Unicode 
ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)အရာတွင်ဧတဒဂ်ဘွဲ့ရအရှင်ဗာကုလမထေရ်မြတ်

အနာမဲ့သူ အရှင်ဗာကုလ (သို့မဟုတ်) အံ့ချီးဖွယ်ရာတွေနဲ့ ပြည့်စုံသူ

🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
❄️အရှင်ဗာကုလ❄️
🔶ဗာ=နှစ်ခုသော၊
🔶ကုလ=မိသားစု၊ အမျိုး။
🔶ဗာကုလ=(မိသားစု အမျိုးနှစ်ခုရှိသူ)။
တနည်းဆိုရသော်( အမျိုးနှစ်မျိုးတို့၏ရင်ခွင်မှာကြီးပြင်းသောယောက်ျား)။
ဒွေးကုလ= အမျိုးနှစ်မျိုးတို့မှစောက်ရှောက်သောယောက်ျားမြတ်)။

🔶အရှင်ဗာကုလ မထေရ်အလောင်းသူတော်ကောင်းဟာ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်၊ ဘုရားအဖြစ်ပွင့်ထွန်းတော် မမူသေးမီမှာပဲ ကောသမ္ဘီပြည် သူဌေးကြီးရဲ့အိမ်တော်မှာ ပဋိသန္ဓေနေပါ တယ်။ ပဋိသန္ဓေတည်နေချိန်ကစပြီး သူဌေးကြီးရဲ့ အိမ်တော်ဟာ အောင်မြင်မှု၊ ကြွယ်ဝမှု၊ကျော်စောမှုတွေနဲ့ ပြည့်စုံပြီး အထွတ်အထိပ် ရောက်ခဲ့ပါတယ်။ ဖွားမြင်ပြီးတဲ့ နောက် ငါးရက်မြောက်နေ့မှာ မိခင်သူဌေးကတော်ကြီးဟာ ဘုန်းကံကြီးမားတဲ့သားရတနာလေးကိုအသက်ရှည်၊ အနာကင်းဖို့ ရည်ရွယ်ပြီး ယမုံနာဖြစ်အတွင်းကို ရေချိုးဆင်းဖို့ အခမ်းအနားနဲ့ ပို့စေပါတယ်။ ကောသမ္ဘီပြည်ဟာယမုံနာမြစ်ကမ်းနဘေးမှာတည်ရှိပြီးပြည်သူ၊ ပြည်းသားတွေက ယမုံနာမြစ်ရေဖြင့်ရေချိုးသန့်စင်လျှင် ကျမ်းမာ၊ အနာကင်း၊ အသက်ရှည်တယ်လို့အယူရှိကြသလို၊ ယုံလည်းယုံကြည်ကြသည့်အပြင် ယမုံနာမြစ်ကိုလည်း ဗြဟ္မာပြည်ကစလို့ ဗြဟ္မာပြည်မှာဆုံးလျက်ရှိသည်ဟုပြောဆိုလေ့ရှိသည်။ ယနေ့တိုင်တစ်ချို့အိန္ဒယမြောက်ပိုင်းတွင်နေထိုင်သူတွေကယူဆယုံကြည်နေကြဆဲဖြစ်၏။

🔶ယမုံနာမြစ်အတွင်းမှာ အထိန်းတော်ကြီးဟာ သားလှရတနာလေးကို ငုပ်ချည်၊ ပေါ်ချည်လုပ်ကာရေချိုးပေးနေတုန်း ငါးကြီးတစ်ကောင်ဟာ သူငယ်ကို အစာအမှတ်နဲ့ ပြေးဟတ်ဖို့ အနားကပ်လာပါတယ်။ အထိန်းတော်ကြီးကတဒင်ကားကြောက်လန့်ပြီး ထွက်ပြေးသော် သားငယ်မှာလက်ထဲကလွတ်ထွက်သွားပြီး မြစ်ရေစီးဆင်းမှုနဲ့မျောပါသွားလျက်ရှိသည်။ ငါးကြီးကလည်း နောက်မှလိုက်၍အစာအဖြစ်မျိုမိလ၏။ သားငယ်လေးဟာ ဘုန်းကံ ကြီးမားသူ ဖြစ်တဲ့အလျှောက် ငါးဗိုက်ထဲမှာ ဆင်းရဲဒုက္ခမရောက်ဘဲ အိပ်ရာပုခက်ထဲမှာ အိပ်စက်လဲလျောင်းရသလို ချမ်းသာစွာ နေထိုင်ရပါတယ်။ နောက်ဆုံးတော့ သူငယ်တော်ရဲ့ တန်ခိုးရှိန်ကြောင့် အဲဒီငါးကြီးဟာ ခံတွင်းပူလောင်၍ပြင်းပြသောဒဏ်၊ ဝေဒနာခံစားရပြီး ယမုံနာမြစ်ရေစုန်အတိုင်းပါသွားကာဗာရာဏသီပြည်သောင်းကမ်းတစ်ခုအနားတွင်တင်လျက်အသက်ဆုံးရှုံးရလေသည်။

🔶ထိုအချိန်တွင် တံငါသည်တွေက ငါးကြီးအားတွေ့မြင်၍သယ်ဆောင်ကာဗာရာဏသီမြိုံ့ထဲလှည့်လည်ရောင်းချသော် ကုဋေရှစ်ဆယ်ကြွယ်ဝပြီးသားသမီးရာတနာမရတဲ့ သူဌေးဇနီးမောင်နံတို့သည်ဤငါးကိုအကောင်လိုက်ဝယ်လေ၏။ တံငါသည်လက်ထဲက တစ်ဆင့် သူဌေးကတော်ကြီးလက်ထဲကိုငါးရောက်သွားသောအခါ၊ တစ်ခါမှ သားငါးမကိုင်တွယ်ဖူးတဲ့ သူဌေးကတော်ကြီးသည် ဒီနေ့မှကိုင်ချင်စိတ်ပေါက်ပြီးငါးကြီးကိုဝမ်းဗိုက်မှမခွဲခြမ်းပဲ ကျောဘက်မှဓားနဲ့ ခွဲခြမ်းလေရာ ဝမ်းဗိုက်ထဲတွင်အိပ်ပျော်နေတဲ့ ရွှေအဆင်းလို ဝါဝင်းပြီး ချစ်စဖွယ်ကောင်းသောကလေးငယ်ကို တွေ့ရလေ၏။ ထိုနောက်ဝမ်းသာအားရ ပွေ့ချီလျက် သူဌေးကြီးအား သားအဖြစ်နဲ့မွေးစား
န် ပြသပါတယ်။ သူဌေးကြီးကလည်း ချက်ချင်းဗာရာဏသီမြို့ထဲကို စည်လည်စေပြီး ဘုရင်မြင်းမြတ်ထံကိုလည်း သံတော်ဦးတင်လျှောက်ထားပါတယ်။ ဗာရာဏသီမင်းကြီးက "ငါးဝမ်းထဲမှာ အနာမဲ့စွာ ချမ်းသာစွာ နေနိုင်တဲံ ဒီကလေးဟာ ဧကန္တဘုန်းကံ ကြီးမားသူဖြစ်တယ်။ သင်သူဌေးကြီး သားအဖြစ်နဲ့ မွေးစားစေ"လို့ အမိန့် တော်မြတ် ချမှတ်ပေးလေ၏။ သူဌေးကြီးတို့ ဇနီးမောင်နှံဟာ ဝမ်းမြောက်ဝမ်းသာ သားအဖြစ်နဲ့ အိမ်တော်မှာ ပြုစုကျွေးမွေးကြပါတယ်။

🔶မိဘအရင်းဖြစ်တဲ့ ကောသမ္ဘီပြည်က သူဌေးကြီးတွေကလည်း အထိန်းတော်ပြောကြားချက်အရ ယမုံနာမြစ်ကြောင်းတစ်လျှောက်စုန်ဆင်း၍မြို့ရွာသောင်ကမ်းမှန်သမျှလိုက်လံရှာဖွေလျက်ရှိကြ၏။ နောက်ဆုံးတွင် တံငါသည်နဲ့တွေ့ဆုံပြီးအကြောင်းစုံကို ကြားသိရတဲ့အခါ မွေးမယ်တော်နဲ့ ကျွေးမယ်တော်တို့ဟာ သူ့သား ငါ့သား အငြင်းပွားရာမှ ဗာရဏသီမင်းကြီးခုံရုံးတော်ထံ အဆုံးအဖြတ်ခံဖို့ ရောက်သွားပါတယ်။ မင်းကြီးလည်းဘယ်ဘက် ကိုမှ အသာပေးပြီး မဆုံးဖြတ်နိုင်တာမို့ ဒီသားငယ်ဟာ ကောသမ္ဘီသူဌေးအိမ်၊ ဗာရဏသီ သူဌေးအိမ် နှစ်အိမ်လုံးရဲ့ အမွေခံသာဖြစ်စေ"လို့ ဆုံးဖြတ်ချက် ချမှတ်တော် မူပါတယ်။ အဲဒီအချိန်ကစပြီး သားငယ်တော်ဟာ သူဌေးကြီးနှစ်ဦးရဲ့ အိမ်တော်တွေမှာပဲ တစ်လ၊ တစ်လမှတိုးကာနှစ်လ၊ သုံးလ၊ လေးလ အလှည့်ကျ နေထိုင်ကြီးပြင်းလာခဲ့ရသလို သူငယ်တော်ရဲ့ နာမည်ဟာလည်း"ဗာကုလ သူဌေးသား " လို့ အမည် တွင်ခဲ့ပါတယ်။

🔶ဗာကုလသူဌေးသားရဲ့ လူဘဘဝစည်းစိမ်ချမ်းသာတွေဟာ အင်မတန် ကြီးကျယ် ခမ်းနားလှပါတယ်။ ဗာကုလသူဌေးသား အရွယ်ရောက်တဲ့အခါ ကောသမ္ဘီပြည်၊ ဗာရဏသီပြည် နှစ်ခုလုံးမှာရှိတဲ့ မယ်တော် ခမည်းတော်တွေက နွေ မိုး ဆောင်း ရာသီ သုံးမျိုးအတွက် စံအိမ်တော် ၃-ခုစီ တည်ဆောက်ကြပြီး ကချေသည် မောင်းမ မိဿံ အခြွေအရံ များစွာတွေကို ပြုစုဖျော်ဖြေ ခစားစေကြပါတယ်။ ဗာကုလသူဌေးသားဟာ တစ်မြို့ တစ်မြို့မှာ လေးလ လေးလပဲ စံနေပါတယ်။ ကောသမ္ဘီပြည်မှာ လေးလပတ်လုံး သူဌေးစည်းစိမ်ကို ခံစားသုံးဆောင်နေထိုင်ပြီးတဲ့အခါ ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော် ဆောင်ပါတဲ့ ကရဝိတ်ဖောင်တော်ပေါ်မှာ ကချေသည် မောင်းမမိဿံတွေနဲ့တကွ ဗာကုလသူဌေးသားကို သယ်ဆောင်ပြီး ဗာရာဏသီပြည်ကို ပို့ဆောင်ပေးပါတယ်။ ဗာကုလသူဌေးသားဟာ ဖောင်တော်ပေါ်မှာ ကြီးကျယ်တဲ့ သူဌေးစည်းစိမ်ကို ပျှော်ရွှင် ချမ်းမြေ့စွာ ခံစားသုံးဆောင်ရင်း လေးလကြာမှ ဗာရဏသီကို ဆိုက်ရောက်ပါတယ်။ အဲဒီလိုနည်းနဲံ ကောသမ္ဘီမှာ လေးလ၊ လမ်းခရီးမှာ လေးလ၊ ဗာရဏသီမှာ လေးလ စသည်ဖြင့် တစ်နှစ်တာကို ကုန်လွန်စေပြီး ချမ်းချမ်းသာသာ နေလာခဲ့တာ နှးစ်ပေါင်း ရှစ်ဆယ်တိုင်အောင်ဖြစ်ပါတယ်။

🔶ဗာကုလသူဌေးသား အသက်(၈၀)အရွယ်ရောက်ချိန်မှာ ဗုဒ္ဓဘုရားသျှင်ဟာပထမဝါဆိုပြီး ကောသမ္ဘီပြည်ကို ကြွချီတော်မူလာခဲ့ပါတယ်။ ဗုဒ္ဓဘုရားသျှင်ရဲ့ တရားတော်ကို နာယူရတဲ့အခါ ဗာကုလသဌေးသားဟာ သဒ္ဓါတရား ကြီးမားစွာဖြစ်ပေါ်ပြီး သာသနာ့ဝန်ထမ်း ရှင်ရဟန်းပြုပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုတော်မူပြီးတဲ့နောက် (၇) ရက်မျှသာ ပုထုဇဉ်ဘဝနဲ့ နေရပြီး (ဂ)ရက်မြောက်အရုဏ်မှာ "ဆဋ္ဌာဘိည၊ ပိဋိသမ္ဘီဒါ ပတ္တရဟန္တာ"အရှင်မြတ်ဖြစ်တော်မူခဲ့ပါတယ်။

🔶အရှင်ဗာကုလမထေရ်ဟာ အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန်၊ အရှင်မ ခေမာထေရီတို့နဲ့အတူ မဟာအဘိညဉ်ရ ပုဂ္ဂိုလ်(၄)ဦးထဲမှာ အဝင်အပါဖြစ်သလို နှစ် သတ်မှတ်ချက်အလိုက် မကျိန်းစက် မအိပ်တော်မူကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်း အာဇာနည်မထေရ်(၁၁)ပါးထဲမှာလည်း တစ်ပါးအပါအဝင်ဖြစ်တော်မူပါတယ်။ အရှင်ဗာာကုလမထေရ်ဟာ ရဟန်းဖြစ်တော်မူချိန်ကစပြီး နှစ်ပေါင်း(၈၀)ကာလပတ်လုံး တံကဲပျဉ်၊ နံရံ၊ တိုင်ကိုမှီပြီး တစ်ခါမှ မကျိန်းစက်ဘူး၊ အိပ်ရာဝင် ကာလဲလျောင်းပြီး တစ်ခါမှ မအိပ်ခဲ့ဘူးပါ။

🔶အရှင်ဗာကုလမထေရ် ရဟန်းပြုချိန်ကစပြီး ကောသမ္ဘီပြည်၊ ဗာရဏသီပြည်မှာ ရှိနေကြတဲ့ ရှေးလူဖြစ်စဉ် သူဌေးသားဘဝက အလုပ်အကျွေးအဖျော်အဖြေ ကချေ သည် မောင်းမမိဿံတွေဟာ မိမိတို့ရဲ့ မိဘအိမ်သို့ ပြန်ကြကာ မိမိတို့ရဲ့ မိဘအိမ်မှာ နေထိုင်ကြရင်းက သင်္ကန်း၊ ဆွမ်း စတာတွေကို စီရင်ပြီး အရှင်ဗာကုလမထေရ် မြတ်ထံသို့သာ လှူဒါန်းကြပါတယ်။ အရှင်ဗာကုလမထေရ်ဟာ လဝက်=(၁၅-ရက်) ပတ်လုံး ကောသမ္ဘီနေသူတွေက ပေးပို့လှူဒါန်းတဲ့ သင်္ကန်း၊ ဆွမ်းတို့ကို သုံးဆောင်တော်မူပြီး ၊ နောက်လဝက်(၁၅-ရက်) ပတ်လုံး ဗာရာဏသီနေ သူတွေက ပို့သလှူဒါန်းတဲ့ဆွမ်း၊ သင်္ကန်းတို့ကို ဘုဉ်းပေးသုံး ဆောင်တော်မူပါတယ်။

🔶အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုချိန်ကစပြီး နှစ်ပေါင်း(၈၀)ကာလအတွင်း ဒါယကာတွေ ပင့်ဖိတ်တဲ့ဆွမ်းကို တစ်ကြိမ်မှ လက်မခံဖူးသလို၊ "ဒါယကာတစ်ဦးဦးက ငါ့ကို ပင့်ဖိတ်ပါမူ ကောင်းလေစွ"လို့ စိတ်တောင်မှ မကူးမိဖူးသူ ဖြစ်တော်မူပါတယ်။ ရွာနီးကျောင်းမှာ ဝါမဆိုဘဲ အမြဲတောရဆောက်တည်တော်မူကာ မြို့ရွာအတွင်း အိမ်တံစက်မြိတ်အောက်မှာ တစ်ကြိမ်တစ်ခါမျှ ဆွမ်းမစားဖူးသူလည်း ဖြစ်တော်မူပါ တယ်။

🔶ရဟန်းဝါတော်နဲ့အမျှ အရှင်ဗာကုလမထေရ်ဟာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိစ္စမှာ တစ်စုံတစ်ရာ ကြောင့်ကြစိုက်မှု တစ်ခုမျှမရှိဘဲ ပံ့သကူသင်္ကန်း၊ ပဏ္ဍပတ်ဆွမ်း၊တေရာကျောင်းနဲ့ပဲ ပျှော်မွေ့တော်မူပါတယ်။ လူဘ၀ အနှစ်(၈၀)ရဟန်း ဘဝအနှစ်(၈၀)သက်တမ်း (၁၆၀) အတွင်း နွားနို့တစ်ညှစ်စာ အချိန်ကလေးလောက် တောင်မှ အနာရောဂါ မဖြစ်ပွားဘူးဘဲ ဆေးဖြစ်ဝါးဖြစ်ဆိုရင် သျှိသျှားသီးတစ်စိတ်စာကို တောင်မှ ဘုဉ်းပေးသုံးဆောင်ရဖူးဖြင်း ရှိတော်မမူပါဘူး။ တစ်သက်တာပတ်လုံး ညောင်းညာကိုက်ခဲခြင်းမျှ မဖြစ်ပေါ်ဘူးတာကြောင့် သီတင်းသုံးဖော် တစ်ဦးဦးကို တစ်ခါမျှ နှိပ် နယ်ခိုင်းခြင်းလည်း ရှိတော်မမူပါ။ ရေချိုးခန်းမှာဝင်ပြီး ရေမချိုးဖူးသလို၊ ဆပ်ပြာအသုံးပြုပြီးတော့လည်း ရေးချိုးတော်မမူဘူးပါ။ ဒါကြောင့်မို့ ရှင်တော်ဘုရားဟာအရှင်ဗာကုလ မထေရ်ကို ကျန်းမာခြင်းအရာမှာ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ပေးအပ်တော်မူခဲ့ တာလည်း ဖြစ်ပါတယ်။

🔶အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်ပြီးချိန်ကစပြီး ဝါတော်(၈၀) အတွင်းမှာ အမျိုးသမီးတွေကိုတစ်ကြိမ်တစ်ခါမျှ တရားမဟောဖူးသလို"မိန်းမဆိုတဲ့ အမှတ် လက္ခဏာ နဲ့ လည်း တစ်ကြိမ်တစ်ခါမျှကြည့်ြတော်မမူဖူးပါဘူး။ ရဟန်းအဖြစ်နဲ့ နေစဉ် ကာလပတ် လုံး ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့ စိတ်ကူး အကြံအစည် အမှတ် သညာ တစ်ကြိမ် တစ်ခါမှလည်း ဖြစ်ဖူးခြင်း လုံးဝရှိတော်မမူပါ။ အမျက်ဒေါသနဲ့ စပ်ပြီးတော့လည်း သူတစ်ပါးကို ပျက်စီးစေလိုတဲ့ နှိပ်စက်ညှဉ်းပန်းလိုတဲ့ စိတ်ကူး၊ အကြံအစည်၊ အမှတ်သညာ တစ်ကြိမ်တစ်ခါမှ ဖြစ်ပေါ်ဖူးခြင်း ရှိတော်မမူခဲ့ပါ။ ဒီအချက်တွေဟာ သူတစ်ပါးတွေနဲ့ ဘယ်လိုမှ မတူညီနိုင်တဲ့ အရှင်ဗာကုလမထေရ်ရဲ့ အံ့ဖွယ်ရာတွေ ဖြစ်ပါတယ်။

🔶အရှင်ဗာကုလမထေရ်ဟာ လူဝတ်ကြောင် အမျိုးသမီးတွေနဲ့ ကင်းရှင်းရုံမျှမကဘဲ ရဟန်းဝတ်ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေမတွေနဲ့လည်း တွေ့ဆုံဆက်ဆံခြင်း အလျဉ်း ရှိတော်မူပါဘူး။ အမျိုးသားတွေကိုလည်း ဥပဇ္ဈာယ်ဆရာအဖြစ်နဲ့ ရှင်ပြုပေးခြင်း၊ရဟန်း ခံပေးခြင်း၊ တပည့်အဖြစ် လက်ခံခြင်း လုံး၀ ပြုတော်မူသလို ရှင်ငယ်၊ ရဟန်းငယ်တွေ ကိုလည်း အလုပ်အကျွေးအဖြစ် အနီးအပါးမှာ လုံးဝထားတော်မမူပါ။ ဝါတော်(၈၀) သက်တော်(၁၆၀) ပရိနိဗ္ဗာန်ဝင်စံချိန်အထိ ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာဝန်ကို ကိုယ့်ဘာသာ ထမ်းရွက်တော်မူသွားတဲ့ အံ့ဖွယ်မထေရ်ကြီးတစ်ပါး ဖြစ်တော်မူပါတယ်။

🔶သက်တော်(၁၆၀)ပြည့်လို့ သက်တမ်းကုန်ဆုံးလုနီးတဲ့အခါ အရှင်ဗာကုလမထေရ် ဟာ တစ်ကျောင်းဝင် တစ်ကျောင်းထွက် လှည့်လည်တော်မူကာ"အရှင်ဘုရားတို့ ညီမူရာတန်စောင်းအတွင်းသို့ ကြွတော်မူကြပါ။ ယနေ့ တပည့်တော်ရဲ့ ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းမှု ဖြစ်ပါလိမ့်မယ်။ အရှင်ဘုရားတို့ ကြွတော်မူကြပါ"လို့ ကိုယ်တော်တိုင် လျှောက်ထားဖိတ်ကြားပြီး သံဃာစုဝေးစေပါတယ်။သီတင်းသုံးဖော် သံဃာတော်များ စုရုံးစည်းဝေးမိတဲ့အခါ "ငါဟာ အသက်ရှင်စဉ်မှာ ငါ့ရဲ့ ခန္ဓာကိုယ်အတွက် သူတစ်ပါး တွေကို တာဝန်မတက်စေခဲ့သလို ယခုလို ပရိနိဗ္ဗာန် ဝင်စံချိန်မှာလည်း ငါ့ရဲ့ ခန္ဓာကိုယ် ဟာ သီတင်းသုံးဖော် သံဃာတော်တွေအတွက် ပလိဗောဓ ကြောင့်ကြဖွယ် မဖြစ် ပေါ်ပါစေနဲ့"လို့ နှလုံးသွင်းဆင်ခြင်တော်မူကာ ဈာန်အဘိညာဉ်ကို ဝင်စားတော်မူပြီး ရဟန်းသံဃာတော်တွေရဲ့ အလယ်မှာ ထိုင်တော်မူလျက် ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်။ ပရိနိဗ္ဗာန် ဝင်စံတော်မူတာနဲ့တစ်ပြိုင်နက် ထိုင်တော်မူဆဲ ရုပ်ကလာပ်တော်ဟာ သူအလိုလို မီးထတောက်ပြီး လောင်ကျွမ်းကာ မုလေးပန်းရုံအဆင်းရှိတဲ့ ဓာတ်တော် တွေသာ ကြွင်းကျန်ရစ်တော်မူပါတယ်။

🔶အရှင်ဗာကုလမထေရဟာ လက်ဝဲတော်ရံ မဟာသာဝကအပါး(၄၀)ထဲမှာ တစ်ပါး အပါအဝင်ဖြစ်သလို ကျန်းမာခြင်း အရာမှာ ဧတဒဂ် ရတော်မူပြီး တန်ခိုးကြီးတော်မူတဲ့ သက်တော်ရှည် ရဟန္တာအရှင်မြတ်ကြီးတစ်ပါးလည်း ဖြစ်တေယ်မူပါတယ်။ အရှင်ဗာကုလမထေရ်မြတ်ရဲ့ ပါရမီခရီးမှာ အားကျကြည်ညိုဖွယ်ရာကောင်းသလို ကိုယ့်ဘ၀ ကိုယ့်ကံကြမ္မာကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း ကိုယ်ဖြစ်ချင်သလို ဖြစ်အောင် အကွက်ချစီမံတော်မူပုံဟာလည်း အတုယူ လိုက်နာဖွယ် ကောင်းလှပါတယ်။ အရှင်မြတ် ဟာ သာသနာတော်နဲ့ ကြုံတုန်းဆုံခိုက လူ့ဘဝရဲ့ရတောင့်ရခဲ အခွင့်အရေး အရင်းအမြစ် အသီးအပွင့်အားလုံးကို သိမ်းကျုံးထွေးပိုက် ရယူတော်မူလိုက်နိုင်ပါတယ်။

❄️အရှင်ဗာကုလမထေရ်အလောင်းအလျာ(အတိတ်ဒါန၊ ကုသိုလ်၊ ပါရမီ)❄️

🔶အရှင်ဗာကုလမထေရ်အလောင်းအလျာဟာ လွန်လေပြီးသော(တစ်သင်္ချေကမ္ဘာတစ်သိန်း)အနောမဒဿီမြတ်စွာဘုရားလက်ထက်တွင် ရသေ့ဘဝဖြင့်ရသေ့စည်းစိမ်ချမ်းသာတို့ကိုခံစားပြီးတောထဲမှာစံမြန်းတော်မူလျက်ရှိသည်။ တစ်နေ့၌ အနောမဒဿီမြတ်စွာဘုရားသျှင်နှင့်ရဟန္တာအရှင်မြတ်များခြံရံလျက်အရှင်ဗာကုလမထေရ်အလောင်းအလျာရသေ့သီးတင်းသုံးနေသောတောအုပ်မှဖြတ်လေ၏။ ရဟန္တာအရှင်မြတ်တစ်ပါးဆီမှအနောမဒဿီမြတ်စွာဘုရားသျှင်လေနာရောဂါခံစားနေရကြောင်းသိရှိ၍ လေနာရောဂါကို ပျောက်ကင်းစေမည့်ဆေးဖေါ်ပေးရုံသာမကမိမိကိုယ်တိုင်လည်းရသေ့စည်းစိမ်ချမ်းသာစွန့်ကာကိုယ်တိုင်ကိုယ်ကျသွားရောက်ပြုစုကုသပေးပြီး "ဘဝသံသရာမှာ တပည့်တော်ရဲ့ခန္ဓာဟာ နွားနို့တစ်ညှစ်စာ အချိန်ကလေးတောင်မှ အနာရောဂါမဖြစ်ပါစေသား"လို့ ဆုတောင်းခဲ့သူဖြစ်သလို၊

