက္ခုအကြည်မှာ အဆင်းသဏ္ဌာန်ဟူသော ရူပါရုံနှင့် ဆုံမိတိုင်း ဆုံမိတိုင်း အသစ်အသစ် ဖြစ်ပေါ်၍ ခုထင်, ခုပျက်ဆုံး သေ ပျောက်ကြကုန်သော အမြင်နာမ်ဓာတ်တို့၏ သန္တတိမရဏကို ပြဆိုသော အခန်းတည်း။)
ကျေးဇူးတော်ရှင်လယ်တီဆရာတော်ကြီး
--------------
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment