ဗုဒ္ဓဝင် ဆိုသည်မှာဗုဒ္ဓ၏ ရာဇဝင်ကို ခေါ်ခြင်း ဖြစ်သည်။ Siddhārtha Gautama သိဒ္ဓတ္ထ ဂေါတမ (သက္ကတ- सिद्धार्थ गौतम; ပါဠိ- सिद्धाथ गोतम Siddhartha Gotama သိဒ္ဓတ္ထ ဂေါတမ) သည် ဗုဒ္ဓဘာသာ ကိုတည်ထောင်ခဲ့သော ဘာသာရေးဆိုင်ရာ အမြင့်မြတ်ဆုံးသော
အဓိကပုဂ္ဂိုလ်မြတ်စွာဘုရားသခင် ဖြစ်သည်။ ဘီစီ ၆၂၃ (ခရစ်တော်မပေါ်မီ) ၂၆၀ဝ ကျော် တွင် ဗုဒ္ဓမြတ်စွာဘုရားသခင် ကိုမွေးဖွားခဲ့သည်။ ဗုဒ္ဓသည်အိန္ဒိယတိုက်တွင် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကို ဘီစီ ၅၈၈ တွင် စတင်တည်ထောင်ခဲ့သည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသောဝါဒ ထူထောင်သူများ ဖြစ်သည့်ကွန်ဖြူးရှပ်(ဘီစီ ၅⁠၅၁-၄၇၉) ၊ လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏ဝါဒမှာ ထိုသူများ၏ဝါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။ ဗုဒ္ဓ၏ဝါဒသည် အမြင့်မြတ်ဆုံးသောအမှန်တရားဖြစ်သည်။ ဗုဒ္ဓဘာသာသည် (ခရစ်တော်မပေါ်မီ) ဘီစီ ၅၈၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျသည့် ဘာသာလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား စသည်တို့ရှိရာ ဆရာဝတ်တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ ၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။




မင်းပျိုမင်းလွင်ဘဝ

ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမှု ဖွဲ့စည်းပုံတွင် ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး (ခတ္တိယ)၊ကုန်သည်မျိုး(ဝဿ) နှင့်ဆင်းရဲသားမျိုး (သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။ ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်) ယုံကြည်ကြပြီး ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး ဇာတ်ခွဲခြားမှုကိုလိုလားသည်။ ဗုဒ္ဓဝါဒမှာ ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။ ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင် ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဉာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။

အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။

ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍ ငါးပိုင်းရှိသည်။

ဗုဒ္ဓဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓ၏ လူဘဝမှမျိုးရိုး အမည်မှာ ဂေါတမဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်ပါသည်။ (အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် မျိုးရိုးအားဖြင့် သက္က(Shakya) သာကီဝင်မင်းမျိုးဖြစ်သည်။ ထိုအချိန်သည် ဘီစီ ၆၂၃ (ခရစ်တော်မပေါ်မှီ နှစ်ပေါင်း၆၀ဝ ကျော်)ခန့်က ဖြစ်ပါသည်။ ဖခင်သုဒ္ဓေါဒနမင်းကြီးမှာနီပေါနိုင်ငံ သက္ကတိုင်း ကပိလဝတ်ပြည်(Kapilavastu)ကို စိုးအုပ်ပိုင်သော ကပိလဝတ် ဘုရင်ဖြစ်သည်။ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလဝတ် ဟုခေါ်သည်။သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည်ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာ ကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကားဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။ ထိုနေရာသည် နီပေါနိုင်ငံတွင်တည်ရှိသည်။ ကပိလဝတ် နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။ သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား ဘီစီ ၆၂၃ လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် မွေးဖွားတော်မူခဲ့သည်။ ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-

    “အဂ္ဂေါဟမသ္မိလောကဿ
    ဇေဋ္ဌောဟမသ္မိလောကဿ
    သေဋ္ဌောဟမသ္မိလောကဿ” ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

ထိုခေတ်က အမျိုးသမီးများသည် မိမိတို့၏သားဦးအား မိဘရပ်ရွာထံတွင်ပြန်၍ မွေးဖွားရသော ဓလေ့ရှိခဲ့နိုင်သည်။ သိဒ္ဓတ္ထမင်းသားအားဖွားမြင်ပြီး ခုနစ်ရက်အကြာတွင် မယ်တော်မာယာ နတ်ရွာစံခဲ့သောကြောင့် သိဒ္ဓတ္ထမင်းသားသည် မိထွေးတော်ဂေါတမီ ၏ ထိန်းကျောင်းမှုဖြင့် ကြီးပြင်းလာခဲ့သည်။ သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဓန မင်းသည် ထိုခေတ်ကအမြင့်ဆုံးနိုင်ငံရေးအာဏာဖြစ်နိုင်သော စကြာမင်းအရာကို ရစေလိုသည်။ သို့သော်ကြိုတင်နိမိတ်များအရ သိဒ္ဓတ္ထမင်းသားသည် လောကီဘုံကိုစွန့်ခွာ၍ ဘုရားဖြစ်မည်ဟု ပြောကြားသဖြင့် လောကီကာမဂုဏ် အာရုံများဖြင့် မင်းသားကိုဖြားယောင်းထားစေခဲ့သည်။ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ညီမဝမ်းကွဲတော်သူ ယသော်ဓရာနှင့် လက်ဆက်ခဲ့သည်။ ယောက္ခမလောင်း ဖြစ်သူ သုပ္ပဗုဒ္ဓက သဘောမတူသောကြောင့် လေးအတတ်အစွမ်းပြ၍ ကြင်ရာတော်ကို ကိုယ်တိုင်ရွေးယူနိုင်ခဲ့သည်။


တောထွက်တော်မူခြင်း

သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာဒေဝီတို့မှ သားတစ်ယောက်ဖွားမြင်၍ အမည်မှာရာဟုလာ ဟုခေါ်သည်။ လကိုရာဟု ဖမ်းသလို ငါလျှောက်မယ့်လမ်းကို သံယောဇဉ်တို့ဖြင့် ချည်နှောင်မည့်သူဟု ဆိုကာ “ရာဟုလာ” ဟုသိဒ္ဓတ္ထမင်းသား ကိုယ်တိုင်နာမည်ပေးခဲ့ခြင်းဖြစ်သည်။ လောကီအာရုံများဖြင့် ဖျားယောင်းထားခြင်း၊ အနိဌာရုံများကို မမြင်အောင်ဖန်တီးထားခြင်း၊ သားမယား သံယောဇဉ် များကို တိုးလာစေခြင်းအားဖြင့် ခမည်းတော်မှစီမံထားသော်လည်း သိဒ္ဓတ္ထမင်းသားသည်လက်ရှိဘဝ ထက်ပိုမိုမြင့်မြတ် သော ဘဝအမှန်မွန်ကို ရှာဖွေလိုစိတ်ပြင်းထန်လာသည်။ ထို့ကြောင့်တစ်နေ့တွင် ခါးသီးသောအမှန်တရားကို သိဒ္ဓတ္ထမင်းသား မြင်တွေ့ခဲ့လေသည်။ ထိုသို့တွေ့ရှိခဲ့ရာ လူ့ဘဝ၏ အစစ်အမှန်တရားကို သင်္ကေတလေးပါးဖြင့် ဖေါ်ပြကြသည်။ ဗုဒ္ဓကျမ်းစာများတွင် နိမိတ်ကြီးလေးပါးဟု ညွှန်းဆိုကြပါသည်။ ဤသည်တို့မှာ

    သူအို၊
    သူနာ
    သူသေနှင့်
    ရဟန်းတို့ဖြစ်ကြသည်။

ပထမသင်္ကေတသုံးပါးမှာ ဘဝကိုကိုယ်စားပြုသည်။ အိုခြင်း၊နာခြင်း၊သေခြင်းတို့၏ တည်ရာမှီရာဖြစ်သည်။ နောက်ဆုံး သင်္ကေတရဟန်းမှာ ဘဝကိုကျော်လွန်သွားပြီး အိုခြင်း၊နာခြင်း၊သေခြင်းကင်းရာလွတ်မြောက်ရေးလမ်းကို ကိုယ်စားပြုသည်။ ထိုသဘောတရားများကို သိရှိလာသော သိဒ္ဓတ္ထမင်းသားသည် မင်းသားဘဝနှင့်တာရှည်နေရန်မဖြစ်နိုင်သောကြောင့် တစ်ခုသောညတွင် သားငယ်နှင့် ဇနီးသည်ကို နောက်ဆုံးကြည့်ကာ အမှန်တရားကိုရှာဖွေရန်တောထွက်တော်မူခဲ့လေသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုစဉ်က အသက် ၂၉ နှစ်ရှိပြီဖြစ်သောကြောင့် စဉ်းစားဝေဖန်ပိုင်းခြားတတ်သောအရွယ်ရောက် နေလေပြီဖြစ်သည်။ ထို့ပြင်ကောင်းမွန်သေချာသော အနာဂတ်တစ်ခုရှိသော်လည်း စွန့်လွှတ်ပြီး တောထွက်ခဲ့သည်မှာ တော်ရုံတန်ရုံ စိတ်ပိုင်းဖြတ်မှုမျိုးမဟုတ်ဟု သေချာပြောဆိုနိုင်သည်။

သစ္စာတရားကို ရှာခြင်း

ဗုဒ္ဓကျမ်းစာများတွင် ထိုကာလအပိုင်းအခြားကို ဒုက္ကယစရိယာ ကျင့်ခြင်းဟူ၍ဖေါ်ပြကြသည်။ တောထွက်တော်မူပြီးနောက် ဘုရားမဖြစ်ခင်အထိ ခြောက်နှစ်တာမျှသော အချိန်ကိုဆိုလိုသည်။ ပထမဆုံးစမ်းသပ်ခဲ့သောအချက်မှာ ယောဂ(သမထ)ကျင့်စဉ်ဖြစ်သည်။ တင်္ဒဂအားဖြင့်စိတ်တည်ငြိမ်မူ့ရရှိသော်လည်း ထာဝရစိတ်၏ ငြိမ်းချမ်းသောလွတ်မြောက်ရာလမ်းကိုသာရှာဖွေလိုသည်။ ထို့ကြောင့် ထို သမထ သက်သက်ကျင့်စဉ်ကို လည်းစွန့်လွှတ်ခဲ့သည်။ သို့သော်ယောဂအကျင့်မှာ နောင်ဗုဒ္ဓသာသာနာတွင်အရေးကြီးလာမည့် ကမ္မဌာန်းလုပ်ငန်းအတွက် အခြေခံကောင်းများကို ပေးနိုင်ခဲ့သည်ဟုဆိုရမည် ဖြစ်သည်။ ယောဂအကျင့်မှ ကမ္မဌာန်းမှာ (Meditation for sake of meditation) သာဖြစ်၍ သိဒ္ဓတ္ထမင်းသားအလိုရှိသော ကမ္မဌာန်းမှာ ဘဝဖြစ်တည်မူ့ကို အနက်ရှိူင်းဆုံးနေရာထိ မျက်မှောက်ပြုနိုင်သော (Insight Meditation)မျိုးဖြစ်လေသည်။ ဝိပဿနာ ကမ္မဌာန်းမျိုးကိုဆိုလိုသည်။ ဒုတိယစမ်းသပ်ချက်မှာ တပအကျင့်(asceticism)ဖြစ်သည်။ ကောဏ္ဍည အမှူးပြုသော တပသီငါးဦးနေထိုင်ရာ ဥရုဝေလတောအုပ်ထဲရှိ တောကျောင်းကလေးတွင်သွားရောက်နေထိုင်ခဲ့သည်။ ထိုနေရာတွင်အလွန်အကျွံခြိုးခြံ ချွေတာခြင်း၊ မိမိကိုယ်ကိုပင်ပန်းဆင်းရဲစေခြင်းစသည့် ပြင်းထန်သည့်အကျင့်များကို ကျင့်ခဲ့သော်လည်း ခန္ဓာကိုယ်သာ အိုမင်းရင့်ရော် ခန်းခြောက်လာခဲ့ကာ သစ္စာတရားကိုရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ တပသီငါးဦးသည်လည်း သိဒ္ဓတ္ထမင်းသားကို စိတ်ပျက်ကာစွန့်ခွာသွားကြလေသည်။ထိုကဲ့သို့ ယောဂ၊တပနှင့် အခြားအတတ်များတွင် ကျင့်ကြံရင်း သစ္စာတရားကိုရှာဖွေရာ ခြောက်နှစ်တာမျှအချိန်ကုန် လာခဲ့သည်။ ထိုအခါဗုဒ္ဓသည် သစ္စာတရားကိုရှာဖွေသောလမ်းမှာ အချိုဆုံးလမ်းလည်းမဟုတ်သလို အခါးဆုံးလမ်းလည်း မဖြစ်နိုင်ဟုဆင်ခြင်မိကာ ထိုအစွန်းနှစ်ပါးကြားမှတတိယ လမ်းသာဖြစ်ရမည်ဟုတွေးမိလေသည်။ ဤအခိုက်အတန့်မှာပင် ငယ်စဉ်ဘဝကအဖြစ်အပျက်တစ်ခုကို အလောင်းတော်သည်ဆင်ခြင်မိလေသည်။ ခမည်းတော် လယ်ထွန်မင်္ဂလာ ပွဲ ကျင်းပနေချိန် တွင် မင်းသားငယ်အား သပြေပင်ရိပ်တွင် သိပ်ထားခဲ့လေသည်။ ကလေးငယ်အရွယ် မျှသာဖြစ်သော သိဒ္ဓတ္ထမင်းသားသည် ဘေးပတ်ဝန်းကျင်မှအသံများကိုလည်းကောင်း သပြေပင်ရိပ်မှ အေးမြမှုကိုလည်းကောင်း သတိမပြုမိဘဲ၊ မိမိခန္ဓာကိုယ်အတွင်းတွင်သာ သိစိတ်ကိုစုစည်းထားမိသည်။ ထိုအချိန်ကရရှိခဲ့သော ချမ်းသာပီတီမျိုးကို သိဒ္ဓတ္ထမင်းသားသည် ဘဝတွင်နောက်ထပ်ကြုံတွေ့ခဲ့ရခြင်းမရှိတော့ပေ။ ထိုချမ်းသာပီတိအား ဗုဒ္ဓကျမ်းစာများတွင် ပထမဈာန်ဟု သတ်မှတ်ပါသည်။ ဤအတွေ့အကြုံကိုဆင်ခြင်မိသော သိဒ္ဓတ္ထမင်းသားသည်၊ သစ္စာတရားကိုရှာဖွေသောလမ်းစမှာ မိမိကိုယ်အတွင်းတွင်သာရှိမည်ဟု သဘောရလာလေသည်။ ထို့နောက်ယောဂဆရာကြီးများထံမှရလာသော ကမ္မဌာန်းအကျင့်နှင့်အာရုံတို့ကိုစုစည်းကြည့်လေရာ ရုပ်ခန္ဓာသာမက သိစိတ်အလျင်၏ မမြဲသောသဘောတရားတို့ကိုပါဆင်ခြင်မိလေသည်။ ထိုမှတဆင့်မမြဲခြင်း၏ မနှစ်မြို့ဖွယ်ရာအဖြစ်များကိုလည်းကောင်း၊ မိမိအလိုသို့မလိုက်သည့်သဘော၊မိမိဆန္ဒနှင့် မည်သို့မျှမသက်ဆိုင်သည့်သဘော၊ အစိုးမရသည့်သဘောများကို ပီပီပြင်ပြင်မြင်တွေ့လာလေသည်။ ကျမ်းစာများအရ အနိစ္စ၊ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကိုဆိုလိုပါသည်။ ခန္ဓာကိုယ်မှရသော ထိုလမ်းစကိုဆွဲဆန့်ကြည့်လိုက်ရာ လူဖြစ်တည်မှုတစ်ခုလုံး၏ အခြင်းအရာများမှာတဖြည်းဖြည်း ပီပြင်လာသည်။ ဘဝ၏တွန်းအားများ၊ ထိုလမ်းမှလွတ်မြောက်ရာလမ်း၊ ထာဝရငြိမ်းအေးမှု ထိုသည်တို့ပင်ဗုဒ္ဓ ရှာဖွေနေသော သစ္စာတရားပင်ဖြစ်လေသည်။ ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊နိရောဓသစ္စာဟူသော သစ္စာလေးပါး တရားပင်ဖြစ်ပါတော့သည်။ ဗုဒ္ဓဉာဏ်အလင်းရခဲ့ရာ နေရဉ္ဇာရာအနီးမှ ညောင်ပင်ကြီးအား ဗုဒ္ဓဘာသာဝင်များက ဗောဓိပင်ဟုခေါ်ကြသည်။ သဘောမှာ ဉာဏ်အလင်းသစ်ပင် (Tree of enlightenment) သို့မဟုတ် ဉာဏ်ပညာသစ်ပင် (Tree of wisdom) ဟုအဓိပ္ပာယ်ရပါသည်။ ဤသည်ပင်လျင် နယူတန်၏ ကမ္ဘာ့ဆွဲအား၊ ပတ်စချာ၏ ပိုးမွှားဗေဒ၊ အိုင်းစတိုင်း၏ နှိုင်းရသဘောတရားစသော ခေတ်သစ်တွေ့ရှိချက်များအားလုံးထက် နှစ်ပေါင်းများစွာစောပြီး၊ အဆပေါင်းများစွာ ကျယ်ပြန့်နက်ရှိုင်းလှသော မဟာရှာဖွေတွေ့ရှိမူ့ကြီး ဖြစ်ပါသည်။

သာသနာပြုခရီးရှည်

ဗုဒ္ဓဘုရားရှင်သည် ရရှိခဲ့သော ဉာဏ်အလင်းအား တပဿီအကျင့်အားအတူကျင့်ကြံခဲ့သော ရှင်ကောဏ္ဍညအမှူးပြုသော တပသီဟောင်းငါးဦးအားအရင်ဖြန့်ဝေခဲ့သည်။ ထို့ကြောင့်ရှင်ကောဏ္ဍည ဦးဆောင်သော သံဃာတော်ငါးပါးသည် ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်းတွင် ပထမဆုံးသောသံဃာများဖြစ်လာခဲ့သည်။ ထိုပဉ္စဝဂ္ဂီငါးပါးအား ဟောကြားတော်မူခဲ့သော ဓမ္မစက္ကပဝတ္တနသုတ်တော်သည် ဗုဒ္ဓဟောကြားတော်မူခဲ့သော ပထမဆုံး တရားဦးဖြစ်ပေသည်။

ထိုအချိန်မှစကာ ဗုဒ္ဓဘုရားရှင်သည် ၄၅ နှစ်တာကာလပတ်လုံး သာသနာပြုခရီးရှည်ကြီးထွက်ကာ သတ္တဝါအပေါင်းအား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်တော်မူခဲ့ပါသည်။သမိုင်းဆိုင်ရာအထောက်အထားများနှင့် ဗုဒ္ဓကျမ်းစာများပါအချက်အလက် များအရ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးကို အောက်ပါအတိုင်းမှတ်တမ်းတင်နိုင်သည်။

    ဘီစီ ၅၂၈ - ဣသိပတန (ယခု-ဆာရနာတ်)
    ဘီစီ ၅၂၇ - ရာဇဂြိုဟ်
    ဘီစီ ၅၂၆ - ရာဇဂြိုဟ်
    ဘီစီ ၅၂၅ - ရာဇဂြိုဟ်
    ဘီစီ ၅၂၄ - ဝေသာလီ
    ဘီစီ ၅၂၃ - မကုဋတောင်(ယခု-ဗိဟာရ်)
    ဘီစီ ၅၂၂ - တာဝတိံသာနတ်ပြည်(ကျမ်းစာအရ)
    ဘီစီ ၅၂၁ - သုသုမာရတောင်(ယခု-ကျုနာရ်)
    ဘီစီ ၅၂၀ - ကောသမ္ဗီ(ယခု-က္ကုလဟာဗာ)
    ဘီစီ ၅၁၉ - ပါလိလေယျက(ယခု-မိရ်-ဂျာပူ)
    ဘီစီ ၅၁၈ - နာဠာ(ယခု-ဗိဟာရ်)
    ဘီစီ ၅၁၇ - ဝေရဉ္ဇာ(ယခု-မထုရာ)
    ဘီစီ ၅၁၆ - စာလိယတောင်(ယခု-ဗိဟာရ်)
    ဘီစီ ၅၁၅ - သာဝတ္ထိ(ယခု-ဂေါဏ္ဍာ)
    ဘီစီ ၅၁၄ - ကပိလဝတ္ထု
    ဘီစီ ၅၁၃ - အာလဝီ(ယခု-အာရ်ဝလိ)
    ဘီစီ ၅၁၂ - ရာဇဂြိုဟ်
    ဘီစီ ၅၁၁ - စာလိယတောင်
    ဘီစီ ၅၁၀ - စာလိယတောင်
    ဘီစီ ၅၀၉ - ရာဇဂြိုဟ်
    ဘီစီ ၅၀၈ မှ ၄၈၄ - သာဝတ္ထိ
    ဘီစီ ၄၈၃ - ဝေသာလီ

ထိုသာသနာပြုခရီးသည် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းတခွင်သို့ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးပင်ဖြစ်သည်။


ပရိနိဗ္ဗာန်စံတော်မူခြင်း

လူသတ္ထဝါတို့အား ကယ်တင်ရန်အလို့ငှာဘုရားဖြစ်သောမူသော ဂေါတမဗုဒ္ဓသည် ဘီစီ ၅၄၃ ခုနှစ်တွင် ဝေသာလီ ပြည် မလ္လာမင်းများ၏ အင်ကြင်းဥယျာဉ်တစ်ခုတွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးအချိန်တွင် နောက်ဆုံးမှာကြားခဲ့သော စကားမှာ ဗုဒ္ဓဘာသာများအတွက်သာမက၊ လူသားအားလုံးအတွက်ပါ အထူးအဓိပ္ပါယ် ရှိလှသည်ဟု နှောင်းခေတ်ပညာရှင်များက ဆိုကြသည်။ ထိုအမှာစကားမှာ

    ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ

ဟူသော ပါဠိဂါထာတိုလေးဖြစ်သည်။ မြန်မာဘာသာ ဖြင့်ဤကဲ့သို့ အဓိပ္ပါယ်ယူနိုင်ပါသည်။

    ဘဝသည် မမြဲ၊ မမေ့မလျော့သော ကိုယ်စိတ်နှလုံးရှိကြစေ

Zawgyi Code
ဗုဒၶဝင္
ဗုဒၶဝင္ ဆိုသည္မွာဗုဒၶ၏ ရာဇဝင္ကို ေခၚျခင္း ျဖစ္သည္။ Siddhārtha Gautama သိဒၶတၳ ေဂါတမ (သကၠတ- सिद्धार्थ गौतम; ပါဠိ- सिद्धाथ गोतम Siddhartha Gotama သိဒၶတၳ ေဂါတမ) သည္ ဗုဒၶဘာသာ ကိုတည္ေထာင္ခဲ့ေသာ ဘာသာေရးဆိုင္ရာ အျမင့္ျမတ္ဆုံးေသာ အဓိကပုဂၢိဳလ္ျမတ္စြာဘုရားသခင္ ျဖစ္သည္။ ဘီစီ ၆၂၃ (ခရစ္ေတာ္မေပၚမီ) ၂၆၀ဝ ေက်ာ္ တြင္ ဗုဒၶျမတ္စြာဘုရားသခင္ ကိုေမြးဖြားခဲ့သည္။ ဗုဒၶသည္အိႏၵိယတိုက္တြင္ ဗုဒၶဝါဒ ဗုဒၶဘာသာ ကို ဘီစီ ၅၈၈ တြင္ စတင္တည္ေထာင္ခဲ့သည္။ အေရွ႕တိုင္းတြင္ ဒႆနႏွင့္ ဆက္သြယ္ေသာ အျခားေသာဝါဒ ထူေထာင္သူမ်ား ျဖစ္သည့္ကြန္ျဖဴးရွပ္(ဘီစီ ၅⁠၅၁-၄၇၉) ၊ ေလာင္ဇူ တို႔ကဲ့သို႔ ပုဂၢိဳလ္မ်ား ေပၚထြန္းခဲ့ေသာ္လည္း ဗုဒၶ၏ဝါဒမွာ ထိုသူမ်ား၏ဝါဒႏွင့္ သေဘာသဘာဝအားျဖင့္ မ်ားစြာ ကြာျခားေလသည္။ ဗုဒၶ၏ဝါဒသည္ အျမင့္ျမတ္ဆုံးေသာအမွန္တရားျဖစ္သည္။ ဗုဒၶဘာသာသည္ (ခရစ္ေတာ္မေပၚမီ) ဘီစီ ၅၈၈ တြင္ စတင္ေပၚထြန္းခဲ့သည္။

သိပၸံနည္းက် ဗုဒၶဘာသာ

ဗုဒၶဘာသာတြင္အေၾကာင္းအရာတစ္ခုကိုေလ့လာရာ၌ နည္းစံနစ္က်သည္။ သိပၸံနည္းက်သည္။ ဗုဒၶ၏အဆုံးအမမ်ားႏွင့္ ဗုဒၶဘာသာသည္ သိပၸံနည္းက် ဘာသာ အမွန္တရားႏွင့္ လက္ေတြ႕သဘာဝက်သည့္ ဘာသာလည္း ျဖစ္သည္။ ဗုဒၶဘာသာတြင္ တပည့္တို႔၏ဝတၱရား၊ ဆရာတို႔၏ဝတၱရား၊ သားသမီးတို႔၏ဝတၱရား၊ မိဘတို႔၏ဝတၱရား စသည္တို႔ရွိရာ ဆရာဝတ္တြင္ အတတ္လည္းသင္ ပဲ့ျပင္ဆုံးမ သိပၸမခ်န္ ေဘးရန္ဆီးကာ သင့္ရာအပ္ပို႔ ဆရာတို႔ က်င့္ဖို႔ဝတ္ငါးျဖာ ဟုပါရွိသည္။ ၃၈ျဖာေသာမဂၤလာတရားေတာ္တြင္လည္း အျပစ္ကင္းေသာ သိပၸ အတတ္ပညာတို႔ကိုတတ္ေျမာက္ျခင္းသည္လည္း မဂၤလာ တစ္ပါးဟု အဆိုရွိပါသည္။

မင္းပ်ိဳမင္းလြင္ဘဝ
ဗုဒၶသည္ ထိုေခတ္က မင္းမ်ိဳးျဖစ္ေသာ ခတၱိယမ်ိဳးႏြယ္မွဆင္းသက္လာခဲ့သည္။ ထိုေခတ္ကေရွးေဟာင္း အိႏၵိယလူမႈ ဖြဲ႕စည္းပုံတြင္ ပုဏၰားမ်ိဳး(ျဗဟၼဏ)၊မင္းမ်ိဳး သို႔မဟုတ္ စစ္သားမ်ိဳး (ခတၱိယ)၊ကုန္သည္မ်ိဳး(ဝႆ) ႏွင့္ဆင္းရဲသားမ်ိဳး (သုဒၶ)ဟူ၍ အမ်ိဳးေလးပါးခြဲကာ ဇာတ္အနိမ့္အျမင့္ခြဲျခားမူ႔ရွိခဲ့သည္။ ျဗာဟၼဏတို႔သည္ ေဝဒက်မ္းလာဖန္ဆင္းရွင္ျဖစ္ေသာ ျဗဟၼာကို(ေဂါ့ဒ္) ယုံၾကည္ၾကၿပီး ေဂါ့ဒ္၏ဦးေခါင္းမွဆင္းသက္ လာေသာ မိမိတို႔အမ်ိဳးသည္သာအျမတ္ဆုံးဟုခံယူၿပီး ဇာတ္ခြဲျခားမႈကိုလိုလားသည္။ ဗုဒၶဝါဒမွာ ေဂါ့ဒ္ကိုပယ္၍ ဇာတ္အနိမ့္အျမင့္ခြဲျခားမူ႔ကို ဆန႔္က်င္ပါသည္။ ထို႔ေၾကာင့္ဗုဒၶကို ေလ့လာမည္ဆိုပါက လူသားစင္စင္စစ္ ဘုရားျဖစ္သည္ဟု ယုံၾကည္ထားရန္မွာ အေရးႀကီးဆုံးျဖစ္သည္။ အျခား ဗုဒၶဘာသာဂိုဏ္းခြဲမ်ားတြင္ ဗုဒၶအား ေကာင္းကင္ဘုံမွ ဘုရားအျဖစ္မွတ္ယူေလ့ရွိၾကသည္။ ဗုဒၶ ဆိုေသာေဝါဟာရမွာ ဉာဏ္အလင္းရသူ (Enlightened)၊ သို႔မဟုတ္ စိတ္အာ႐ုံ ႏိုးၾကားေနသူ (Mentally awakened) ဟု အဓိပၸါယ္ရသည္။

အမွန္တရားေလးပါး (သစၥာေလးပါး) ကို ကိုယ္ေတာ္တိုင္ ကိုယ္ပိုင္ဉာဏ္ျဖင့္ ထိုးထြင္း၍သိျမင္ေသာ အျမတ္ဆုံး ပုဂၢိဳလ္ ဟု ခ်မ္းေျမ့ဆရာေတာ္က အဓိပၸါယ္ဖြင့္သည္။

ဗုဒၶဝင္တြင္ မင္းပ်ိဳမင္းလြင္ဘဝ၊ ေတာထြက္ေတာ္မူျခင္း၊ သစၥာတရားကို ရွာျခင္း၊ သာသနာျပဳခရီးရွည္၊ ပရိနိဗၺာန္ စံေတာ္မူျခင္း ဟူ၍ ငါးပိုင္းရွိသည္။

ဗုဒၶဆိုသည္မွာ အမွန္တကယ္အားျဖင့္ ဘုရားျဖစ္ၿပီးမွရရွိလာေသာ ဘြဲ႕အမည္ပင္ျဖစ္သည္။ ဗုဒၶ၏ လူဘဝမွမ်ိဳး႐ိုး အမည္မွာ ေဂါတမျဖစ္၍ ကိုယ္ပိုင္အမည္မွာ သိဒၶတၳ ကုမာရျဖစ္ပါသည္။ (အလုံးစုံေသာ လူနတ္တို႔၏ အလိုခပ္သိမ္းကို ၿပီးၿငိမ္းေစတတ္ေသာ) အဓိပၸါယ္ရသည္။ သိဒၶတၳမင္းသားသည္ မ်ိဳး႐ိုးအားျဖင့္ သကၠ(Shakya) သာကီဝင္မင္းမ်ိဳးျဖစ္သည္။ ထိုအခ်ိန္သည္ ဘီစီ ၆၂၃ (ခရစ္ေတာ္မေပၚမွီ ႏွစ္ေပါင္း၆၀ဝ ေက်ာ္)ခန႔္က ျဖစ္ပါသည္။ ဖခင္သုေဒၶါဒနမင္းႀကီးမွာနီေပါႏိုင္ငံ သကၠတိုင္း ကပိလဝတ္ျပည္(Kapilavastu)ကို စိုးအုပ္ပိုင္ေသာ ကပိလဝတ္ ဘုရင္ျဖစ္သည္။ ထိုေနရာေဒသအား က်မ္းစာမ်ားတြင္ ကပိလဝတ္ ဟုေခၚသည္။သုေဒၶါဒနမင္းႀကီး၏ အမ်ိဳးအႏြယ္အစဥ္အဆက္မွာ ဩကၠာကရာဇ္မင္းမွစ၍ ဇယေသနမင္းအထိ ရွစ္ေသာင္းႏွစ္ေထာင္ေသာမင္းတို႔သည္ ကပိလဝတ္ျပည္ႀကီး၌ မင္းျပဳၾကကုန္၏။ ထိုမင္းတို႔တြင္အစျဖစ္ေသာ ဩကၠာ ကရာဇ္မင္းႀကီး၏ သၾကာဝတေဘာကုမာရာ=အခ်င္းတို႔ သားေတာ္တို႔သည္စြမ္းႏိုင္ကုန္စြ တကားဟူေသာ ဥဒါန္းက်ဴးရင့္မိန႔္ခြန္းဆင့္သည္ကိုအစြဲျပဳ၍ သာကီဝင္မ်ိဳးဟု ေခၚေၾကာင္းကို သုတ္သီ လကၡန္ပါဠိေတာ္၌ ေဟာျပထားေလသည္။ ထိုေနရာသည္ နီေပါႏိုင္ငံတြင္တည္ရွိသည္။ ကပိလဝတ္ ႏွင့္ အနီးအပါး၌ပင္ အျခားေသာမ်ိဳးႏြယ္စုအေျမာက္အျမားေနထိုင္ၾကသည္။ သိဒၶတၳမင္းသား၏ မယ္ေတာ္ မဟာမာယာ သည္လည္း ေကာလိယမ်ိဳးႏြယ္စု အႀကီးအကဲတစ္ဦး၏ သမီးျဖစ္ပါသည္။ မယ္ေတာ္မဟာမာယာသည္ သိဒၶတၳမင္းသားအား ဘီစီ ၆၂၃ လုမၺိနီဥယ်ာဥ္ေတာ္အတြင္းရွိ အင္ၾကင္းပင္တစ္ပင္ေအာက္တြင္ ေမြးဖြားေတာ္မူခဲ့သည္။ ဖြားေတာ္မူၿပီးေနာက္ အေရွ႕အရပ္မွ ေျမာက္သို႔ လွည့္ေတာ္မူလ်က္ ခုနစ္ဖဝါးသြား၍ မတ္မတ္ရပ္ေတာ္မူၿပီးေသာ္-

    “အေဂၢါဟမသၼိေလာကႆ
    ေဇေ႒ာဟမသၼိေလာကႆ
    ေသေ႒ာဟမသၼိေလာကႆ” ဟူေသာ သုံးခြန္းစကား ဆိုေတာ္မူသည္။