🔶ကမ္ဘာတစ်သိန်း(သာရကမ္ဘာ)ပဒုမုတ္တရ မြတ်စွာဘုရားရှင်လက်ထက်မှာလည်း ရသေ့ဘဝဖြင့်ရသေ့စည်းစိမ်ချမ်းသာတို့ကိုခံစားပြီးတောထဲမှာစံမြန်းတော်မူလျက်ရှိလေရာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်နှင်းရဟန်းရှစ်သောင်းငါးထောင်တို့သည်တောအုပ်ကိုအဖြတ်၌ နွေဦးအချိန် အဆိပ်ပင်၏ဝတ်မှုံပွင့်လွှာပျံ့လွှင့်နေလေအားရူမိပြီးနာမွန်ကြကုန်လျက်ရှိသော် အရှင်ဗာကုလမထေရ်အလောင်းအလျာရသေ့သည်နာမွန်ပျောက်စေသောဆေးများဖေါ်ပေးကာကုသပေးပြီး "အနာရောဂါကင်းတဲ့အရာမှာ အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ကို ရပါလို၏"လို့ ဆုထူးပန်ဆင်ခဲ့သူ ဖြစ်ပါသည်။

🔶ကိုးဆယ့်နှစ်ကမ္ဘာ(သာရကမ္ဘာ)ဝိပဿီမြတ်စွာဘုရားရှင်လက်ထက်အရှင်ဗာကုလမထေရ်အလောင်းအလျာဟာဆင်းရဲသားတစ်ဦးဖြစ်လေသော်လည်း၊ တစ်နေ့တွင်မိတ်ဆွေရောင်းရင်းတစ်ဦးကိုခေါ်၍အိမ်ပြင်ဆောက်ဖို့သစ်ခုတ်ရန်တောထဲသို့ဝင်သော် ရဟန်းတော်များတရားကျင့်နားနေဆောင်ဟောင်းနွမ်းယိုယွင်းမှုကိုတွေ့မြင်ပြီး၊ အတွေးစိတ်ဖြစ်မိလေသည်။ ကျောင်းဆောင်ကိုအရင်ပြင်ပေးရမလား၊ မိမိတို့မိသားစုနေသောအိမ်ကိုအရင်ပြင်ရမလား။ ထိုနောက်ဖြစ်ပေါ်လာသည်က မိမိတို့နေတဲ့အိမ်ကိုမပြင်လျှင် မိသားစုသုံးဦးသာ ဆင်းရဲဒုက္ခခံရမည်။ ကျောက်ဆောင်ကိုမပြင်လျှင် ရဟန်းအပြင် သာသနာတော်အားယုံကြည်ကိုးကွယ်လျက်ရှိသောသူတွေပါဆင်းရဲဒုက္ခခံရမည်ဟု။ ထိုအတွက်ကြောင့်ကျောင်းဆောင်အရင်ပြင်ပေးသည့်အပြင် တိုးချဲကာ ရေအိမ်နေရာ၊ ရေချိုးသန့်စင်အခန်း၊ မီးတင်းကုတ်၊ ဆေးတင်းကုတ်များလည်းစနှစ်တကျဆောင်ရွက်ပေးသလို၊

🔶ဘဒ္ဒကမ္ဘာ ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်မှာ ကျောင်းဆောင်အသစ်တွေကို ဆောက်လုပ်လှူဒါန်းပြီး ရဟန်းသံဃာတော်တွေကို ဆေးပစ္စည်းအမျိုးမျိုးနဲ့ မပင်မပန်း ချမ်းသာအောင် ပြုစုလုပ်ကျွေးခဲ့သူလည်း ဖြစ်ပေသည်။

🔶အရှင်မြတ်ရဲ့ လောကီ လောကုတ္တရာ ဘဝနှစ်ခုစလုံးဟာ အောင်မြင်ကြွယ်၀ မှုတွေ ပြည့်လျှံနေတာပါ။ ဆွေကြီးမျိုးကြီး ၂-အုပ်စုရဲ့ကြား အခြွေအရံ ပရိသတ်တွေ ရဲ့ အလယ်မှာ အသက်ရှည်ရှည်ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ လိုတိုင်းရ၊ တတိုင်း ဖြစ်နေတဲ့ အခြေအနေဟာ ပျော်မွေ့ဖွယ်ရာဖြစ်သလို ရက်သတ္တပတ်မျှနဲ့ ဆဋ္ဌာဘိည၊ ပဋိသမ္ဘီဒါပတ္တ၊ ဧတဒဂ်ရ၊ မဟာသာဝက ရဟန္တာအရှင်မြတ်ဘဝကို တက်လှမ်းတော်မူ နိုင်ခဲ့တာကလည်း အင်မတန် အားရကျေနပ်စရာ ကောင်းလှပါတယ်။

🔶ဒါပေမယ့် အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်မှု ရှုထောင့်ကကြည့်မည်ဆိုလျှင် အရှင်ဗာကုလမထေရ်ရဲ့ အံ့ချီးဖွယ်ရာတွေဟာ ပုဂ္ဂလိကအရာဝင်ပြီး၊ တသီးတသန့် ဆန်တာမို့ အရှင်ဗာကုလမထေရ်မြတ်ကို"သူတော်ကောင်း"ဆိုတဲ့နာမဝိသေသနအစား "သူတောစင်"ဆိုတဲ့ ဝေါဟာရနဲ့ ပူဇော်စေချင်ပါသည်။

❄️သီတဂူဆရာတော်နှင့် ဆရာတော်တော်ဝင်နွယ်-အင်းဝ❄️ တရားတော်မှ

Zawgyi
က်န္းမာေရးႏွင့္ ျပည့္စံုျခင္း၊(အနာေရာဂါ ကင္းျခင္း)အရာတြင္ ဧတဒဂ္ဘြဲ႕ရအရွင္ဗာကုလမေထရ္ျမတ္

အနာမဲ့သူ အရွင္ဗာကုလ (သုိ႔မဟုတ္) အံ့ခ်ီးဖြယ္ရာေတြနဲ႔ ျပည့္စုံသူ

🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
❄️အရွင္ဗာကုလ❄️
🔶ဗာ=ႏွစ္ခုေသာ၊
🔶ကုလ=မိသားစု၊ အမ်ိဳး။
🔶ဗာကုလ=(မိသားစု အမ်ိဳးႏွစ္ခုရွိသူ)။
တနည္းဆိုရေသာ္( အမ်ဳိးႏွစ္မ်ဳိးတို႔၏ရင္ခြင္မွာႀကီးျပင္းေသာေယာက္်ား)။
ေဒြးကုလ= အမ်ဳိးႏွစ္မ်ဳိးတို႔မွေစာက္ေရွာက္ေသာေယာက္်ားျမတ္)။

🔶အရွင္ဗာကုလ မေထရ္အေလာင္းသူေတာ္ေကာင္းဟာ ေဂါတမျမတ္စြာဘုရားရွင္လက္ထက္၊ ဘုရားအျဖစ္ပြင့္ထြန္းေတာ္ မမူေသးမီမွာပဲ ေကာသမၻီျပည္ သူေဌးႀကီးရဲ့အိမ္ေတာ္မွာ ပဋိသေႏၶေနပါ တယ္။ ပဋိသေႏၶတည္ေနခ်ိန္ကစျပီး သူေဌးႀကီးရဲ့ အိမ္ေတာ္ဟာ ေအာင္ျမင္မႈ၊ ၾကြယ္၀မႈ၊ေက်ာ္ေစာမႈေတြနဲ႔ ျပည့္စုံျပီး အထြတ္အထိပ္ ေရာက္ခဲ့ပါတယ္။ ဖြားျမင္ျပီးတဲ့ ေနာက္ ငါးရက္ေျမာက္ေန႔မွာ မိခင္သူေဌးကေတာ္ႀကီးဟာ ဘုန္းကံႀကီးမားတဲ့သားရတနာေလးကုိအသက္ရွည္၊ အနာကင္းဖုိ႔ ရည္ရြယ္ျပီး ယမုံနာျဖစ္အတြင္းကုိ ေရခ်ိဳးဆင္းဖုိ႔ အခမ္းအနားနဲ႔ ပုိ႔ေစပါတယ္။ ေကာသမၻီျပည္ဟာယမုံနာျမစ္ကမ္းနေဘးမွာတည္ရွိၿပီးျပည္သူ၊ ျပည္းသားေတြက ယမုံနာျမစ္ေရျဖင့္ေရခ်ဳိးသန္႔စင္လွ်င္ က်မ္းမာ၊ အနာကင္း၊ အသက္ရွည္တယ္လို႔အယူရွိၾကသလို၊ ယုံလည္းယုံၾကည္ၾကသည့္အျပင္ ယမုံနာျမစ္ကိုလည္း ျဗဟၼာျပည္ကစလို႔ ျဗဟၼာျပည္မွာဆုံးလ်က္ရွိသည္ဟုေျပာဆိုေလ့ရွိသည္။ ယေန႔တိုင္တစ္ခ်ဳိ့အိႏၵယေျမာက္ပိုင္းတြင္ေနထိုင္သူေတြကယူဆယုံၾကည္ေနၾကဆဲျဖစ္၏။

