လာဘ်လာဘပေါများရာတွင် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ မထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိ


လာဘ်လာဘ အပေါများဆုံးသော ထေရ်တစ်ပါးဖြစ်၍ အသိတိ မဟာသာဝကခေါ် တပည့်ကြီး အပါး ၈၀တွင် တစ်ပါးအပါအဝင်ဖြစ်ပြီး လာဘ်ဧတဒဂ်ရှင်ဖြစ်သည်။ ပို၍ထူးခြားသည်က ၇-နှစ်သားအရွယ် သာမဏေငယ် ဘဝကပင် အရဟတ္တဖိုလ်ကို ရရှိတော်မူခဲ့သော လာဘ်ရွှင် တန်ခိုးကြီး ဧတဒင်္ဂရ မဟာသာဝက သာမဏေကျော် ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။

ဒီထက်ပို အံ့သြစရာ ကောင်းသည်မှာ မယ်တော်ဝမ်းတွင် ၇နှစ်လုံးလုံး ပဋိသန္ဓေ ဒုက္ခခံနေရပြီး မွေးဖွားလာသောအခါမှာလည်း မိခင်ရော ကလေးငယ်ပါ ၇-ရက်လုံးလုံး မီးဖွားမှု ဝေဒနာ ပြင်းပြစွာခံစားခဲ့ရသူဖြစ်သည်။ အတိတ်ဘ၀ ဝဋ်ကြွေးကို ခန္ဓာဖြင့် နောက်ဆုံးဘ၀ အထိပေးဆပ်ရသူသည်။ရှင်သီဝလိမထေရ် ၏ ကောင်းကံမကောင်းကံတွေကို ကြည့် ရအောင် နော်...။

ရှင်သီဝလိမထေရ် အလောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက် ပွင်.တော်မူသော ပဒုမတ္တရ ဘုရားရှင်လက်ထက် အမျိုးကောင်းသားတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် လာဘ်လာဘ အပေါဆုံး ဧတဒဂ်ရ မထေရ်ကို အားကျကာ ၇-ရက်လုံးလုံး အလှူကြီးပြု၍ ဆုတောင်းခဲ့သည်။ မြတ်စွာဘုရားကလည်း ဗျာဒိတ်ပေးတော်မူခဲ့တယ်။

ဝိပဿီဘုရားရှင် လက်ထက်တွင် ဆွမ်းကျွေးရန် စီစဉ်သော ပြည်သူတို့သည် ပစ္စည်းအားလုံးဝယ်ယူရရှိသောလည်း ပျားရည် နှင့် နွားနို့ခဲရှာမရဖြစ်နေတယ်။ သီဝလိ လောင်းလျာက တောရွာမှ ရှာဖွေရရှိသော ပျားရည်နှင့် နွားနို့ခဲကို ရောင်းချဖို့ ယူဆောင် လာခဲ့တယ်။ ယခင်က တစ်ကျပ်သာ တန်သော်လည်း ယနေ့မှာမူအလွန်ရခဲ သဖြင့် တစ်ထောင်အထိ ဈေးထက်ပေးကြတယ်။

သို့သော်မရောင်းချပဲ မိမိကိုယ်တိုင် ရိုသေ လေးမြတ်စွာ ဝိပဿီဘုရားရှင်ကို လှူဒါန်းခဲ့တယ်။ ထိုကုသိုလ်ကြောင့် နောက်ဆုံးဘဝမှာ ကောလိယ သာကီဝင် မင်းမျိုးဖြစ်သော သုပ္ပဝါသာ မင်းသမီးထံ မှာ ပဋိသန္ဓေတည်လေသည်။ ပဋိသနေ ယူချိန်မှစပြီး လာဘ်လာဘ လက်ဆောင် များပြားစွာ ရရှိပြီး ကောက်စပါးတွေ အထွက်တိုးပြီး ပေးမကုန် လှူမခန်းအောင်ပေါများခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ရသည့် အချိန်မှာ သာမန်လူတို့ကဲ့သို့ ဆယ်လအချိန် အခါမဟုတ်ဘဲ ၇-နှစ်တိုင်တိုင် ထူးဆန်းစွာ ကိုယ်ဝန်လွယ်ရတယ်။ မီးဖွား သောအခါ ၇-ရက်လုံးလုံး နာကျင်လျက်ပြင်းစွာ ဒုက္ခဝေဒနာကို ခံစားရရှာတယ်။ သီဝလိမင်းသားငယ်သည် ပဋိသန္ဓေနေရမှု ဆင်းရဲ ဒုက္ခကို လက်တွေ့ခံစားရပြီဖြစ်၍ သံဝေဂ ရကာ အရှင်သာရိပုတ္တထံတွင် ရှင်ပြုလေသည်။