ထိုေခတ္က အမ်ိဳးသမီးမ်ားသည္ မိမိတို႔၏သားဦးအား မိဘရပ္႐ြာထံတြင္ျပန္၍ ေမြးဖြားရေသာ ဓေလ့ရွိခဲ့ႏိုင္သည္။ သိဒၶတၳမင္းသားအားဖြားျမင္ၿပီး ခုနစ္ရက္အၾကာတြင္ မယ္ေတာ္မာယာ နတ္႐ြာစံခဲ့ေသာေၾကာင့္ သိဒၶတၳမင္းသားသည္ မိေထြးေတာ္ေဂါတမီ ၏ ထိန္းေက်ာင္းမႈျဖင့္ ႀကီးျပင္းလာခဲ့သည္။ သိဒၶတၳမင္းသား၏ ဖခင္သုေဒၶါဓန မင္းသည္ ထိုေခတ္ကအျမင့္ဆုံးႏိုင္ငံေရးအာဏာျဖစ္ႏိုင္ေသာ စၾကာမင္းအရာကို ရေစလိုသည္။ သို႔ေသာ္ႀကိဳတင္နိမိတ္မ်ားအရ သိဒၶတၳမင္းသားသည္ ေလာကီဘုံကိုစြန႔္ခြာ၍ ဘုရားျဖစ္မည္ဟု ေျပာၾကားသျဖင့္ ေလာကီကာမဂုဏ္ အာ႐ုံမ်ားျဖင့္ မင္းသားကိုျဖားေယာင္းထားေစခဲ့သည္။ အသက္တစ္ဆယ့္ေျခာက္ႏွစ္အ႐ြယ္တြင္ ညီမဝမ္းကြဲေတာ္သူ ယေသာ္ဓရာႏွင့္ လက္ဆက္ခဲ့သည္။ ေယာကၡမေလာင္း ျဖစ္သူ သုပၸဗုဒၶက သေဘာမတူေသာေၾကာင့္ ေလးအတတ္အစြမ္းျပ၍ ၾကင္ရာေတာ္ကို ကိုယ္တိုင္ေ႐ြးယူႏိုင္ခဲ့သည္။


ေတာထြက္ေတာ္မူျခင္း

သိဒၶတၳမင္းသားႏွင့္ ယေသာ္ဓရာေဒဝီတို႔မွ သားတစ္ေယာက္ဖြားျမင္၍ အမည္မွာရာဟုလာ ဟုေခၚသည္။ လကိုရာဟု ဖမ္းသလို ငါေလွ်ာက္မယ့္လမ္းကို သံေယာဇဥ္တို႔ျဖင့္ ခ်ည္ေႏွာင္မည့္သူဟု ဆိုကာ “ရာဟုလာ” ဟုသိဒၶတၳမင္းသား ကိုယ္တိုင္နာမည္ေပးခဲ့ျခင္းျဖစ္သည္။ ေလာကီအာ႐ုံမ်ားျဖင့္ ဖ်ားေယာင္းထားျခင္း၊ အနိဌာ႐ုံမ်ားကို မျမင္ေအာင္ဖန္တီးထားျခင္း၊ သားမယား သံေယာဇဥ္ မ်ားကို တိုးလာေစျခင္းအားျဖင့္ ခမည္းေတာ္မွစီမံထားေသာ္လည္း သိဒၶတၳမင္းသားသည္လက္ရွိဘဝ ထက္ပိုမိုျမင့္ျမတ္ ေသာ ဘဝအမွန္မြန္ကို ရွာေဖြလိုစိတ္ျပင္းထန္လာသည္။ ထို႔ေၾကာင့္တစ္ေန႔တြင္ ခါးသီးေသာအမွန္တရားကို သိဒၶတၳမင္းသား ျမင္ေတြ႕ခဲ့ေလသည္။ ထိုသို႔ေတြ႕ရွိခဲ့ရာ လူ႔ဘဝ၏ အစစ္အမွန္တရားကို သေကၤတေလးပါးျဖင့္ ေဖၚျပၾကသည္။ ဗုဒၶက်မ္းစာမ်ားတြင္ နိမိတ္ႀကီးေလးပါးဟု ၫႊန္းဆိုၾကပါသည္။ ဤသည္တို႔မွာ

    သူအို၊
    သူနာ
    သူေသႏွင့္
    ရဟန္းတို႔ျဖစ္ၾကသည္။

ပထမသေကၤတသုံးပါးမွာ ဘဝကိုကိုယ္စားျပဳသည္။ အိုျခင္း၊နာျခင္း၊ေသျခင္းတို႔၏ တည္ရာမွီရာျဖစ္သည္။ ေနာက္ဆုံး သေကၤတရဟန္းမွာ ဘဝကိုေက်ာ္လြန္သြားၿပီး အိုျခင္း၊နာျခင္း၊ေသျခင္းကင္းရာလြတ္ေျမာက္ေရးလမ္းကို ကိုယ္စားျပဳသည္။ ထိုသေဘာတရားမ်ားကို သိရွိလာေသာ သိဒၶတၳမင္းသားသည္ မင္းသားဘဝႏွင့္တာရွည္ေနရန္မျဖစ္ႏိုင္ေသာေၾကာင့္ တစ္ခုေသာညတြင္ သားငယ္ႏွင့္ ဇနီးသည္ကို ေနာက္ဆုံးၾကည့္ကာ အမွန္တရားကိုရွာေဖြရန္ေတာထြက္ေတာ္မူခဲ့ေလသည္။ သိဒၶတၳမင္းသားသည္ ထိုစဥ္က အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္ေသာေၾကာင့္ စဥ္းစားေဝဖန္ပိုင္းျခားတတ္ေသာအ႐ြယ္ေရာက္ ေနေလၿပီျဖစ္သည္။ ထို႔ျပင္ေကာင္းမြန္ေသခ်ာေသာ အနာဂတ္တစ္ခုရွိေသာ္လည္း စြန႔္လႊတ္ၿပီး ေတာထြက္ခဲ့သည္မွာ ေတာ္႐ုံတန္႐ုံ စိတ္ပိုင္းျဖတ္မႈမ်ိဳးမဟုတ္ဟု ေသခ်ာေျပာဆိုႏိုင္သည္။