🔶ယမုံနာျမစ္အတြင္းမွာ အထိန္းေတာ္ႀကီးဟာ သားလွရတနာေလးကုိ ငုပ္ခ်ည္၊ ေပၚခ်ည္လုပ္ကာေရခ်ိဳးေပးေနတုန္း ငါးႀကီးတစ္ေကာင္ဟာ သူငယ္ကုိ အစာအမွတ္နဲ႔ ေျပးဟတ္ဖုိ႔ အနားကပ္လာပါတယ္။ အထိန္းေတာ္ႀကီးကတဒင္ကားေၾကာက္လန္႔ျပီး ထြက္ေျပးေသာ္ သားငယ္မွာလက္ထဲကလြတ္ထြက္သြားၿပီး ျမစ္ေရစီးဆင္းမႈန႔ဲေမ်ာပါသြားလ်က္ရွိသည္။ ငါးႀကီးကလည္း ေနာက္မွလိုက္၍အစာအျဖစ္မ်ိဳမိလ၏။ သားငယ္ေလးဟာ ဘုန္းကံ ႀကီးမားသူ ျဖစ္တဲ့အေလွ်ာက္ ငါးဗုိက္ထဲမွာ ဆင္းရဲဒုကၡမေရာက္ဘဲ အိပ္ရာပုခက္ထဲမွာ အိပ္စက္လဲေလ်ာင္းရသလုိ ခ်မ္းသာစြာ ေနထုိင္ရပါတယ္။ ေနာက္ဆုံးေတာ့ သူငယ္ေတာ္ရဲ့ တန္ခုိးရွိန္ေၾကာင့္ အဲဒီငါးႀကီးဟာ ခံတြင္းပူေလာင္၍ျပင္းျပေသာဒဏ္၊ ေဝဒနာခံစားရၿပီး ယမုံနာျမစ္ေရစုန္အတိုင္းပါသြားကာဗာရာဏသီျပည္ေသာင္းကမ္းတစ္ခုအနားတြင္တင္လ်က္အသက္ဆုံးရႈံးရေလသည္။

🔶ထိုအခ်ိန္တြင္ တံငါသည္ေတြက ငါးႀကီးအားေတြ႕ျမင္၍သယ္ေဆာင္ကာဗာရာဏသီျမိဳံ့ထဲလွည့္လည္ေရာင္းခ်ေသာ္ ကုေဋရွစ္ဆယ္ၾကြယ္၀ျပီးသားသမီးရာတနာမရတဲ့ သူေဌးဇနီးေမာင္နံတို႔သည္ဤငါးကိုအေကာင္လိုက္ဝယ္ေလ၏။ တံငါသည္လက္ထဲက တစ္ဆင့္ သူေဌးကေတာ္ႀကီးလက္ထဲကုိငါးေရာက္သြားေသာအခါ၊ တစ္ခါမွ သားငါးမကုိင္တြယ္ဖူးတဲ့ သူေဌးကေတာ္ႀကီးသည္ ဒီေန႔မွကိုင္ခ်င္စိတ္ေပါက္ၿပီးငါးႀကီးကိုဝမ္းဗိုက္မွမခြဲျခမ္းပဲ ေက်ာဘက္မွဓားနဲ႔ ခြဲျခမ္းေလရာ ၀မ္းဗုိက္ထဲတြင္အိပ္ေပ်ာ္ေနတဲ့ ေရႊအဆင္းလုိ ၀ါ၀င္းျပီး ခ်စ္စဖြယ္ေကာင္းေသာကေလးငယ္ကုိ ေတြ႔ရေလ၏။ ထိုေနာက္၀မ္းသာအားရ ေပြ႔ခ်ီလ်က္ သူေဌးႀကီးအား သားအျဖစ္နဲ႔ေမြးစား
န္ ျပသပါတယ္။ သူေဌးႀကီးကလည္း ခ်က္ခ်င္းဗာရာဏသီျမိဳ႔ထဲကုိ စည္လည္ေစျပီး ဘုရင္ျမင္းျမတ္ထံကုိလည္း သံေတာ္ဦးတင္ေလွ်ာက္ထားပါတယ္။ ဗာရာဏသီမင္းႀကီးက "ငါး၀မ္းထဲမွာ အနာမဲ့စြာ ခ်မ္းသာစြာ ေနႏုိင္တဲံ ဒီကေလးဟာ ဧကႏၱဘုန္းကံ ႀကီးမားသူျဖစ္တယ္။ သင္သူေဌးႀကီး သားအျဖစ္နဲ႔ ေမြးစားေစ"လုိ႔ အမိန္႔ ေတာ္ျမတ္ ခ်မွတ္ေပးေလ၏။ သူေဌးႀကီးတုိ႔ ဇနီးေမာင္ႏွံဟာ ၀မ္းေျမာက္၀မ္းသာ သားအျဖစ္နဲ႔ အိမ္ေတာ္မွာ ျပဳစုေကြ်းေမြးၾကပါတယ္။

🔶မိဘအရင္းျဖစ္တဲ့ ေကာသမၻီျပည္က သူေဌးႀကီးေတြကလည္း အထိန္းေတာ္ေျပာၾကားခ်က္အရ ယမုံနာျမစ္ေၾကာင္းတစ္ေလွ်ာက္စုန္ဆင္း၍ျမဳိ႕ရြာေသာင္ကမ္းမွန္သမွ်လိုက္လံရွာေဖြလ်က္ရွိၾက၏။ ေနာက္ဆုံးတြင္ တံငါသည္န႔ဲေတြ႕ဆုံၿပီးအေၾကာင္းစုံကို ၾကားသိရတဲ့အခါ ေမြးမယ္ေတာ္နဲ႔ ေကြ်းမယ္ေတာ္တုိ႔ဟာ သူ့သား ငါ့သား အျငင္းပြားရာမွ ဗာရဏသီမင္းႀကီးခုံ႐ုံးေတာ္ထံ အဆုံးအျဖတ္ခံဖုိ႔ ေရာက္သြားပါတယ္။ မင္းႀကီးလည္းဘယ္ဘက္ ကုိမွ အသာေပးျပီး မဆုံးျဖတ္ႏုိင္တာမုိ႔ ဒီသားငယ္ဟာ ေကာသမၻီသူေဌးအိမ္၊ ဗာရဏသီ သူေဌးအိမ္ ႏွစ္အိမ္လုံးရဲ့ အေမြခံသာျဖစ္ေစ"လုိ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ေတာ္ မူပါတယ္။ အဲဒီအခ်ိန္ကစျပီး သားငယ္ေတာ္ဟာ သူေဌးႀကီးႏွစ္ဦးရဲ့ အိမ္ေတာ္ေတြမွာပဲ တစ္လ၊ တစ္လမွတိုးကာႏွစ္လ၊ သုံးလ၊ ေလးလ အလွည့္က် ေနထုိင္ႀကီးျပင္းလာခဲ့ရသလုိ သူငယ္ေတာ္ရဲ့ နာမည္ဟာလည္း"ဗာကုလ သူေဌးသား " လုိ႔ အမည္ တြင္ခဲ့ပါတယ္။