ရှင်သာမဏေဝတ်ရန် ဆံပယ်စဉ် တစပဉ္စက ကမ္မဌာန်းကိုပွားများလေရာ ပထမ ဆံဝန်းကို ရိတ်ချစဉ်ပင် သောတာပန်ဖြစ်၍ ဆံဝန်းအားလုံးကို ရိတ်ပြီးချိန်တွင် ရဟန္တာဖြစ်လေသည်။

ထိုသို့ ထူးချွန်ထက်မြက် လာဘ်လာဘဧတဒဂ် ရသော ရှင်သီဝလိ သည် သံသရာဝယ် ကျင်လည်စဉ် ဘဝတစ်ခုမှာ မယ်တော်နှင့်သားတော်တို့သည် ဗာရာဏသီမင်း၏ သားတော်နှင့်မယ်တော်ဖြစ်ခဲ့သည်။ ကောသလမင်းက စစ်တိုက်အနိုင်ယူကာ ဗာရဏသီမင်းကို သတ်၍ မိဖုရားကိုသိမ်းပိုက်ခဲ့ရာ သားတော်မှာတော့ ထွက်ပြေးလွတ်မြောက်သွားသည်။ ထိုမှ တဖန် သားတော်သည် စစ်သည် ဗိုလ်ပါစုရုံးပြီး ဗာရဏသီပြည်ကို စစ်တိုက်လာခဲ့တယ်။

စစ်တိုက်လျင် ဒုက္ခရောက်ကြမည်ဖြစ်သဖြင့် မယ်တော် မိဖုရားကြီးက သားတော်ကို မြို့ကို ဝန်းရံထားရန် အကြံပေး၏။ ၇-နှစ်ကြာထွက်ပေါက်မရှိ ပိတ်ဆို့ထားသဖြင့် ပြည်သူတို့သည် ရန်သူ ကောကလမင်းကြီး ဖမ်းဆီးပြီး မင်းသားထံဆက်သကြလေသည်။ မင်းသားလည်း ဗာရာဏသီမင်းဖြစ်လာသည်။

ထိုမကောင်းမှုကံကြောင့် သားတော်နှင့်မယ်တော် တို့သည် နောက်ဆုံး ဘ၀၀ယ် ၇ -နှစ်ကြာ ကိုယ်ဝန် ဒုက္ခ ခံစားရပြီး ကြီးစွာ ဒုက္ခရောက်ခဲ့ကြရလေတယ်။ ဝဋ်မှာ အမြဲ ငရဲမှာအပ စကားအရ ရဟန္တာတို့သည် ငရဲကို ပယ်နိုင်သောလည်း သံသရာဝဋ်ကြွေးကို နောက်ဆုံးဘဝမှာ အကုန်ရှင်းကာ တုန့်လှည့်ပေးဆပ်ကြရလေသည်။ အကုသိုလ်ကံကား ကြောက်မက်ဖွယ် ကောင်းသလောက်၊ ကုသိုလ်ကံကာ အားကျဖွယ်ကောင်းလှပေသည်။

တစ်ခြားသော ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ်မြတ်ကြီးများ၏
ထေရုပ္ပတ္တိ ကိုလည်းဆက်လက်ဖော်ပြေသွားပါဦးမည်။

Zawgyi Code
လာဘ္လာဘေပါမ်ားရာတြင္ ဧတဒဂ္ဘြဲ႕ရ ရွင္သီဝလိ မေထရ္ျမတ္ႀကီး၏ ေထ႐ုပၸတၱိ


လာဘ္လာဘ အေပါမ်ားဆုံးေသာ ေထရ္တစ္ပါးျဖစ္၍ အသိတိ မဟာသာဝကေခၚ တပည့္ႀကီး အပါး ၈၀တြင္ တစ္ပါးအပါအဝင္ျဖစ္ၿပီး လာဘ္ဧတဒဂ္ရွင္ျဖစ္သည္။ ပို၍ထူးျခားသည္က ၇-ႏွစ္သားအ႐ြယ္ သာမေဏငယ္ ဘဝကပင္ အရဟတၱဖိုလ္ကို ရရွိေတာ္မူခဲ့ေသာ လာဘ္႐ႊင္ တန္ခိုးႀကီး ဧတဒဂၤရ မဟာသာဝက သာမေဏေက်ာ္ ပုဂၢိဳလ္ထူးျဖစ္ေပသည္။