သစၥာတရားကို ရွာျခင္း

ဗုဒၶက်မ္းစာမ်ားတြင္ ထိုကာလအပိုင္းအျခားကို ဒုကၠယစရိယာ က်င့္ျခင္းဟူ၍ေဖၚျပၾကသည္။ ေတာထြက္ေတာ္မူၿပီးေနာက္ ဘုရားမျဖစ္ခင္အထိ ေျခာက္ႏွစ္တာမွ်ေသာ အခ်ိန္ကိုဆိုလိုသည္။ ပထမဆုံးစမ္းသပ္ခဲ့ေသာအခ်က္မွာ ေယာဂ(သမထ)က်င့္စဥ္ျဖစ္သည္။ တဒၤဂအားျဖင့္စိတ္တည္ၿငိမ္မူ႔ရရွိေသာ္လည္း ထာဝရစိတ္၏ ၿငိမ္းခ်မ္းေသာလြတ္ေျမာက္ရာလမ္းကိုသာရွာေဖြလိုသည္။ ထို႔ေၾကာင့္ ထို သမထ သက္သက္က်င့္စဥ္ကို လည္းစြန႔္လႊတ္ခဲ့သည္။ သို႔ေသာ္ေယာဂအက်င့္မွာ ေနာင္ဗုဒၶသာသာနာတြင္အေရးႀကီးလာမည့္ ကမၼဌာန္းလုပ္ငန္းအတြက္ အေျခခံေကာင္းမ်ားကို ေပးႏိုင္ခဲ့သည္ဟုဆိုရမည္ ျဖစ္သည္။ ေယာဂအက်င့္မွ ကမၼဌာန္းမွာ (Meditation for sake of meditation) သာျဖစ္၍ သိဒၶတၳမင္းသားအလိုရွိေသာ ကမၼဌာန္းမွာ ဘဝျဖစ္တည္မူ႔ကို အနက္ရွိူင္းဆုံးေနရာထိ မ်က္ေမွာက္ျပဳႏိုင္ေသာ (Insight Meditation)မ်ိဳးျဖစ္ေလသည္။ ဝိပႆနာ ကမၼဌာန္းမ်ိဳးကိုဆိုလိုသည္။ ဒုတိယစမ္းသပ္ခ်က္မွာ တပအက်င့္(asceticism)ျဖစ္သည္။ ေကာ႑ည အမႉးျပဳေသာ တပသီငါးဦးေနထိုင္ရာ ဥ႐ုေဝလေတာအုပ္ထဲရွိ ေတာေက်ာင္းကေလးတြင္သြားေရာက္ေနထိုင္ခဲ့သည္။ ထိုေနရာတြင္အလြန္အကြၽံၿခိဳးၿခံ ေခြၽတာျခင္း၊ မိမိကိုယ္ကိုပင္ပန္းဆင္းရဲေစျခင္းစသည့္ ျပင္းထန္သည့္အက်င့္မ်ားကို က်င့္ခဲ့ေသာ္လည္း ခႏၶာကိုယ္သာ အိုမင္းရင့္ေရာ္ ခန္းေျခာက္လာခဲ့ကာ သစၥာတရားကိုရွာေဖြႏိုင္ခဲ့ျခင္းမရွိခဲ့ေပ။ တပသီငါးဦးသည္လည္း သိဒၶတၳမင္းသားကို စိတ္ပ်က္ကာစြန႔္ခြာသြားၾကေလသည္။ထိုကဲ့သို႔ ေယာဂ၊တပႏွင့္ အျခားအတတ္မ်ားတြင္ က်င့္ႀကံရင္း သစၥာတရားကိုရွာေဖြရာ ေျခာက္ႏွစ္တာမွ်အခ်ိန္ကုန္ လာခဲ့သည္။ ထိုအခါဗုဒၶသည္ သစၥာတရားကိုရွာေဖြေသာလမ္းမွာ အခ်ိဳဆုံးလမ္းလည္းမဟုတ္သလို အခါးဆုံးလမ္းလည္း မျဖစ္ႏိုင္ဟုဆင္ျခင္မိကာ ထိုအစြန္းႏွစ္ပါးၾကားမွတတိယ လမ္းသာျဖစ္ရမည္ဟုေတြးမိေလသည္။ ဤအခိုက္အတန႔္မွာပင္ ငယ္စဥ္ဘဝကအျဖစ္အပ်က္တစ္ခုကို အေလာင္းေတာ္သည္ဆင္ျခင္မိေလသည္။ ခမည္းေတာ္ လယ္ထြန္မဂၤလာ ပြဲ က်င္းပေနခ်ိန္ တြင္ မင္းသားငယ္အား သေျပပင္ရိပ္တြင္ သိပ္ထားခဲ့ေလသည္။ ကေလးငယ္အ႐ြယ္ မွ်သာျဖစ္ေသာ သိဒၶတၳမင္းသားသည္ ေဘးပတ္ဝန္းက်င္မွအသံမ်ားကိုလည္းေကာင္း သေျပပင္ရိပ္မွ ေအးျမမႈကိုလည္းေကာင္း သတိမျပဳမိဘဲ၊ မိမိခႏၶာကိုယ္အတြင္းတြင္သာ သိစိတ္ကိုစုစည္းထားမိသည္။ ထိုအခ်ိန္ကရရွိခဲ့ေသာ ခ်မ္းသာပီတီမ်ိဳးကို သိဒၶတၳမင္းသားသည္ ဘဝတြင္ေနာက္ထပ္ႀကဳံေတြ႕ခဲ့ရျခင္းမရွိေတာ့ေပ။ ထိုခ်မ္းသာပီတိအား ဗုဒၶက်မ္းစာမ်ားတြင္ ပထမဈာန္ဟု သတ္မွတ္ပါသည္။ ဤအေတြ႕အႀကဳံကိုဆင္ျခင္မိေသာ သိဒၶတၳမင္းသားသည္၊ သစၥာတရားကိုရွာေဖြေသာလမ္းစမွာ မိမိကိုယ္အတြင္းတြင္သာရွိမည္ဟု သေဘာရလာေလသည္။ ထို႔ေနာက္ေယာဂဆရာႀကီးမ်ားထံမွရလာေသာ ကမၼဌာန္းအက်င့္ႏွင့္အာ႐ုံတို႔ကိုစုစည္းၾကည့္ေလရာ ႐ုပ္ခႏၶာသာမက သိစိတ္အလ်င္၏ မၿမဲေသာသေဘာတရားတို႔ကိုပါဆင္ျခင္မိေလသည္။ ထိုမွတဆင့္မၿမဲျခင္း၏ မႏွစ္ၿမိဳ႕ဖြယ္ရာအျဖစ္မ်ားကိုလည္းေကာင္း၊ မိမိအလိုသို႔မလိုက္သည့္သေဘာ၊မိမိဆႏၵႏွင့္ မည္သို႔မွ်မသက္ဆိုင္သည့္သေဘာ၊ အစိုးမရသည့္သေဘာမ်ားကို ပီပီျပင္ျပင္ျမင္ေတြ႕လာေလသည္။ က်မ္းစာမ်ားအရ အနိစၥ၊ဒုကၡ၊ အနတၱ လကၡဏာေရးသုံးပါးကိုဆိုလိုပါသည္။ ခႏၶာကိုယ္မွရေသာ ထိုလမ္းစကိုဆြဲဆန႔္ၾကည့္လိုက္ရာ လူျဖစ္တည္မႈတစ္ခုလုံး၏ အျခင္းအရာမ်ားမွာတျဖည္းျဖည္း ပီျပင္လာသည္။ ဘဝ၏တြန္းအားမ်ား၊ ထိုလမ္းမွလြတ္ေျမာက္ရာလမ္း၊ ထာဝရၿငိမ္းေအးမႈ ထိုသည္တို႔ပင္ဗုဒၶ ရွာေဖြေနေသာ သစၥာတရားပင္ျဖစ္ေလသည္။ ဒုကၡသစၥာ၊သမုဒယသစၥာ၊ မဂၢသစၥာ၊နိေရာဓသစၥာဟူေသာ သစၥာေလးပါး တရားပင္ျဖစ္ပါေတာ့သည္။ ဗုဒၶဉာဏ္အလင္းရခဲ့ရာ ေနရၪၨာရာအနီးမွ ေညာင္ပင္ႀကီးအား ဗုဒၶဘာသာဝင္မ်ားက ေဗာဓိပင္ဟုေခၚၾကသည္။ သေဘာမွာ ဉာဏ္အလင္းသစ္ပင္ (Tree of enlightenment) သို႔မဟုတ္ ဉာဏ္ပညာသစ္ပင္ (Tree of wisdom) ဟုအဓိပၸာယ္ရပါသည္။ ဤသည္ပင္လ်င္ နယူတန္၏ ကမာၻ႔ဆြဲအား၊ ပတ္စခ်ာ၏ ပိုးမႊားေဗဒ၊ အိုင္းစတိုင္း၏ ႏႈိင္းရသေဘာတရားစေသာ ေခတ္သစ္ေတြ႕ရွိခ်က္မ်ားအားလုံးထက္ ႏွစ္ေပါင္းမ်ားစြာေစာၿပီး၊ အဆေပါင္းမ်ားစြာ က်ယ္ျပန႔္နက္ရႈိင္းလွေသာ မဟာရွာေဖြေတြ႕ရွိမူ႔ႀကီး ျဖစ္ပါသည္။