🔶ဗာကုလသူေဌးသားရဲ့ လူဘဘ၀စည္းစိမ္ခ်မ္းသာေတြဟာ အင္မတန္ ႀကီးက်ယ္ ခမ္းနားလွပါတယ္။ ဗာကုလသူေဌးသား အရြယ္ေရာက္တဲ့အခါ ေကာသမၻီျပည္၊ ဗာရဏသီျပည္ ႏွစ္ခုလုံးမွာရွိတဲ့ မယ္ေတာ္ ခမည္းေတာ္ေတြက ေႏြ မုိး ေဆာင္း ရာသီ သုံးမ်ိဳးအတြက္ စံအိမ္ေတာ္ ၃-ခုစီ တည္ေဆာက္ၾကျပီး ကေခ်သည္ ေမာင္းမ မိႆံ အေျခြအရံ မ်ားစြာေတြကုိ ျပဳစုေဖ်ာ္ေျဖ ခစားေစၾကပါတယ္။ ဗာကုလသူေဌးသားဟာ တစ္ျမိဳ႔ တစ္ျမိဳ့မွာ ေလးလ ေလးလပဲ စံေနပါတယ္။ ေကာသမၻီျပည္မွာ ေလးလပတ္လုံး သူေဌးစည္းစိမ္ကုိ ခံစားသုံးေဆာင္ေနထုိင္ျပီးတဲ့အခါ ႀကီးက်ယ္ခမ္းနားလွတဲ့ နန္းေတာ္ ေဆာင္ပါတဲ့ ကရ၀ိတ္ေဖာင္ေတာ္ေပၚမွာ ကေခ်သည္ ေမာင္းမမိႆံေတြနဲ႔တကြ ဗာကုလသူေဌးသားကုိ သယ္ေဆာင္ျပီး ဗာရာဏသီျပည္ကုိ ပုိ႔ေဆာင္ေပးပါတယ္။ ဗာကုလသူေဌးသားဟာ ေဖာင္ေတာ္ေပၚမွာ ႀကီးက်ယ္တဲ့ သူေဌးစည္းစိမ္ကုိ ေပွ်ာ္ရႊင္ ခ်မ္းေျမ့စြာ ခံစားသုံးေဆာင္ရင္း ေလးလၾကာမွ ဗာရဏသီကုိ ဆုိက္ေရာက္ပါတယ္။ အဲဒီလုိနည္းနဲံ ေကာသမၻီမွာ ေလးလ၊ လမ္းခရီးမွာ ေလးလ၊ ဗာရဏသီမွာ ေလးလ စသည္ျဖင့္ တစ္ႏွစ္တာကုိ ကုန္လြန္ေစျပီး ခ်မ္းခ်မ္းသာသာ ေနလာခဲ့တာ ႏွးစ္ေပါင္း ရွစ္ဆယ္တုိင္ေအာင္ျဖစ္ပါတယ္။

🔶ဗာကုလသူေဌးသား အသက္(၈၀)အရြယ္ေရာက္ခ်ိန္မွာ ဗုဒၶဘုရားသွ်င္ဟာပထမဝါဆိုၿပီး ေကာသမၻီျပည္ကုိ ၾကြခ်ီေတာ္မူလာခဲ့ပါတယ္။ ဗုဒၶဘုရားသွ်င္ရဲ့ တရားေတာ္ကုိ နာယူရတဲ့အခါ ဗာကုလသေဌးသားဟာ သဒၶါတရား ႀကီးမားစြာျဖစ္ေပၚျပီး သာသနာ့၀န္ထမ္း ရွင္ရဟန္းျပဳပါတယ္။ အရွင္ဗာကုလမေထရ္ဟာ ရဟန္းျပဳေတာ္မူျပီးတဲ့ေနာက္ (၇) ရက္မွ်သာ ပုထုဇဥ္ဘ၀နဲ႔ ေနရျပီး (ဂ)ရက္ေျမာက္အရုဏ္မွာ "ဆ႒ာဘိည၊ ပိဋိသမၻီဒါ ပတၱရဟႏၱာ"အရွင္ျမတ္ျဖစ္ေတာ္မူခဲ့ပါတယ္။

🔶အရွင္ဗာကုလမေထရ္ဟာ အရွင္သာရိပုတၱရာ ၊ အရွင္ေမာဂၢလာန္၊ အရွင္မ ေခမာေထရီတုိ႔နဲ႔အတူ မဟာအဘိညဥ္ရ ပုဂၢိဳလ္(၄)ဦးထဲမွာ အ၀င္အပါျဖစ္သလုိ ႏွစ္ သတ္မွတ္ခ်က္အလုိက္ မက်ိန္းစက္ မအိပ္ေတာ္မူၾကတဲ့ သာသနာ့၀န္ထမ္း ရွင္ရဟန္း အာဇာနည္မေထရ္(၁၁)ပါးထဲမွာလည္း တစ္ပါးအပါအ၀င္ျဖစ္ေတာ္မူပါတယ္။ အရွင္ဗာာကုလမေထရ္ဟာ ရဟန္းျဖစ္ေတာ္မူခ်ိန္ကစျပီး ႏွစ္ေပါင္း(၈၀)ကာလပတ္လုံး တံကဲပ်ဥ္၊ နံရံ၊ တုိင္ကုိမွီျပီး တစ္ခါမွ မက်ိန္းစက္ဘူး၊ အိပ္ရာ၀င္ ကာလဲေလ်ာင္းျပီး တစ္ခါမွ မအိပ္ခဲ့ဘူးပါ။

🔶အရွင္ဗာကုလမေထရ္ ရဟန္းျပဳခ်ိန္ကစျပီး ေကာသမၻီျပည္၊ ဗာရဏသီျပည္မွာ ရွိေနၾကတဲ့ ေရွးလူျဖစ္စဥ္ သူေဌးသားဘ၀က အလုပ္အေကြ်းအေဖ်ာ္အေျဖ ကေခ် သည္ ေမာင္းမမိႆံေတြဟာ မိမိတုိ႔ရဲ့ မိဘအိမ္သုိ႔ ျပန္ၾကကာ မိမိတုိ႔ရဲ့ မိဘအိမ္မွာ ေနထုိင္ၾကရင္းက သကၤန္း၊ ဆြမ္း စတာေတြကုိ စီရင္ျပီး အရွင္ဗာကုလမေထရ္ ျမတ္ထံသုိ႔သာ လွဴဒါန္းၾကပါတယ္။ အရွင္ဗာကုလမေထရ္ဟာ လ၀က္=(၁၅-ရက္) ပတ္လုံး ေကာသမၻီေနသူေတြက ေပးပုိ႔လွဴဒါန္းတဲ့ သကၤန္း၊ ဆြမ္းတုိ႔ကုိ သုံးေဆာင္ေတာ္မူျပီး ၊ ေနာက္လ၀က္(၁၅-ရက္) ပတ္လုံး ဗာရာဏသီေန သူေတြက ပုိ႔သလွဴဒါန္းတဲ့ဆြမ္း၊ သကၤန္းတုိ႔ကုိ ဘုဥ္းေပးသုံး ေဆာင္ေတာ္မူပါတယ္။

🔶အရွင္ဗာကုလမေထရ္ဟာ ရဟန္းျပဳခ်ိန္ကစျပီး ႏွစ္ေပါင္း(၈၀)ကာလအတြင္း ဒါယကာေတြ ပင့္ဖိတ္တဲ့ဆြမ္းကုိ တစ္ႀကိမ္မွ လက္မခံဖူးသလုိ၊ "ဒါယကာတစ္ဦးဦးက ငါ့ကုိ ပင့္ဖိတ္ပါမူ ေကာင္းေလစြ"လုိ႔ စိတ္ေတာင္မွ မကူးမိဖူးသူ ျဖစ္ေတာ္မူပါတယ္။ ရြာနီးေက်ာင္းမွာ ၀ါမဆုိဘဲ အျမဲေတာရေဆာက္တည္ေတာ္မူကာ ျမိဳ႔ရြာအတြင္း အိမ္တံစက္ျမိတ္ေအာက္မွာ တစ္ႀကိမ္တစ္ခါမွ် ဆြမ္းမစားဖူးသူလည္း ျဖစ္ေတာ္မူပါ တယ္။

🔶ရဟန္း၀ါေတာ္နဲ႔အမွ် အရွင္ဗာကုလမေထရ္ဟာ ဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ ေဆး ပစၥည္းေလးပါးကိစၥမွာ တစ္စုံတစ္ရာ ေၾကာင့္ၾကစုိက္မႈ တစ္ခုမွ်မရွိဘဲ ပံ့သကူသကၤန္း၊ ပ႑ပတ္ဆြမ္း၊ေတရာေက်ာင္းနဲ့ပဲ ေပွ်ာ္ေမြ႔ေတာ္မူပါတယ္။ လူဘ၀ အႏွစ္(၈၀)ရဟန္း ဘ၀အႏွစ္(၈၀)သက္တမ္း (၁၆၀) အတြင္း နြားနုိ့တစ္ညွစ္စာ အခ်ိန္ကေလးေလာက္ ေတာင္မွ အနာေရာဂါ မျဖစ္ပြားဘူးဘဲ ေဆးျဖစ္၀ါးျဖစ္ဆုိရင္ သွ်ိသွ်ားသီးတစ္စိတ္စာကုိ ေတာင္မွ ဘုဥ္းေပးသုံးေဆာင္ရဖူးျဖင္း ရွိေတာ္မမူပါဘူး။ တစ္သက္တာပတ္လုံး ေညာင္းညာကုိက္ခဲျခင္းမွ် မျဖစ္ေပၚဘူးတာေၾကာင့္ သီတင္းသုံးေဖာ္ တစ္ဦးဦးကုိ တစ္ခါမွ် နွိပ္ နယ္ခုိင္းျခင္းလည္း ရွိေတာ္မမူပါ။ ေရခ်ိဳးခန္းမွာ၀င္ျပီး ေရမခ်ိဳးဖူးသလုိ၊ ဆပ္ျပာအသုံးျပဳၿပီးေတာ့့လည္း ေရးခ်ိဳးေတာ္မမူဘူးပါ။ ဒါေၾကာင့္မုိ႔ ရွင္ေတာ္ဘုရားဟာအရွင္ဗာကုလ မေထရ္ကုိ က်န္းမာျခင္းအရာမွာ အသာလြန္ဆုံး ဧတဒဂ္ဘြဲ့ထူးကုိ ေပးအပ္ေတာ္မူခဲ့ တာလည္း ျဖစ္ပါတယ္။