ဒီထက္ပို အံ့ၾသစရာ ေကာင္းသည္မွာ မယ္ေတာ္ဝမ္းတြင္ ၇ႏွစ္လုံးလုံး ပဋိသေႏၶ ဒုကၡခံေနရၿပီး ေမြးဖြားလာေသာအခါမွာလည္း မိခင္ေရာ ကေလးငယ္ပါ ၇-ရက္လုံးလုံး မီးဖြားမႈ ေဝဒနာ ျပင္းျပစြာခံစားခဲ့ရသူျဖစ္သည္။ အတိတ္ဘ၀ ဝဋ္ေႂကြးကို ခႏၶာျဖင့္ ေနာက္ဆုံးဘ၀ အထိေပးဆပ္ရသူသည္။ရွင္သီဝလိမေထရ္ ၏ ေကာင္းကံမေကာင္းကံေတြကို ၾကည့္ ရေအာင္ ေနာ္...။


ရွင္သီဝလိမေထရ္ အေလာင္းလ်ာသည္ လြန္ခဲ့ေသာ ကမာၻတစ္သိန္းထက္ ပြင္.ေတာ္မူေသာ ပဒုမတၱရ ဘုရားရွင္လက္ထက္ အမ်ိဳးေကာင္းသားတစ္ဦးျဖစ္ခဲ့သည္။ ထို႔ျပင္ လာဘ္လာဘ အေပါဆုံး ဧတဒဂ္ရ မေထရ္ကို အားက်ကာ ၇-ရက္လုံးလုံး အလႉႀကီးျပဳ၍ ဆုေတာင္းခဲ့သည္။ ျမတ္စြာဘုရားကလည္း ဗ်ာဒိတ္ေပးေတာ္မူခဲ့တယ္။


ဝိပႆီဘုရားရွင္ လက္ထက္တြင္ ဆြမ္းေကြၽးရန္ စီစဥ္ေသာ ျပည္သူတို႔သည္ ပစၥည္းအားလုံးဝယ္ယူရရွိေသာလည္း ပ်ားရည္ ႏွင့္ ႏြားႏို႔ခဲရွာမရျဖစ္ေနတယ္။ သီဝလိ ေလာင္းလ်ာက ေတာ႐ြာမွ ရွာေဖြရရွိေသာ ပ်ားရည္ႏွင့္ ႏြားႏို႔ခဲကို ေရာင္းခ်ဖို႔ ယူေဆာင္ လာခဲ့တယ္။ ယခင္က တစ္က်ပ္သာ တန္ေသာ္လည္း ယေန႔မွာမူအလြန္ရခဲ သျဖင့္ တစ္ေထာင္အထိ ေဈးထက္ေပးၾကတယ္။


သို႔ေသာ္မေရာင္းခ်ပဲ မိမိကိုယ္တိုင္ ႐ိုေသ ေလးျမတ္စြာ ဝိပႆီဘုရားရွင္ကို လႉဒါန္းခဲ့တယ္။ ထိုကုသိုလ္ေၾကာင့္ ေနာက္ဆုံးဘဝမွာ ေကာလိယ သာကီဝင္ မင္းမ်ိဳးျဖစ္ေသာ သုပၸဝါသာ မင္းသမီးထံ မွာ ပဋိသေႏၶတည္ေလသည္။ ပဋိသေန ယူခ်ိန္မွစၿပီး လာဘ္လာဘ လက္ေဆာင္ မ်ားျပားစြာ ရရွိၿပီး ေကာက္စပါးေတြ အထြက္တိုးၿပီး ေပးမကုန္ လႉမခန္းေအာင္ေပါမ်ားခဲ့ပါတယ္။