သာသနာျပဳခရီးရွည္

ဗုဒၶဘုရားရွင္သည္ ရရွိခဲ့ေသာ ဉာဏ္အလင္းအား တပႆီအက်င့္အားအတူက်င့္ႀကံခဲ့ေသာ ရွင္ေကာ႑ညအမႉးျပဳေသာ တပသီေဟာင္းငါးဦးအားအရင္ျဖန႔္ေဝခဲ့သည္။ ထို႔ေၾကာင့္ရွင္ေကာ႑ည ဦးေဆာင္ေသာ သံဃာေတာ္ငါးပါးသည္ ဗုဒၶ၏ သံဃာအဖြဲ႕အစည္းတြင္ ပထမဆုံးေသာသံဃာမ်ားျဖစ္လာခဲ့သည္။ ထိုပၪၥဝဂၢီငါးပါးအား ေဟာၾကားေတာ္မူခဲ့ေသာ ဓမၼစကၠပဝတၱနသုတ္ေတာ္သည္ ဗုဒၶေဟာၾကားေတာ္မူခဲ့ေသာ ပထမဆုံး တရားဦးျဖစ္ေပသည္။

ထိုအခ်ိန္မွစကာ ဗုဒၶဘုရားရွင္သည္ ၄၅ ႏွစ္တာကာလပတ္လုံး သာသနာျပဳခရီးရွည္ႀကီးထြက္ကာ သတၱဝါအေပါင္းအား သံသရာဝဋ္ဆင္းရဲမွ ကယ္တင္ေတာ္မူခဲ့ပါသည္။သမိုင္းဆိုင္ရာအေထာက္အထားမ်ားႏွင့္ ဗုဒၶက်မ္းစာမ်ားပါအခ်က္အလက္ မ်ားအရ ဗုဒၶ၏သာသနာျပဳခရီးရွည္ႀကီးကို ေအာက္ပါအတိုင္းမွတ္တမ္းတင္ႏိုင္သည္။

    ဘီစီ ၅၂၈ - ဣသိပတန (ယခု-ဆာရနာတ္)
    ဘီစီ ၅၂၇ - ရာဇၿဂိဳဟ္
    ဘီစီ ၅၂၆ - ရာဇၿဂိဳဟ္
    ဘီစီ ၅၂၅ - ရာဇၿဂိဳဟ္
    ဘီစီ ၅၂၄ - ေဝသာလီ
    ဘီစီ ၅၂၃ - မကုဋေတာင္(ယခု-ဗိဟာရ္)
    ဘီစီ ၅၂၂ - တာဝတႎသာနတ္ျပည္(က်မ္းစာအရ)
    ဘီစီ ၅၂၁ - သုသုမာရေတာင္(ယခု-က်ဳနာရ္)
    ဘီစီ ၅၂၀ - ေကာသမၺီ(ယခု-ကၠဳလဟာဗာ)
    ဘီစီ ၅၁၉ - ပါလိေလယ်က(ယခု-မိရ္-ဂ်ာပူ)
    ဘီစီ ၅၁၈ - နာဠာ(ယခု-ဗိဟာရ္)
    ဘီစီ ၅၁၇ - ေဝရၪၨာ(ယခု-မထုရာ)
    ဘီစီ ၅၁၆ - စာလိယေတာင္(ယခု-ဗိဟာရ္)
    ဘီစီ ၅၁၅ - သာဝတၳိ(ယခု-ေဂါ႑ာ)
    ဘီစီ ၅၁၄ - ကပိလဝတၳဳ
    ဘီစီ ၅၁၃ - အာလဝီ(ယခု-အာရ္ဝလိ)
    ဘီစီ ၅၁၂ - ရာဇၿဂိဳဟ္
    ဘီစီ ၅၁၁ - စာလိယေတာင္
    ဘီစီ ၅၁၀ - စာလိယေတာင္
    ဘီစီ ၅၀၉ - ရာဇၿဂိဳဟ္
    ဘီစီ ၅၀၈ မွ ၄၈၄ - သာဝတၳိ
    ဘီစီ ၄၈၃ - ေဝသာလီ

ထိုသာသနာျပဳခရီးသည္ အိႏၵိယေျမာက္ပိုင္းႏွင့္ အလယ္ပိုင္းတခြင္သို႔ ဗုဒၶ၏သာသနာျပဳခရီးရွည္ႀကီးပင္ျဖစ္သည္။

ပရိနိဗၺာန္စံေတာ္မူျခင္း

လူသတၳဝါတို႔အား ကယ္တင္ရန္အလို႔ငွာဘုရားျဖစ္ေသာမူေသာ ေဂါတမဗုဒၶသည္ ဘီစီ ၅၄၃ ခုႏွစ္တြင္ ေဝသာလီ ျပည္ မလႅာမင္းမ်ား၏ အင္ၾကင္းဥယ်ာဥ္တစ္ခုတြင္ ပရိနိဗၺာန္စံေတာ္မူခဲ့ပါသည္။ ဗုဒၶ၏ ေနာက္ဆုံးအခ်ိန္တြင္ ေနာက္ဆုံးမွာၾကားခဲ့ေသာ စကားမွာ ဗုဒၶဘာသာမ်ားအတြက္သာမက၊ လူသားအားလုံးအတြက္ပါ အထူးအဓိပၸါယ္ ရွိလွသည္ဟု ေႏွာင္းေခတ္ပညာရွင္မ်ားက ဆိုၾကသည္။ ထိုအမွာစကားမွာ

    ဝယဓမၼာ သခၤါရာ အပၸမာေဒန သမၸာေဒထ

ဟူေသာ ပါဠိဂါထာတိုေလးျဖစ္သည္။ ျမန္မာဘာသာ ျဖင့္ဤကဲ့သို႔ အဓိပၸါယ္ယူႏိုင္ပါသည္။

    ဘဝသည္ မၿမဲ၊ မေမ့မေလ်ာ့ေသာ ကိုယ္စိတ္ႏွလုံးရွိၾကေစ