🔶အရွင္ဗာကုလမေထရ္ဟာ ရဟန္းျဖစ္ျပီးခ်ိန္ကစျပီး ၀ါေတာ္(၈၀) အတြင္းမွာ အမ်ိဳးသမီးေတြကုိတစ္ႀကိမ္တစ္ခါမွ် တရားမေဟာဖူးသလုိ"မိန္းမဆုိတဲ့ အမွတ္ လကၡဏာ နဲ႔ လည္း တစ္ႀကိမ္တစ္ခါမွ်ၾကည့္ျေတာ္မမူဖူးပါဘူး။ ရဟန္းအျဖစ္နဲ႔ ေနစဥ္ ကာလပတ္ လုံး ကာမဂုဏ္အာရုံနဲ႔ ပတ္သက္တဲ့ စိတ္ကူး အႀကံအစည္ အမွတ္ သညာ တစ္ႀကိမ္ တစ္ခါမွလည္း ျဖစ္ဖူးျခင္း လုံး၀ရွိေတာ္မမူပါ။ အမ်က္ေဒါသနဲ႔ စပ္ျပီးေတာ့လည္း သူတစ္ပါးကုိ ပ်က္စီးေစလုိတဲ့ ႏွိပ္စက္ညွဥ္းပန္းလုိတဲ့ စိတ္ကူး၊ အႀကံအစည္၊ အမွတ္သညာ တစ္ႀကိမ္တစ္ခါမွ ျဖစ္ေပၚဖူးျခင္း ရွိေတာ္မမူခဲ့ပါ။ ဒီအခ်က္ေတြဟာ သူတစ္ပါးေတြနဲ႔ ဘယ္လုိမွ မတူညီႏုိင္တဲ့ အရွင္ဗာကုလမေထရ္ရဲ့ အံ့ဖြယ္ရာေတြ ျဖစ္ပါတယ္။

🔶အရွင္ဗာကုလမေထရ္ဟာ လူ၀တ္ေၾကာင္ အမ်ိဳးသမီးေတြနဲ႔ ကင္းရွင္းရုံမွ်မကဘဲ ရဟန္း၀တ္ဘိကၡဳနီ၊ သိကၡမာန္၊ သာမေဏမေတြနဲ႔လည္း ေတြ႔ဆုံဆက္ဆံျခင္း အလ်ဥ္း ရွိေတာ္မူပါဘူး။ အမိ်ဳးသားေတြကုိလည္း ဥပဇၥ်ာယ္ဆရာအျဖစ္နဲ့ ရွင္ျပဳေပးျခင္း၊ရဟန္း ခံေပးျခင္း၊ တပည့္အျဖစ္ လက္ခံျခင္း လုံး၀ ျပဳေတာ္မူသလုိ ရွင္ငယ္၊ ရဟန္းငယ္ေတြ ကုိလည္း အလုပ္အေကြ်းအျဖစ္ အနီးအပါးမွာ လုံး၀ထားေတာ္မမူပါ။ ၀ါေတာ္(၈၀) သက္ေတာ္(၁၆၀) ပရိနိဗၺာန္၀င္စံခ်ိန္အထိ ကုိယ့္ဘ၀၊ ကုိယ့္ခႏၶာ၀န္ကုိ ကုိယ့္ဘာသာ ထမ္းရြက္ေတာ္မူသြားတဲ့ အံ့ဖြယ္မေထရ္ႀကီးတစ္ပါး ျဖစ္ေတာ္မူပါတယ္။

🔶သက္ေတာ္(၁၆၀)ျပည့္လုိ႔ သက္တမ္းကုန္ဆုံးလုနီးတဲ့အခါ အရွင္ဗာကုလမေထရ္ ဟာ တစ္ေက်ာင္း၀င္ တစ္ေက်ာင္းထြက္ လွည့္လည္ေတာ္မူကာ"အရွင္ဘုရားတုိ႔ ညီမူရာတန္ေစာင္းအတြင္းသုိ႔ ၾကြေတာ္မူၾကပါ။ ယေန႔ တပည့္ေတာ္ရဲ့ ပရိနိဗၺာန္ ၀င္စံ ခ်ဳပ္ျငိမ္းမႈ ျဖစ္ပါလိမ့္မယ္။ အရွင္ဘုရားတုိ႔ ၾကြေတာ္မူၾကပါ"လုိ႔ ကုိယ္ေတာ္တုိင္ ေလွ်ာက္ထားဖိတ္ၾကားျပီး သံဃာစုေ၀းေစပါတယ္။သီတင္းသုံးေဖာ္ သံဃာေတာ္မ်ား စုရုံးစည္းေ၀းမိတဲ့အခါ "ငါဟာ အသက္ရွင္စဥ္မွာ ငါ့ရဲ့ ခႏၶာကုိယ္အတြက္ သူတစ္ပါး ေတြကုိ တာ၀န္မတက္ေစခဲ့သလုိ ယခုလုိ ပရိနိဗၺာန္ ၀င္စံခ်ိန္မွာလည္း ငါ့ရဲ့ ခႏၶာကုိယ္ ဟာ သီတင္းသုံးေဖာ္ သံဃာေတာ္ေတြအတြက္ ပလိေဗာဓ ေၾကာင့္ၾကဖြယ္ မျဖစ္ ေပၚပါေစနဲ႔"လုိ႔ နွလုံးသြင္းဆင္ျခင္ေတာ္မူကာ စ်ာန္အဘိညာဥ္ကုိ ၀င္စားေတာ္မူျပီး ရဟန္းသံဃာေတာ္ေတြရဲ့ အလယ္မွာ ထုိင္ေတာ္မူလ်က္ ပရိနိဗၺာန္ ၀င္စံေတာ္မူပါတယ္။ ပရိနိဗၺာန္ ၀င္စံေတာ္မူတာနဲ႔တစ္ျပိဳင္နက္ ထုိင္ေတာ္မူဆဲ ရုပ္ကလာပ္ေတာ္ဟာ သူအလုိလုိ မီးထေတာက္ျပီး ေလာင္ကြ်မ္းကာ မုေလးပန္းရုံအဆင္းရွိတဲ့ ဓာတ္ေတာ္ ေတြသာ ၾကြင္းက်န္ရစ္ေတာ္မူပါတယ္။

🔶အရွင္ဗာကုလမေထရဟာ လက္၀ဲေတာ္ရံ မဟာသာ၀ကအပါး(၄၀)ထဲမွာ တစ္ပါး အပါအ၀င္ျဖစ္သလုိ က်န္းမာျခင္း အရာမွာ ဧတဒဂ္ ရေတာ္မူျပီး တန္ခုိးႀကီးေတာ္မူတဲ့ သက္ေတာ္ရွည္ ရဟႏၱာအရွင္ျမတ္ႀကီးတစ္ပါးလည္း ျဖစ္ေတယ္မူပါတယ္။ အရွင္ဗာကုလမေထရ္ျမတ္ရဲ့ ပါရမီခရီးမွာ အားက်ၾကည္ညုိဖြယ္ရာေကာင္းသလုိ ကုိယ့္ဘ၀ ကုိယ့္ကံၾကမၼာကုိ ကုိယ္ျဖစ္ခ်င္တဲ့ပုံစံအတုိင္း ကုိယ္ျဖစ္ခ်င္သလုိ ျဖစ္ေအာင္ အကြက္ခ်စီမံေတာ္မူပုံဟာလည္း အတုယူ လုိက္နာဖြယ္ ေကာင္းလွပါတယ္။ အရွင္ျမတ္ ဟာ သာသနာေတာ္နဲ႔ ႀကဳံတုန္းဆုံခုိ္က လူ့ဘ၀ရဲ့ရေတာင့္ရခဲ အခြင့္အေရး အရင္းအျမစ္ အသီးအပြင့္အားလုံးကုိ သိမ္းက်ံဳးေထြးပုိက္ ရယူေတာ္မူလုိက္ႏုိင္ပါတယ္။