ကိုယ္ဝန္ေဆာင္ရသည့္ အခ်ိန္မွာ သာမန္လူတို႔ကဲ့သို႔ ဆယ္လအခ်ိန္ အခါမဟုတ္ဘဲ ၇-ႏွစ္တိုင္တိုင္ ထူးဆန္းစြာ ကိုယ္ဝန္လြယ္ရတယ္။ မီးဖြား ေသာအခါ ၇-ရက္လုံးလုံး နာက်င္လ်က္ျပင္းစြာ ဒုကၡေဝဒနာကို ခံစားရရွာတယ္။ သီဝလိမင္းသားငယ္သည္ ပဋိသေႏၶေနရမႈ ဆင္းရဲ ဒုကၡကို လက္ေတြ႕ခံစားရၿပီျဖစ္၍ သံေဝဂ ရကာ အရွင္သာရိပုတၱထံတြင္ ရွင္ျပဳေလသည္။


ရွင္သာမေဏဝတ္ရန္ ဆံပယ္စဥ္ တစပၪၥက ကမၼဌာန္းကိုပြားမ်ားေလရာ ပထမ ဆံဝန္းကို ရိတ္ခ်စဥ္ပင္ ေသာတာပန္ျဖစ္၍ ဆံဝန္းအားလုံးကို ရိတ္ၿပီးခ်ိန္တြင္ ရဟႏၲာျဖစ္ေလသည္။


ထိုသို႔ ထူးခြၽန္ထက္ျမက္ လာဘ္လာဘဧတဒဂ္ ရေသာ ရွင္သီဝလိ သည္ သံသရာဝယ္ က်င္လည္စဥ္ ဘဝတစ္ခုမွာ မယ္ေတာ္ႏွင့္သားေတာ္တို႔သည္ ဗာရာဏသီမင္း၏ သားေတာ္ႏွင့္မယ္ေတာ္ျဖစ္ခဲ့သည္။ ေကာသလမင္းက စစ္တိုက္အႏိုင္ယူကာ ဗာရဏသီမင္းကို သတ္၍ မိဖုရားကိုသိမ္းပိုက္ခဲ့ရာ သားေတာ္မွာေတာ့ ထြက္ေျပးလြတ္ေျမာက္သြားသည္။ ထိုမွ တဖန္ သားေတာ္သည္ စစ္သည္ ဗိုလ္ပါစု႐ုံးၿပီး ဗာရဏသီျပည္ကို စစ္တိုက္လာခဲ့တယ္။


စစ္တိုက္လ်င္ ဒုကၡေရာက္ၾကမည္ျဖစ္သျဖင့္ မယ္ေတာ္ မိဖုရားႀကီးက သားေတာ္ကို ၿမိဳ႕ကို ဝန္းရံထားရန္ အႀကံေပး၏။ ၇-ႏွစ္ၾကာထြက္ေပါက္မရွိ ပိတ္ဆို႔ထားသျဖင့္ ျပည္သူတို႔သည္ ရန္သူ ေကာကလမင္းႀကီး ဖမ္းဆီးၿပီး မင္းသားထံဆက္သၾကေလသည္။ မင္းသားလည္း ဗာရာဏသီမင္းျဖစ္လာသည္။


ထိုမေကာင္းမႈကံေၾကာင့္ သားေတာ္ႏွင့္မယ္ေတာ္ တို႔သည္ ေနာက္ဆုံး ဘ၀၀ယ္ ၇ -ႏွစ္ၾကာ ကိုယ္ဝန္ ဒုကၡ ခံစားရၿပီး ႀကီးစြာ ဒုကၡေရာက္ခဲ့ၾကရေလတယ္။ ဝဋ္မွာ အၿမဲ ငရဲမွာအပ စကားအရ ရဟႏၲာတို႔သည္ ငရဲကို ပယ္ႏိုင္ေသာလည္း သံသရာဝဋ္ေႂကြးကို ေနာက္ဆုံးဘဝမွာ အကုန္ရွင္းကာ တုန႔္လွည့္ေပးဆပ္ၾကရေလသည္။ အကုသိုလ္ကံကား ေၾကာက္မက္ဖြယ္ ေကာင္းသေလာက္၊ ကုသိုလ္ကံကာ အားက်ဖြယ္ေကာင္းလွေပသည္။


တစ္ျခားေသာ ဧတဒဂ္ဘြဲ႕ရ ရဟႏၲာမေထရ္ျမတ္ႀကီးမ်ား၏

ေထ႐ုပၸတၱိ ကိုလည္းဆက္လက္ေဖာ္ျပသြားပါဦးမည္။