❄️အရွင္ဗာကုလမေထရ္အေလာင္းအလ်ာ(အတိတ္ဒါန၊ ကုသိုလ္၊ ပါရမီ)❄️
🔶အရွင္ဗာကုလမေထရ္အေလာင္းအလ်ာဟာ လြန္ေလၿပီးေသာ(တစ္သေခၤ်ကမ႓ာတစ္သိန္း)အေနာမဒႆီျမတ္စြာဘုရားလက္ထက္တြင္ ရေသ့ဘဝျဖင့္ရေသ့စည္းစိမ္ခ်မ္းသာတို႔ကိုခံစားၿပီးေတာထဲမွာစံျမန္းေတာ္မူလ်က္ရွိသည္။ တစ္ေန႔၌ အေနာမဒႆီျမတ္စြာဘုရားသွ်င္ႏွင့္ရဟႏၱာအရွင္ျမတ္မ်ားျခံရံလ်က္အရွင္ဗာကုလမေထရ္အေလာင္းအလ်ာရေသ့သီးတင္းသုံးေနေသာေတာအုပ္မွျဖတ္ေလ၏။ ရဟႏၱာအရွင္ျမတ္တစ္ပါးဆီမွအေနာမဒႆီျမတ္စြာဘုရားသွ်င္ေလနာေရာဂါခံစားေနရေၾကာင္းသိရွိ၍ ေလနာေရာဂါကုိ ေပ်ာက္ကင္းေစမည့္ေဆးေဖၚေပး႐ုံသာမကမိမိကိုယ္တိုင္လည္းရေသ့စည္းစိမ္ခ်မ္းသာစြန္႔ကာကိုယ္တိုင္ကိုယ္က်သြားေရာက္ျပဳစုကုသေပးျပီး "ဘ၀သံသရာမွာ တပည့္ေတာ္ရဲ့ခႏၶာဟာ ႏြားနုိ႔တစ္ညွစ္စာ အခ်ိန္ကေလးေတာင္မွ အနာေရာဂါမျဖစ္ပါေစသား"လုိ႔ ဆုေတာင္းခဲ့သူျဖစ္သလုိ၊

🔶ကမ႓ာတစ္သိန္း(သာရကမ႓ာ)ပဒုမုတၱရ ျမတ္စြာဘုရားရွင္လက္ထက္မွာလည္း ရေသ့ဘဝျဖင့္ရေသ့စည္းစိမ္ခ်မ္းသာတို႔ကိုခံစားၿပီးေတာထဲမွာစံျမန္းေတာ္မူလ်က္ရွိေလရာ ပဒုမုတၱရ ျမတ္စြာဘုရားရွင္ႏွင္းရဟန္းရွစ္ေသာင္းငါးေထာင္တို႔သည္ေတာအုပ္ကိုအျဖတ္၌ ေႏြဦးအခ်ိန္ အဆိပ္ပင္၏ဝတ္မႈံပြင့္လႊာပ်ံ႕လႊင့္ေနေလအား႐ူမိၿပီးနာမြန္ၾကကုန္လ်က္ရွိေသာ္ အရွင္ဗာကုလမေထရ္အေလာင္းအလ်ာရေသ့သည္နာမြန္ေပ်ာက္ေစေသာေဆးမ်ားေဖၚေပးကာကုသေပးၿပီး "အနာေရာဂါကင္းတဲ့အရာမွာ အသာဆုံး အျမတ္ဆုံး=ဧတဒဂ္ဘြဲ႔ကုိ ရပါလုိ၏"လုိ႔ ဆုထူးပန္ဆင္ခဲ့သူ ျဖစ္ပါသည္။

🔶ကိုးဆယ့္ႏွစ္ကမ႓ာ(သာရကမ႓ာ)၀ိပႆီျမတ္စြာဘုရားရွင္လက္ထက္အရွင္ဗာကုလမေထရ္အေလာင္းအလ်ာဟာဆင္းရဲသားတစ္ဦးျဖစ္ေလေသာ္လည္း၊ တစ္ေန႔တြင္မိတ္ေဆြေရာင္းရင္းတစ္ဦးကိုေခၚ၍အိမ္ျပင္ေဆာက္ဖို႔သစ္ခုတ္ရန္ေတာထဲသို႔ဝင္ေသာ္ ရဟန္းေတာ္မ်ားတရားက်င့္နားေနေဆာင္ေဟာင္းႏြမ္းယိုယြင္းမႈကိုေတြ႕ျမင္ၿပီး၊ အေတြးစိတ္ျဖစ္မိေလသည္။ ေက်ာင္းေဆာင္ကိုအရင္ျပင္ေပးရမလား၊ မိမိတို႔မိသားစုေနေသာအိမ္ကိုအရင္ျပင္ရမလား။ ထိုေနာက္ျဖစ္ေပၚလာသည္က မိမိတို႔ေနတ့ဲအိမ္ကိုမျပင္လွ်င္ မိသားစုသုံးဦးသာ ဆင္းရဲဒုကၡခံရမည္။ ေက်ာက္ေဆာင္ကိုမျပင္လွ်င္ ရဟန္းအျပင္ သာသနာေတာ္အားယုံၾကည္ကိုးကြယ္လ်က္ရွိေသာသူေတြပါဆင္းရဲဒုကၡခံရမည္ဟု။ ထိုအတြက္ေၾကာင့္ေက်ာင္းေဆာင္အရင္ျပင္ေပးသည့္အျပင္ တိုးခ်ဲကာ ေရအိမ္ေနရာ၊ ေရခ်ဳိးသန္႔စင္အခန္း၊ မီးတင္းကုတ္၊ ေဆးတင္းကုတ္မ်ားလည္းစႏွစ္တက်ေဆာင္ရြက္ေပးသလို၊

🔶ဘဒၵကမ႓ာ ကႆပျမတ္စြာဘုရားရွင္လက္ထက္ေတာ္မွာ ေက်ာင္းေဆာင္အသစ္ေတြကုိ ေဆာက္လုပ္လွဴဒါန္းျပီး ရဟန္းသံဃာေတာ္ေတြကုိ ေဆးပစၥည္းအမ်ိဳးမ်ိဳးနဲ႔ မပင္မပန္း ခ်မ္းသာေအာင္ ျပဳစုလုပ္ေကြ်းခဲ့သူလည္း ျဖစ္ေပသည္။

🔶အရွင္ျမတ္ရဲ့ ေလာကီ ေလာကုတၱရာ ဘ၀ႏွစ္ခုစလုံးဟာ ေအာင္ျမင္ၾကြယ္၀ မႈေတြ ျပည့္လွ်ံေနတာပါ။ ေဆြႀကီးမ်ိဳးႀကီး ၂-အုပ္စုရဲ့ၾကား အေျခြအရံ ပရိသတ္ေတြ ရဲ့ အလယ္မွာ အသက္ရွည္ရွည္က်န္းက်န္းမာမာ ခ်မ္းခ်မ္းသာသာ လုိတုိင္းရ၊ တတုိင္း ျဖစ္ေနတဲ့ အေျခအေနဟာ ေပ်ာ္ေမြ႔ဖြယ္ရာျဖစ္သလုိ ရက္သတၱပတ္မွ်နဲ႔ ဆ႒ာဘိည၊ ပဋိသမၻီဒါပတၱ၊ ဧတဒဂ္ရ၊ မဟာသာ၀က ရဟႏၱာအရွင္ျမတ္ဘ၀ကုိ တက္လွမ္းေတာ္မူ ႏုိင္ခဲ့တာကလည္း အင္မတန္ အားရေက်နပ္စရာ ေကာင္းလွပါတယ္။

🔶ဒါေပမယ့္ အမ်ားအက်ိဳးသယ္ပုိးေဆာင္ရြက္ႏုိင္မႈ ရႈေထာင့္ကၾကည့္မည္ဆိုလွ်င္ အရွင္ဗာကုလမေထရ္ရဲ့ အံ့ခ်ီးဖြယ္ရာေတြဟာ ပုဂၢလိကအရာ၀င္ျပီး၊ တသီးတသန္႔ ဆန္တာမုိ႔ အရွင္ဗာကုလမေထရ္ျမတ္ကုိ"သူေတာ္ေကာင္း"ဆုိတဲ့နာမ၀ိေသသနအစား "သူေတာစင္"ဆုိတဲ့ ေ၀ါဟာရနဲ႔ ပူေဇာ္ေစခ်င္ပါသည္။

❄️သီတဂူဆရာေတာ္ႏွင့္ ဆရာေတာ္ေတာ္၀င္ႏြယ္-အင္းဝ❄️ တရားေတာ္မွ